Part-11

7.9K 1.1K 31
                                    

အနားသို့တိုးကပ်ကာ ခပ်တိုးတိုးပင်ပြောလာသည့် Ri ၏စကားကြောင့် Singto မျက်ခုံးတို့အနည်းငယ်တော့ ပင့်တက်သွား ရသည်။

“ဘယ်လို-”

“ဟုတ်ကဲ့ P’Singto မနေ့ညကပဲ လူကြီးမင်းခန် အသတ်ခံလိုက်ရတာပါ။ နယ်က သူ့အပန်းဖြေအိမ်တော်ကို သွားတဲ့အချိန်မှာပဲ.။တရားခံမပေါ်ဘူး။ ဒါပေမယ့် ခန့်မှန်းရတာတော့ Hojo ဘက်ကလို့ထင်ပါတယ်.”

“အင်း သေချာလောက်နီးပါးဖြစ်နိုင်တယ်။ ဟိုတစ်ခါ Gozen နဲ့ ငါ တိုက်ခိုက်ပြီးတော့ သူတို့ကိစ္စက မအောင်မြင်လိုက်ဘူးမလား။”

“ဒါဆို Gozen ဖြစ်နိုင်လား P’Singto.”

“မပြောတတ်ဘူး။”

အိမ်ထဲမှ Aki ထွက်လာပြီဖြစ်တာကြောင့် ကားတံခါးနား မှာပင် စကားဆိုနေကြသည့် သူတို့နှစ်ယောက် စကားစပြတ်သွားသည်။ သူ့ကိုမြင်တော့ Aki က ရွှင်လန်းစွာ ပြုံးပြလာသည်။ခရမ်းရောင်ဖျော့ဖျော့ ရိုးရာဝတ်စုံဖြင့် Aki ကယောက်ျားလေးတန်မဲ့ ချော မော လှပလွန်းသည်။

“စောင့်နေတာကြာပြီလား Singto။ ကျွန်တော် မနေ့က အိပ်ရာဝင်တာနည်းနည်းနောက်ကျသွားလို့ မနက်ထတာ မဆိုစလောက်လေး နောက်ကျသွားတယ်.”

“ရပါတယ် ကျွန်တော်လည်း ခုမှရောက်တာပါ။ ခြေထောက်ရောသက်သာရဲ့လား”

အသက်ချင်းက ရွယ်တူမို့မနေ့ကတည်းက Aki က သူ့အား Singto ဟုခေါ်ခွင့်တောင်းဆိုထား
ပြီးသားဖြစ်သည်။လေလံပွဲက မနက်ဖြန်မှ စတင်မည်ဖြစ်ပေမယ့် ခြံဝန်းထဲတွင်တော့ လိုအပ်သည့် အခင်းအကျင်းများ အပြင်အဆင်များကို ဝန်ထမ်း များ ကလုပ်ဆောင်နေ ပြီဖြစ်သည်။ Aki ကတော့ ထွေထွေထူးထူးလုပ်စရာမရှိသည်ကြောင့် မြို့အတွင်း လိုက်ပြပေးဖို့လည်း တောင်းဆိုထားသည်။ ဓါးရှည်ထည့်သည့် လုံခြုံရေးသေတ္တာကိုတော့ဖြင့် Singto တို့က နံရံတွင်ကပ်မြှုပ်ဆောက်ထားပေးခြင်း ဖြစ်ပြီး အပြီးသတ်လျှို့ဝှက်ကုဒ်နံပါတ်တွေနှင့် ဒီဇိုင်းပိုင်းကိုတော့ဖြင့် Aki တို့က ယခင်လ ကတည်းက လာရောက် စီမံထား ခြင်း ဖြစ်သည်။

“ဘာမှမဖြစ်တော့ပါဘူးဗျ..ဒါဆို ကျွန်တော်တို့သွားရအောင်လေ.။”

နှစ်ပြည်ထောင်ချစ်ခရီးWhere stories live. Discover now