Part-29
ဆေးရုံကဆင်းလာတော့ ပထမဆုံးအနေဖြင့် သူ Hojo အိမ်တော်ကိုလာခဲ့လိုက်သည်။ မည်မျှပင် သူ့အပေါ် မကောင်းသည့်စိတ် ဖြင့်မွေးမြူခဲ့စေကာမူ Master Haruက သူ့အပေါ် နစ်နစ်နာနာ မရက်စက်ခဲ့ဖူးတာ Krist နားလည်သည်။ တစ်သက်လုံး အတူ နေလာခဲ့သည့် အကျိုးအနေဖြင့် Master Haru ၏ ဓါတ်ပုံရှေ့တွင် သူ ဦးညွှတ်ဂါရဝပြုခဲ့သည်။ Taira မှ ပြန်လွတ်လာ သည့် တချို့ကိုယ်ရံတော်တွေသည်လည်း တခြားစကားမဆိုရဲ။ Haru သည် မကျန်းမာ၍ သေဆုံးသွားခဲ့သည်ဟုပဲ သိထားကြ သည်။ နဂိုကတည်းက ပြင်ပနှင့်အထိအတွေ့နည်းသည်ကြောင့်လည်း Haru ကိုမကျန်းမာသူ ဟု တချို့ကလည်းထင်မြင်ကြ ပြီးသားမို့ အားလုံးအဆင်ပြေပါသည်။
“Krist.”
“အင်း မငိုနဲ့ Moko”
Moko သည် အသဲမာသည့်မိန်းကလေးဖြစ်စေကာမူ Krist ကိုမြင်တော့ ဝမ်းနည်းကာငိုသည်မို့ Krist အသာဖက်ကာနှစ်သိမ့်ပေး နေလိုက်သည်။ ခပ်လှမ်းလှမ်းက ရပ်နေသည့် Singto က တော့ Hojo အိမ်တော်ထဲစူးစမ်းနေ၏။
“Master ဆုံးတယ်လို့ကြားကြားချင်း ဟိုအကောင် Sarki က ပုန်ကန်ဖို့လုပ်လို့ ငါ သူ့ကို ဖမ်းချူပ်ထားတယ်.။ဘယ်အချိန်ကတည်း က ဒီကောင်ကြံနေတာလည်းမသိဘူး။ Master မျက်နှာကိုမှမထောက်.”
“Sarki က ဘယ်တော့မှစိတ်ဓါတ်ကောင်းလာမယ့်လူမျိုးမဟုတ်ဘူး။ခု Hojo ရဲ့ကိစ္စအဝဝကို နင်ပဲ စီစဉ်ရတော့မှာ Moko.။ နားလည်တယ်မလား ငါ Taira မှာ သွားနေရမှာ.”
Moko အသာပြုံးပြလိုက်သည်။ Taira ဟုဆိုချိန်တွင် Krist မျက်နှာလေး ကြည်လင်နေခဲ့သည်။ သူမ တကယ်စိတ်ရင်း ဖြင့်ဝမ်းသာ ပါသည်။krist က ချစ်ရသူနှင့်လည်းအတူရှိမည်။ ကာကွယ်ပေးမှုလည်းခံရမည်ဆိုတာ တွေးကြည့်လိုက်ရုံဖြင့်ပင် ဒီလူသားသည် သူမနှင့်ဖူးစာမဖက်ခဲ့သည်မှာ ကံကောင်းလွန်းလှသည်ဟုထင်မိသည်။ Moko က ကာကွယ်ခံချင်သူမဟုတ်။ ချစ်ရသူကို လုံလုံခြုံခြုံကာကွယ်ပေးထားချင်သူသာ။ သူမ သာဆို Krist ကို မစောင့်ရှောက်ပေးနိုင်ပေမယ့် Singto ကတော့ သေချာကာကွယ်ပေးနိုင်သည်ကို ယုံကြည်မိသည်။
“Krist ဟိုက ကိုယ်ရံတော်တွေနဲ့စကားနည်းနည်းပြောလိုက်ဦး။ နင့်ကိုစောင့်နေကြတာ.။မှာစရာရှိတာတွေမှာလိုက်.”

DU LIEST GERADE
နှစ်ပြည်ထောင်ချစ်ခရီး
Fanfiction#BOTH WITH ZAWGYI & UNICODE #COVER ARTIST -LucyXellies Artwork is mine and don't allow to reupload. နှလုံးသားက အဖြူစင်ခဲ့ဆုံးဆိုတာတော့ ယုံ---