Part-30 Final Part
မိသားစုထမင်းဝိုင်းသည် သခင်မကြီး၏ လက်တစ်ဖက်တည်းနှင့်ရှု့ပ်ယှက်ခတ်နေသည်။ krist ၏ ထမင်းပန်းကန်လုံးလေးထဲတွင် ဟင်းတွေက တောင်ပုံရာပုံ။ Tay က မကြည် ကြည့် ကြည့်နေသည်ကိုသခင်မကြီး အာရုံမရသလို သခင်ကြီး Yoka ၏သဘောကျနေသည့် အကြည့်တွေကိုလည်း မမြင်။
"များများစားပါ သား.။Mae က နောက် စားကောင်းတာတွေချက်ကျွေးဦးမှာမို့ များများစားပြီး အာဟာရရှိအောင်လုပ်ရမယ်နော်.။ဆေးရုံကဆင်းလာတာ အားရှိမှဖြစ်မှာ။"
"ဟုတ်ကဲ့.။ကျေးဇူးတင်ပါတယ် Mae."
ထိုသို့ခေါ်သံကြားတော့ သခင်မ ကပြုံးပျော်သွားသည်။ Krist အနေနှင့်လည်းမခေါ်နိုင်စရာအကြောင်းမရှိ။မွေးမိခင်ကို ဓါတ်ပုံလေး မှလွဲမမြင်ဖူးသည့်အခါ လက်ရှိသူ့ကို ကြင်နာသည့် သခင်ကို တွယ်တာပါသည်။ သခင်မ က စိတ်ရင်းနှင့်မှန်း သူ သေချာသိနေသလို ဒီလိုအမျိုးသမီးမျိုးနှင့်လက်ဆက်ခွင့်ရခဲ့သည့် ဖခင်ဖြစ်သူကလည်း ကံကောင်းသည်ဟု သူယူဆမိသည်။
"Mae ရေ.. Kan Tay ဆိုတဲ့ ကျွန်တော်က ဒီဘက်မှာနော်. Mae ရဲ့ သားငယ် ။"
"သြော် သားငယ်လေးလည်း စားလေ ရော့ ရော့"
"တော်ပါဗျာ.ခုမှ-"
ကလေးသဖွယ်မျက်မှောင်ကြုံ့တော့ အားလုံးကပြုံးကြသည်။ Tay တမင်ရစ်နေမှန်းသိကြ၏.။
"မင်းရဲ့ ဒီလိုပုံစံနဲ့ ဘယ်လိုလုပ်အိမ်ထောင်ပြုမလဲ Tay."
"Por ကျွန်တော်ပြောပြီးပြီနော် မယူဘူးလို့"
"တကယ်ပဲ ဒေါက်တာ New ကိုမယူချင်ဘူးပေါ့"
"မယူ-ဟမ် Por.."
သခင်ကြီးကို တအံ့တသြကြည့်လိုက်တော့ ရုပ်တည်ကြီးဖြင့် ထမင်းစားနေသည်ကိုသာတွေ့လိုက်ရသည်။ Tay သည် ချက်ချင်းဒူးတုပ်ထိုင်လျက် ခေါင်းအထပ်ထပ်ညွှတ်သည်။
"ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ် Por.. ခွင့်ပြုပေးလို့"
"ညနေပဲဖြစ်ဖြစ် အိမ်တော်လာလည်ခိုင်းလိုက်ပေါ့ ရင်းနှီးအောင်.။"
"ဟုတ်ကဲ့ Por ဒါပေမယ့်လေ Por တို့မျက်နှာလိုက်တာတော့လိုက်တာပဲနော်။အစတုန်းကတော့ကျွန်တော်ကိုမျိုးဆက်အတွက် ယောကျာ်းလေးချင်းသဘောမတူဘူးလေး ဘာလေးနဲ့ခု P'Krist က P'Sing နဲ့ကြိုက်တော့ Por က လက်ခံပေးတယ်။ အဲ့တော့ မလွှဲသာလို့ ကျွန်တော့်ကိုလည်းလက်ခံပေးတာမလား။ လွန်တာဗျာ"
YOU ARE READING
နှစ်ပြည်ထောင်ချစ်ခရီး
Fanfiction#BOTH WITH ZAWGYI & UNICODE #COVER ARTIST -LucyXellies Artwork is mine and don't allow to reupload. နှလုံးသားက အဖြူစင်ခဲ့ဆုံးဆိုတာတော့ ယုံ---