Part-4

10.5K 1.2K 43
                                    

Krist သည် အ၀တ်စဖြူလေးဖြင့်ကင်မရာကို အလုံးစုံသေချာအောင် ပွတ်သုတ်နေရင်း မိမိရှေ့ကထိုင်ခုံတွင် မျက်တောင်မခတ် စတမ်းကြည့်နေသည့် Tay ကို မော့မော့ပြုံးပြသည်။လက်နှစ်ဖက်ပိုက် ခြေချင်းချိတ်ကာ ဟန်ပါပါထိုင်နေသာ Taira ၏ သခင်လေး က နောက်ဆုံးတော့ သည်းမခံနိုင်တော့သည့်နှယ် ခြေချိတ်ထားသည်ကိုချလျက် တံတောင်ဆစ်နှစ်ခုက စားပွဲခုံပေါ် မှေးတင် ထောက်လာသည်။

“P’Krist ကို ကျွန်တော် တကယ်မေးနေတာပါဗျာ။ P’Sing နဲ့ချစ်သူဆိုတာ တကယ်ဟုတ်လို့လားဆို။ ကျွန်တော့်ကိုတော့မလိမ်နဲ့နော်.။P’Sing ကိုလည်း ပြန်မပြောဘူးလေနော်..ကျွန်တော်သိချင်ရုံလေးပါ”

“သြော် ခက်ပြီ။ကျွန်တော် ဘယ်လိုပြောမှ သခင်လေး ကယုံမှာလဲ.။သခင်လေးက P’Sing အနားမှာ တစ်ချိန်လုံးရှိနေတာမှ မဟုတ်ဘဲ။ ခရီးအထွက်များပြီး တစ်ချိန်လုံးအိမ်တော်ကိုပြန်မလာချင်လို့ပတ်ပုန်းနေတဲ့သခင်လေး က တစ်ကွက်တော့လွတ်ကောင်းလွတ်နိုင်မှာပေါ့”

“အာ-ကျွန်တော် ခရီးတစ်ချိန်လုံးထွက်နေတတ်တဲ့အကြောင်းအထိပါ P’Sing က ပြောပြတယ်လား။ ဟွန်း  ဒီ Yoshi တစ်ယောက်တော့ ငါ့ရဲ့လုံခြုံရေးကိုတောင် အပြင်ပေါက်ကြားစေတယ်ပေါ့”

“ကျွန်တော်က P’Sing အကြောင်း အမြဲဂရုထားနေလို့ သတိထားမိတာပါ။ P’ က ဘာမှမပြောပြပါဘူး။”

အမှန်တကယ်တော့ Tay သူ့ဆီရောက်လာမည်ဆိုတာ Krist ကြိုတင်ခန့်မှန်းမိသဖြင့် သတင်းတွေကိုချက်ချင်းပင်စုံစမ်းထား ခြင်းဖြစ်သည် ။ Taira အိမ်တော်၏ သခင်လေးကအမြဲအိမ်တွင်မရှိတတ်သည့်အကြောင်းကို အိမ်တော်က ဘယ်သောအခါက မှ ထုတ်ဖော်ပြသခြင်းမရှိ။ဖုံးကွယ်ထားတတ်သည်။ တခြားနေရာများတွင် ရောက်နေသည့် သခင်လေး၏လုံခြုံရေးကိုထည့်တွက် ကာ အိမ်တွင်ရှိနေသယောင်အမြဲပြုတတ်သည်။သို့ပေမယ့် စုံစမ်းသူက Krist ပေမို့ ကိစ္စက အသေးအမွှားလေးနှယ်။

“ဒါပေမယ့်-P’Sing က ယောကျာ်းလေးတစ်ယောက်နဲ့တွဲနေတယ်ဆိုတာ ယုံကိုမယုံနိုင်ဘူး။”

“တွဲနေတာမဟုတ်ပါဘူး ချစ်သူဖြစ်တာပါ။”

Krist က ကင်မရာကိုအသုတ်မပျက် ပြုံးပြီးဖြေတော့ Tay  က မျက်နှာမဲ့သည်။တကယ်ဟုတ်မဟုတ်တော့ မသိ။စကားလေးပင် အတင်မခံ။

နှစ်ပြည်ထောင်ချစ်ခရီးOnde histórias criam vida. Descubra agora