Part-20
စားသောက်ဆိုင်၏သီးသန့်ခန်းထဲတွင် သခင်ကြီး Yoka ၏ရှေ့ ထိုင်နေရသည့် New ၏ ပုံစံလေးသည် သနားစဖွယ် ဖြစ်သည်။နဂိုကမှ အနေအေးကာ သခင်ကြီးကိုလည်းကြောက်ရွံ့သည့်အလျောက် ယခုလိုနှစ်ယောက်တည်းတွေ့ဆုံရ ခြင်းတွင် မူ အကြောက်တရားက ပြောစရာမရှိတော့။
“ဘာလို့ခေါ်တွေ့လဲဆိုတာကိုတော့ မင်း လည်းသိမှာပါ New. မင်းရဲ့ဦးလေးက ငါတို့မိသားစုဆရာဝန်ကြီးမို့ ငါ လေးစားတယ်။အလေးပေးတယ်။ဒါပေမယ့် အဲ့ဒါက င့ါသားနဲ့ မင်း ကိုသဘောတူဖို့အတွက် အကြောင်းပြချက် မဟုတ်ဘူး။မင်း က မိန်းကလေးတစ်ယောက်ဆိုရင် ငါ ပြောစရာမရှိပေမယ့် ယောကျာ်းလေးဖြစ်နေတယ် New. အိမ်တော်ရဲ့ မျိုးဆက်ရှိမလာနိုင်တဲ့ ယောကျာ်းလေးတစ်ယောက်နဲ့ ဘယ်လိုလုပ် Tay ကို ငါပေးစားရမလဲ မင်းပြောကြည့်ပါဦး။”
အသံသည်အေးစက်လျက်တည်ငြိမ်သည်။လွှမ်းမိုးမှုတစ်မျိုးလည်းပါဝင်သည်။ အခါးရည်ပန်းကန်လုံးကိုအေးဆေးသက် သာစွာမလျက် ကြည့်လာပုံက သားကောင်ကို ညှင်းသတ်တော့မည့် မုဆိုးတစ်ဦးနှယ်။ သခင်ကြီးကို New ကြောက်ပါ သည်။ ဘယ်လောက်ပင်သဘောကောင်းကာ ဖော်ရွေသူဟုဆိုဆို Taira အိမ်တော်၏ခေါင်းဆောင်တစ်ဦးအနေနှင့် ပြတ်သားရက်စက်နိုင်မှုကိုလည်း သူသိထားသည်မို့ တကယ်ကြောက်ပါ၏။သို့ပေမယ့်လည်းလေ-----
“ကျွန်တော်-- Tay ကို--တ--တကယ်သဘောကျတာပါ။ မထိုက်တန်မှန်းသိပေမယ့်နားလည်ပေးဖို့တောင်းဆိုချင်ပါတယ် သခင်ကြီး။”
အချစ်အတွက် သူ ရဲဝံ့မိပါသည်။ပုံမှန်အေးဆေးသည့် ဘဝထဲ Tay က လက်လွတ်စပယ်အတင်းဝင်ရောက်လာပြီး ကိုယ်ကလည်းသူ့ကိုငြင်းဆန်နေခဲ့စေကာမူ တဖြည်းဖြည်းချစ်ခင်လာရသည့်အကြောင်းရင်းသည် ထိုသူသည် Tay ဖြစ်နေခြင်းကြောင့်သာ။
“အဓိပ္ပာယ်မရှိတာတွေ မပြောစမ်းနဲ့ New. ။အဆုံးထိပြောရရင် Tay နဲ့အဆက်အသွယ်ဖြတ်လိုက်။မင်း ဘက် ပြတ်သားလိုက်ရင် သူလည်း ဘာမှတတ်နိုင်မှာမဟုတ်ဘူး။ သူ့ကိုလက်လွတ်ပြီးမင်း ဘာသာအေးအေးဆေးဆေးနေထိုင်ပါ။ဒါဆို ငါနဲ့လည်း ထိတ်တိုက်တွေ့စရာအကြောင်းမရှိဘူး။ငါ ဒီလိုမျိုးတွေမပြောချင်ပါဘူး။ဒါပေမယ့် Tay ဖြစ်နေတယ်။ငါအများကြီးမျှော်မှန်းထားခဲ့တဲ့ငါ့သားဖြစ်နေတဲ့အတွက် ဖခင်တစ်ယောက်ဖြစ်တဲ့ငါ့အပေါ်နားလည်ပြီးလက်ခံစေချင်တယ်။”

ŞİMDİ OKUDUĞUN
နှစ်ပြည်ထောင်ချစ်ခရီး
Hayran Kurgu#BOTH WITH ZAWGYI & UNICODE #COVER ARTIST -LucyXellies Artwork is mine and don't allow to reupload. နှလုံးသားက အဖြူစင်ခဲ့ဆုံးဆိုတာတော့ ယုံ---