Part-19

7.4K 943 16
                                    

Part-19

သခင်ကြီး Yoka သည် ဆေးသားပြယ်လွင့်ချင်နေပြီဖြစ်သည့် ဓါတ်ပုံလေးကိုကြည့်ကာ သက်ပြင်းချသည်။ဓါတ်ပုံထဲတွင် ကီမိုနိုဝတ်အမျိုးသမီးတစ်ယောက်နှင့်သူ.။ငယ်စဉ်အခါမို့အပြုံးတွေက အစ ကြည်လင်လတ်ဆတ်နေခဲ့သည်။

“သခင်ကြီး . Terni ကိုသတိရနေပြန်ပြီလား.”

တည်ငြိမ်သည့်အသံရှင်ကြောင့်  သခင်ကြီးက ဓါတ်ပုံကို အံဆွဲထဲ ပြန်ထည့်လိုက်သည်။ အသာလှည့်ပြုံးပြလိုက်တော့ သခင်မကြီးသည် ငြိမ်းအေးသော အပြုံးဖြင့် ပြုံးပြနေသည်။

“စာအုပ်ရှာရင်းအမှတ်မထင်ပါ.။တွေ့တော့လည်း ကိုယ်”

“ရှင်းပြစရာမလိုပါဘူး သခင်ကြီး။ ကျွန်မ နားလည်ပါတယ်။ Terni က သခင်ကြီး ချစ်မြတ်နိုးခဲ့တဲ့အမျိုးသမီးဆိုတာ ကျွန်မ လက်ခံပေးနိုင်ပါတယ်ရှင်။”

သခင်မကြီးဒူးတုပ်ထိုင်နေသည့်စားပွဲပုရှေ့သို့ သခင်ကြီး Yoka ပါ လာထိုင်သည်။နားလည်မှုအပြည့်ဖြင့် ကြည့်နေသည့် သခင်မကြီး၏လက်တွေကိုဆုပ်ကိုင်လိုက်ကာ နှစ်နှစ်ကာကာ ပြုံးပြလိုက်သည်။

“Terni က ကိုယ့်ဘဝအတွက် အချစ်ဦးဖြစ်ခဲ့တယ်ဆိုရင် မင်းက ကိုယ့်ဘဝအတွက်အချစ်ဆုံးအရေးပါဆုံးပါပဲ Chika. မိဘတွေသဘောအရလက်ဆက်စေခဲ့ပေမယ့် နောက် ကိုယ်မင်းကိုချစ်လာတာ မင်းမြင်မှာပါ။စိတ်ဖြူစင်တဲ့မင်းရဲ့သဘောထားကို ဘယ်လိုမှလျစ်လျူရှုလို့မရဘူး။”

သခင်မကြီး Chika က နူးညံ့စွာပြုံးပြသည်။ တကယ်ပါပဲ။ Chika သည် သူ့ဘဝတွင် အလေးထားရသည့် မိန်းမကောင်းဖြစ် သည်။ ငယ်ချစ်ဦး  Terni နဲ့ချစ်ကြိုက်ခဲ့ကြပြီး နှစ်ကိုယ်တူဘဝတည်ဆောက်ချိန်တွင်မှ အက်ဆီးဒင့်ဖြင့် Terni ဆုံးပါးသွား ခဲ့သည်။ သူ့မိဘတွေကလည်း အနည်းငယ်ရဲတင်းသွက်လက်ကာ ပြောရဲဆိုရဲသည့် Terni ကို သိပ်ပြီးသဘော မတွေ့ကြ။ နောက်ပိုင်း နည်းနည်းကြာတော့မှ Chika နှင့်လက်ဆက်စေခဲ့ခြင်းဖြစ်သည်။ Taira ၏ ခေါင်းဆောင်နေရာကိုဆက်ခံရင်း အိမ်ထောင်ပြုခဲ့ရသည်။သို့ပေမယ့် Chika သည် သူ့အတွက်တော့ မိန်းမကောင်းတစ်ယောက်ဖြစ်၏။

“သခင်ကြီးနဲ့လက်ဆက်ခဲ့ရတာလည်း ကျွန်မအတွက် ပျော်ဖို့အကောင်းခဲ့ဆုံးပါပဲ။ အဲ့တုန်းက tenri သာ ကားဒက်ဆီးဒင့်မဖြစ်ခဲ့ဘဲခုထိသက်ရှိထင်ရှားရှိနေလို့ ကျွန်မကို ဒုတိယဇနီးအဖြစ် လက်ထပ်ယူမယ်ဆိုရင်တောင် ကျေနပ်ပါတယ်။”

နှစ်ပြည်ထောင်ချစ်ခရီးWhere stories live. Discover now