ကြီးမားကျယ်ပြန့်လှသည့် ခြံဝန်းကျယ်ကြီးထဲတွင် ဂျပန်ရိုးရာအိမ်ကြီးများက အဆောင်ဆောင်အခန်းခန်းသဖွယ် ပြည့်နှက် နေသည်။ ခြံဝန်းကျယ်၏အနောက်ဘက်မြေကွက်လပ်တွင်က တိုက်ခိုက်ရေးကိုလေ့လာသင်ကြားနေကြသည့် လူများရှိသည်။ ညာသံပေးကာ စိတ်ပါဝင်စားစွာ လေ့ကျင့်နေကြားသည်မှာ အားရစဖွယ်။
“ကျေနပ်ပါရဲ့လား P’Singto.”
လေ့ကျင့်ရေးခေါင်းဆောင် Ri က Singto ၏ ကျေနပ်နေဟန်မျက်နှာထားကြောင့် မေးမြန်းလိုက်ခြင်းပင်။
“အင်း ကောင်းပါတယ်။ဒီလိုညနေတိုင်းအမြဲသင်တန်းပေးလေ့ကျင်တာက ကျွန်တော်တို့Taira အတွက် ကောင်းကျိုးတွေချည်းပါပဲ”
Singto ထံမှ ချီးကျူးဟန်စကားကြားလိုက်ရသည့်အတွက် Ri ကျေနပ်သွားသည်။Taira Samurai Tribe ၏ Guardian ဒုတိယ ခေါင်းဆောင် Singto သည် ဆိုခဲစေမြဲခဲစေ ဆိုသည့်သူမျိုးဖြစ်သည်။ ထိုင်း-ဂျပန် ကပြားမျိုးနွယ်စု Taira တွင် အစဉ်အဆက် တာဝန်ထမ်းဆောင်လာသည့် Singto တို့ Guardian မျိုးနွယ်သည် Taira တွင် သစ္စာအစောင့်သိဆုံးဖြစ်ပြီး အရေးပေးခံရဆုံး လည်းဖြစ်သည်။
“သြော် P’Singto-ခုနကပဲ စကားပြောစက်ကနေ သခင်ကြီးကပြောလာတယ်။ သခင်လေး ထိုင်းကပြန်ရောက်တာ ပြန်မလာသေးဘဲ ZarGi ကလပ်တွေထဲ ခြေဆန့်နေတယ်လို့သတင်းရပါတယ်။သခင်ကြီးက P’Singto ကို သွားခေါ်လိုက်ပါတဲ့။”
“အင်း-Ri နဲ့ တချို့တွေခေါ်ခဲ့လိုက်.”
Ri က ခေါင်းညွှတ်အရိုအသေပေးရင်း လေ့ကျင့်ရေးကွင်းမှ ဦးစွာထွက်သွားသည့်နောက် Singto နောက်သို့ ငယ်သားအချို့ခေါ်လျက်ချက်ချင်းလိုက်လာခဲ့သည်။
“ဒီည အိမ်တော်မှာ သခင်လေးရဲ့ မွေးနေ့ပွဲရှိတယ်မလား။”
“ဟုတ်ကဲ့ P’Singto အဲ့ဒါကြောင့်သခင်ကြီးက P’Singto ကိုလွှတ်လိုက်တာ။လွန်ခဲ့တဲ့ရက်ပိုင်းက ငယ်သားတွေနဲ့ရှာခိုင်းပါသေးတယ်။”
“သူ ဒီအချိန်လောက်ဆို Zargi ရဲ့ နာမည်အကြီးဆုံးကလပ်မှာပဲဖြစ်လိမ့်မယ်။”
အနောက်ခန်းကနေ Singto ညွှန်ကြားသည့်အတိုင်း ရှေ့ပြေးသွားနေသည့် ပထမကားကို Ri က လှမ်းအကြောင်း ကြား လိုက်သည်။ သိပ်မကြာသောအချိန်အတွင်း Zargi ကလပ်သို့ရောက်ရှိလာ၏။ အပြင်ဘက်တွင် ညနေစောင်းစလည်းပြုနေပြီမို့ ကလပ်ရှေ့တွင် ကားများစွာရှိနေသည်။ အ၀င်ဝတွင် စစ်ဆေးခံရသည့်အခါ Singto ကိုမြင်တော့ အလိုအလျောက် လမ်းဖယ် ပေးကြသည်။ ဒီနေရာတွင် သခင်လေးကို လာရှာရသည်မှာ တစ်ခါနှစ်ခါမှ မကပါလေ။ ရှုပ်ယှက်နေသည့် လူများကြားတွင် သူတို့ တွေလူစုခွဲရှာကြသည်။

أنت تقرأ
နှစ်ပြည်ထောင်ချစ်ခရီး
أدب الهواة#BOTH WITH ZAWGYI & UNICODE #COVER ARTIST -LucyXellies Artwork is mine and don't allow to reupload. နှလုံးသားက အဖြူစင်ခဲ့ဆုံးဆိုတာတော့ ယုံ---