အသက် 23 နှစ်အရွယ်ကျွန်တော့်လို ကောင်လေးတစ်
ယောက်ကနေ့စဉ် ဒီရုံးခန်း ဒီစားပွဲ ဒီကွန်ပျူတာတစ်လုံးနဲ့ပဲ
ဖြတ်သန်းနေရတာ ကျွန်တော်ကသူ့ရဲ့အတွင်းရေးမှူးတစ်
ယောက်လေ သူ့အတွက်အလုပ်လုပ်ပေးနေရတာကိုသဘော
ကျတယ် သူဆိုတာ ဒီ Company ရဲ့ CEO ပါ သူနဲ့ကျွန်တော်
ချစ်သူအဖြစ်လက်တွဲလာတာ ၂ နှစ်ရှိနေပြီလေ
ကျွန်တော့်လိုဆင်းရဲတဲ့ကောင်လေးကို ဒီအခြေအနေထိ
ရောက်လာအောင် သူတွန်းပို့ပေးခဲတာ သူ့ကျေးဇူးကကျွန်
တော့်အပေါ်မှာအပြည့်ပဲ
" ရောက်လာပြီလား "
သူ့နာမည်က Zee ကျွန်တော့်ထပ်အသက်သုံးနှစ်ကြီးတယ်
သူကအရမ်းတော်တဲ့သူတစ်ယောက်ပါ
" အပြင်သွားရအောင် "
" CEO ကအခုမှရောက်တယ် အခုပဲအပြင်ထွက်တော့မှာ
လား "
" အင်း နေ့လညိစာစားချိန်ရောကိပြီလေ ဆိုင်ကောင်းကောင်းလေးတစ်ဆိုင်မှာ သွားစားရအောင် ဘာစားချင်လဲ "
Saint က Zee ကိုပြုံးပြီးကြည့်နေလိုက်တယ်
" ပင်လယ်စာတစ်ခုခုစားချင်တယ် "
" ဒါဆိုကိုသိတဲ့ ဆိုင်တစ်ဆိုင်ရှိတယိ သွားစားမယ် လာ "
အလုပ်ချိန်မှာတော့ ကျွန်တော်တို့ဆက်ဆံရေးက ပိုင်ရှင်နဲ့
ဝန်ထမ်းပေါ့ သူက Company တစ်ခုလုံးရဲ့ CEO ဆိုတော့
ကျွန်တော့်ကိုလူသိရှင်ကြား ချပြဖို့အဆင်မပြေတာကျွန်တော်
နားလည်ပါတယ်
" ဘယ်လိုလဲ ဒီဆိုင်ကကောင်းတယ်မလား "
" အငိး အရသာရှိတယ် ဒါနဲ့ ဒီနေ့ဘာလို့ရုံးလာနောက်ကျ
တာလဲ "
" Meeting တစ်ခုကြောင့်ပါ Company နှစိခုပူးပေါင်းမယ့်
ကိစ္စလေ Saint သိတယ်မလား အဲ့ဒါကို စိတ်ညစ်နေတာ "
" ဘာလို့စိတ်ညစ်ရတာလဲ "
" အဲ့ Company ရဲ့ဆက်ခံသူသားက နိုင်ငံခြားမှာနေလာ
တာ အခုသူကပြန်ရောက်တော့မယ် "
" သူနဲ့စိတ်ညစ်တာဘာဆိုင်လို့လဲ "
" သူကဆိုးတယ်တဲ့ အကိုနဲ့အဆင်ပြေမယ်မထင်ဘူး လုပငန်းကသူဦးစီးတော့မှာလေ မနက်ဖြန် သူ့ Company ကိုသွား
ပြီးလုပ်ငန်းဖိုင်တွေသွားပေးရမှာ "
" အော် ဒါဆို အကိုမသွားနဲ့လေ အဲ့လောက်ကတော့ကျွန်
တော်သွားပေးမှာပေါ့ ယုံကြည်တယ်မလား "
Zee က Saint ပါးကိုလက်နဲ့ဆွဲညှစ်လိုက်တယ်
" ချစ်ဖို့ကောင်းတဲ့ကောင်လေး ဒါဆို မနက်ဖြန် Saint ပဲသွားလိုက်နော် "
" ဟုတ်ကဲ့ "
Company ထဲကိုလမ်းလျှောက်ဝင်သွားပြီးတာနဲ့ ကောင်တာ
မှာကျွန်တော်ဖိုင်တွေကို အပ်ပေးခဲ့ဖို့မေးလိုက်တယ်
" ဒီမှာ ဒီ Company ကဥက္ကဌရဲ့သားရှိလား "
" အကိုလေးလား သူအခုရုံးချုပ်မှာမရှိပါဘူး "
ပေးလိုက်တဲ့ဖိုင်တွေကလည်း အရေးကြီးတယ် သူ့ကိုကိုယ်
တိုင်ပေးမှလည်းအဆင်ပြေမှာ
" ဒါဆို သူဘယ်တော့လောက်ပြန်လာမလဲ ကျွန်တော်သူ့ကို
ကိုယ်တိုင်ပေးမှလညိးဖြစ်မှာ အရေးကြီးလို့ပါ "
" ခဏလေးနော် သူ့အတွင်းရေးမှူးဆီဖုန်းဆကိပေးမယ် "
ဘာလို့လုပ်ငန်းဖိုင်ပေးဖို့ကို ဒီလိုတန်းနစ်ကွင်းကိုခေါ်ရတာလဲ
သူကတကယ်ပဲ P Zee ပြောသလိုလူ့ဂွစာများလား
မသိတော့ပါဘူး ကို့အလုပ်ကိုတာဝန်ကျေဖို့ကအရေးကြီးတယ် ဒါနဲ့ သူတို့ကဘယ်မှာလဲ
" ရှင်ကဖိုင်လာပေးတာလား "
အနောက်ကခေါ်သံကြောင့်လှညိ့ကြည့်လိုက်တော့ ကောင်မ
လေးချောချောလေးတစ်ယောက်ပဲ အဝတ်အစား ဆံပင်ကို
သပ်သပ်ရပ်ရပ်စည်းထားတာကိုကြည့်ရတာတော့ သူကဟိုလူရဲ့အတွင်းရေးမှူးပဲဖြစ်မယ်
" ဟုတ်ပါတယ် "
" ဒါဆို ကျွန်မကိုပေးခဲ့ပါ "
ကောင်မလေးကလက်ကမ်းပေးလိုက်ပေမယ့် Saint ကသူ့
လက်ထဲကဖိုင်ကိုပြန်သိမ်းထားလိုက်တယ်
" ဘာလုပ်တာလဲ "
" တောင်းပန်ပါတယ် ဒါကအရေးကြီးလုပ်ငန်းဖိုင်တွေပါ
ပိုင်ရှင်လက်ထဲရောက်တာမြင်ရမှ စိတ်ချလက်ချထားခဲ့လို့ရမှာပါ စိတ်မရှိပါနဲ့ "
" အကိုလေးက တန်းနစ်ကစားနေတယ် သူကစားနေတာ
ပြီးတဲ့အထိရှငိစောင့်မှရမယ် "
" ဟုတ်ကဲ့ စောင့်နိုင်ပါတယ် ကျွန်တော်တာဝန်အရပါ "
ကောင်မလေးနောက်ကိုကျွန်တော်လိုက်သွားခဲ့တယ်
" ဟိုမှာ အဲ့ဒါငါတို့ရဲ့ အကိုလေးပဲ "
Saint လက်ထဲကသေချာပိုက်ထားတဲ့ စာရွက်တွေကအောက်ကိုချက်ချင်းပြုတ်ကျသွားတယ် သူရှေ့မှာမြင်လိုက်ရတာ ခေါင်းစည်းပြီး အားကစားဝတ်စုံနဲ့ တန်းနစ်ကစားနေတဲ့
ကောင်လေးတစ်ယောက်
" ပြုတ်ကျကုန်ပြီ ဟေး " စာရွက်စာတမ်းတွေကိုပြန်မကောက်နိုင်ဘူး သူအဲ့ကောင်လေးကိုမှင်သက်ပြီးဆက်ကြည့်နေတုန်းပဲ
" ဒီမှာ " ကောင်မလေးရဲ့အော်သံကြောင့် သူသတိဝင်ပြီး
အနောက်ကိုလှည့်လိုက်တယ် သူ့မျက်ဝန်းကနေကျလာတဲ့
မျက်ရည်တွေကိုသုတ်လိုက်ပြီး ဘာတစ်ခွန်းမှမပြောဘဲထွက်
သွားခဲ့တယ်
" ဟေး ဟေး ဘာဖြစ်တာလဲ အရေးကြီးဖိုင်တွေကိုဒီတိုင်း
ထားခဲ့တယ် အော် အကိုလေး ကစားပြီးပြီလား "
" ခုနကလူတစ်ယောက်ထွက်ပြေးသွားတာတွေ့လိုက်တယ်
ဘယ်သူလဲ "
" အကိုလေးကိုလုပ်ငန်းဖိုင်တွေလာပို့တာ ဘယ်လိုလူလည်း
မသိဘူး အရေးကြီးလို့သူကိုယ်တိုင်ပေးချင်တယ် ပြောပြီးမှ
အကိုလေးကိုမြင်တာနဲ့ ထွက်ပြေးသွားတယ် "
Perth လည်းစာရွက်ဖိုင်တွေကိုစစ်ကြည့်လိုက်တယ်
" ငါ့ကိုတွေ့ပြီး ထွက်ပြေးသွားတာလား "
" ဟုတ်ကဲ့ "
" သူ့နာမည်ကဘယ်သူလဲ "
" နာမည်တော့မမေးထားလိုက်မိဘူး အသားဖြူဖြူ အရပ်
ရှည်ရှည်ပဲ ရုပ်လေးကလည်းတော်တော်ချောတယ် "
" အော် "
Perth ခဏကြာမှ ပြန်စဉ်းစားမိတယ်
" ဘာပြောလိုက်တာ အသားဖြူဖြူ ရုပ်ချောချောလေး "
" ဟုတ်ပါတယ် "
Perth ကဖိုင်တွေကိုအတွင်းရေးမှူးလက်ထဲထည့်ခဲ့ပြီး Saint
သွားတဲ့ဘက်ကိုအမြန်ပြေးလိုက်သွားခဲ့တယ်
နေရာတစ်ခုလုံးကိုရှာပေမယ့် မတွေ့တော့ဘူး သူထွက်သွား
တာကြာပြီကို
" မဖြစ်နိုင်ပါဘူး Saint မဖြစ်နိုင်ပါဘူး "
" အကိုလေး ပြေးတာမြန်လိုက်တာ ဘာဖြစ်လို့လဲ "
" အဲ့ Company ရဲ့ CEO Zee ရဲ့အတွင်းရေးမှူးလား "
" ဟုတ်ကဲ့ ဖြစ်ဖို့များပါတယ် "
" ငါတို့ညစာစားပွဲမှာ သူတို့ကိုဖိတ်ထားတယ်မလား ဘယ်
နေ့လဲ "
" သန်ဘက်ခါည ၆ နာရီပါ "
သန်ဘက်ခါ ည ၆ နာရီလား Saint သာမှန်ခဲ့မယ်ဆိုရင်ဒါက
မထင်ထားတဲ့ ကံတရားပဲ
Part 1 ( the end )