Part 14

1K 140 6
                                    

" အမေက မိခင်တစ်ယောက်ရောဟုတ်ရဲ့လား မိခင်တစ်
ယောက်မှာထားသင့်တဲ့ မေတ္တာဆိုတာမရှိဘူးလား "
" ရှိတယ် ငါ့သားအပေါ်မှာမေတ္တာစိတ်လွန်ကဲနေလို့ အဲ့
လိုယောကျာ်းလေးတစ်ယောက်နဲ့သဘောမတူနိုင်ဘူး Perth
မင်းနဲ့လက်ထပ်ရမယ့်သူက Ming ပဲဖြစ်ရမယ် "
" ကျွန်တော်တို့လက်ထပ်ဖို့အစီအစဉ်မရှိဘူး "
Perth ကသူ့အမေကိုဒေါသနဲ့ပြောပြီး လှည့်ထွက်သွားဖို့ပြန်
လှည့်လိုက်တယ်
" Perth နေဦး "
" ကျွန်တော်တို့ကြားမှာ ပြောစရာကျန်သေးလို့လား "
" အတိတ်ကိုပြန်လှည့်ဖို့မကြိုးစားနဲ့ မင်းအနာဂတ်မှာပဲ
အချစ်ကိုဆက်ရှာသင့်တယ် မင်းချစ်တဲ့သူကတစ်ခြားသူလက်
ထဲရောက်နေပြီ မင်းကဘာကိုပူဆွေးနေမှာလဲ "
Perth ကသူ့အမေကိုပြုံးပြလိုက်တယ်
" အဲ့ဒါကျွန်တော့်ကိစ္စပါ သွားခွင့်ပြုပါဦး ဥက္ကဌ "
လမ်းလျှောက်ရင်းနဲ့ သူ့ဖုန်းကိုထုတ်လိုက်တယ်
" Ming ငါတို့တွေ့ရအောင် "
Zee ကအလုပ်လုပ်နေရင်း Saint ကိုပဲကြည့်နေတော့ Saint
ကနေရထိုင်ရခက်လာတယ်
" P ကျွန်တော့်ကိုဘာလို့အဲ့လောက်ကြည့်နေတာလဲ
အလုပ်လုပ်လေ "
" အရင်လိုမင်းကရုံးခန်းမှာ အလုပ်မဆင်းတော့ ကိုကပဲ
မင်းရှိနေတဲ့နေရာကိုလိုက်ပြီးအလုပ်လုပ်ရတာပေါ့ ဒါပေမယ့်
မင်းကိုကြည့်မိပြန်ရင်လည်း အကိုအလုပ်လုပ်ရတာအားမရှိ
ဘူး မင်းကိုပဲကြည့်နေချင်တာ "
Zee ရဲ့ဟာသကတောင် Saint ကိုမပြုံးစေတော့ဘူး
" Saint ဘာဖြစ်လို့လဲ မျက်နှာလည်းမကောင်းဘူး "
" မဖြစ်ပါဘူး မနက်ဖြန်ပထမဆုံးအသံသွင်းရမယ်ဆိုတော့
စိတ်လှုပ်ရှားနေလို့ပါ "
" ကိုရှိနေမှာပဲကို ဘာမှစိတ်မပူနဲ့ "
" ဟုတ်ကဲ့ အကိုအလုပ်လုပ်လေ "
Ming နဲ့ Perth ကတိုက်ခန်းထဲမှာ ဝိုင်တစ်ခွက်စီနဲ့ထိုင်ပြီး
သောက်နေကြတယ်
" အများကြီးမသောက်နဲ့ဦး နင်နဲ့ကသိပ်တည့်တာလည်း
မဟုတ်ဘူး ဒါနဲ့ ဘာလို့အရေးတကြီးခေါ်တာလဲ "
" ဘာမှမဟုတ်ပါဘူး ငါအတူသောက်ချင်လို့ခေါ်လိုက်
တာ "
" ငါပြောခဲ့သားပဲ Zee လိုလူကသူလိုချင်တာရဖို့ဘာမဆို
လုပ်မှာပဲလို့လေ Perth နင်ဖြစ်ချင်တာကိုပြောလိုက် ငါ Zee ဆီသွားပြီး Saint ကိုပြန်ခေါ်လာရမလား "
" Ming အဲ့လိုလုပ်ဖို့မလိုဘူးလို့ငါပြောနေတယ်လေ
နင်နဲ့အဲ့ကောင်နဲ့ ပြန်ပတ်သတ်ဖို့မလိုဘူး ငါ့ကိစ္စကိုငါ့ဘာသာ
ဖြေရှငိးမယ် "
" နင်ဘယ်လိုဖြေရှငိးမှာလဲ Saint ကိုရှငိးပြရင်ငါနဲ့ Zee
အကြောင်းပြောမှနင်ရှငိးပြလို့ရမှာ အဲ့လိုမဖြေရှင်းဘဲသူနင့်ကို
ယုံမှာမဟုတ်ဘူးလေ အဲ့လိုသာပြသနာပြေလည်သွားရင် ငါက Ming ဆိုတာ Zee သိသွားလိမ့်မယ် "
Ming ကပြောနေရင်းနဲ့ကို မျက်ရည်တွေကျလာတော့ Perth
ကသူမလက်တွေကိုအနွေးထွေးဆုံးဆုပ်ကိုင်ပေးလ်ိုက်တယ်
        " Ming အဆင်ပြေသွားမှာပါ အားလုံးအဆင်ပြေသွား
မှာပါ ဒါကြောင့် နင်လည်းသူ့ဆီပြန်စရာမလိုအပ်ဘူး နင့်အ
ကြောင်းလည်းသူမသိစေရဘူး ငါကတိပေးပါတယ် "
Song Producer က Perth ပေးတဲ့သီချင်းနုတ်စ်ကိုကြည့်ပြီး
လက်ခုပ်တီးလိုက်တယ်
      " Wow ဥက္ကဌရဲ့သားမှာ ဒီလိုအရည်အချင်းကောင်းတွေ
ရှိနေမယ်မထင်ထားဘူး မင်းရဲ့သီချင်းကပြည့်စုံတယ် လုံးဝ
အချစ်တွေပြည့်နှက်နေတဲ့သီချင်းမျိုး လုံးဝမိုက်တယ် "
      " အဲ့သီချင်းက ကျွန်တော့်သူငယ်ချင်းနဲ့အတူရေးခဲ့တာပါ"
       " သူငယ်ချင်းလား ချစ်သူလား "
Producer ရဲ့စကားကြောင့် နှုတ်ခမ်းကိုရွဲ့တဲ့တဲ့ပြုံးလိုက်မိ
     " ဒါနဲ့ ဒီသီချင်းကိုလူသစ်လေးအတွက်တကယ်ပေးဖို့
လား နုမြောစရာပဲ "
     " ဘာနုမြောစရာရှိမှာလဲ ကျွန်တော်ကိုယ်တိုင်ရေးတဲ့သီ
ချင်းကို Company ကောင်းဖို့အသုံးချတာပဲလေ "
     " နာမည်ကြီးတစ်ယောက်လက်ထဲပေးတော့ ပိုကောင်း
တာပေါ့ အခုကတက်သစ်စကောင်လေးဆိုတော့ "
     " သူနာမည်ကြီးလာမှာပါ သေချာပါတယ် "
Ming ကကောင်တာမှာစာရွက်စာတမ်းဖိုင်တွေကို စစ်ဆေး
နေရင်းနဲ့ ရုတ်တရက်ကလေးတစ်ယောက်ငိုသံလိုလိုကိုကြား
လိ်ုက်မိတယ်
" ဘာအသံလဲ "
" ကလေးတစ်ယောက်ငိုသံလိုလိုပဲ အတွင်းရေးမှူး "
Entertainment ထဲမှာကလေးငိုသံကြားတော့ သွားလာနေတဲ့သူတွေကိုအနှောင့်အယှက်ဖြစ်စေတယ်လေ
" ကလေးကိုရှာပြီးအငိုတိတ်အောင်လုပ်လိုက် ဧည့်သည်
တွေနဲ့ "
" ဟုတ်ကဲ့ "
" နေဦး ငါပဲသွားရှာလိုက်မယ် "
အသက် ၈ နှစ်အရွယ်လောက်ကလေးလေးက ထိုင်ခုံတန်းလေးပေါ်မှာတစ်ယောက်ထဲငိုနေပါလား Ming ကကလေးရှေ့မှာဒူးလေးထောက်လိုက်တယ်
" ကလေး ဘာလို့ငိုနေတာလဲ သမီးမေမေရော ဘာလို့
တစ်ယောက်ထဲငိုနေတာလဲ "
ကလေးကလန့်ပြီး သူ့ကိုကြောက်နေရှာတယ်
" သမီးကကြောက်လို့လား မငိုနဲ့တော့နော် မမကမျက်
လှည့်တစ်ခုပြမယ် သေချာကြည့်နော် "
Ming ကအိတ်ကပ်ထဲကအကြွေစေ့လေးကိုထုတ်ပြီး သူ့လက်ထဲဖွက်ပြီးဆုပ်ကိုင်လိုက်တယ် ပြီးတော့ သူ့လက်သီး
ကိုလေနဲ့မှုတ်လိုက်တယ်
" သေချာကြည့်နော် ဟော အကြွေစေ့လေးဘယ်ရောက်
သွားပါလဲ "
လက်ကိုဖွင့်ပြလိုက်တော့အကြွေစေ့လေးက မရှိတော့ဘူး
သူ့လက်လေးနဲ့ကလေးဆံပင်လေးတွေကိုသက်လိုက်တော့
အကြွေစေ့လေးက သူ့လက်ထဲပြန်ရောက်လာတယ်
" Wow "
" သဘောကျလား ရော့ ဒါလေးယူထား "
" ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အော် မေမေ "
ကလေးကသူ့အမေဆီပြန်ပြေးသွားတော့ သူလည်းမတ်တပ်
ပြန်ရပ်လိုက်တယ်
" မင်းက ဘယ်သူလဲ "
မထင်မှတ်ဘဲ သူ့အရှေ့မှာ Zee ကရောက်နေတာပဲ
" ငါမေးနေတယ်လေ မင်းကဘယ်သူလဲလို့ "
ဒီကောင်မလေးကဘယ်သူလဲ အဲ့မျက်လှည့်ကငါကိုယ်တိုင်
Ming ကိုသင်ပေးခဲ့တာ ငယ်ငယ်တုနိးကသူအရမ်းငိုနေခဲ့လို့
သူ့ကိုပြခဲ့တဲ့မျက်လှည့်လေး အဲ့ဒါကိုဒီကောင်မလေးကဘယ်လိုသိနေတာလဲ
" Ming ဘာလို့အဲ့လောက်ငိုနေတာလဲ "
" ဖေဖေက ရိုက်တာကို "
Ming ကအကျယ်ကြီးအော်ငိုနေတော့ Zee လညိးဘာလုပ်ရ
မယ်မသိတော့ဘူး
" မငိုနဲ့တော့ အာ သိပြီ Ming ကိုကိုမျကိလှည့်ပြမယ်
လေ ကြည့်မလား "
ခုနက Ming လုပ်ပြတဲ့အတိုင်းပဲ Zee ကသူ့ကိုလုပ်ပြလိုက်
တယ်
" Wow ကိုကိုဘယ်လိုလုပ်တာလဲ "
" ကလေးမလေး အခုမှပဲအငိုတိတ်တော့တယ် "
" Ming ကိုသင်ပေးပါလား ဘယ်လိုလုပ်တာလဲ သင်ပေးပါနော် နော် "
" အငိးပါ မငိုတော့ဘူးဆိုသင်ပေးမယ် "
Ming ရဲ့အပြုံးကကျွန်တော့်အတွကိ ကမ္ဘာမှာအလှဆုံးအရာတစ်ခုဖြစ်ခဲ့တာ ငယ်ငယ်ထဲကပါ အခုသူမရှိတော့ဘူး သူသေ
ဆုံးသွားပြီ ဒါပေမယ့် ဘာလို့ဒီမိန်းကလေးကိုမြင်တိုင်း သူလို့ပဲ
တွေးနေမိတာလဲ
" ဒါကသီချင်းနုတ် ကြည့်လိုက်ဦး "
" ဟုတ်ကဲ့ "
Saint သီချင်းကိုကြည့်လိုက်တာနဲ့အရမ်းအံ့သြမိသွားတယ်
" ဒါက ဘယ်သူရေးထားတာလဲ "
" မိုက်တယ်မလား Perth ကိုသိမှာပါ သူရေးထားတာ
လေ မင်းအတွကိဆိုပြီးသူထားခဲ့တာ "
" အခု သူဘယ်မှာလဲ "
" ခုနကတင်ပြန်ထွက်သွားတာ မကြာသေးဘူး "
Saint ကအမြန်ပြေးထွက်သွားပြီး နေရာအနှံ့လိုက်ရှာခဲ့တယ်
Perth ကိုနေရာအနှံ့လိုက်ရှာခဲ့တယ်
သူဘယ်လိုမှတ်မိနေတာလဲ ဒီသီချင်းလေးကိုသူဘယ်လိုမှတ်
မိနေတာလဲ အချိန်တွေဒီလောက်ကြာတာတောင်သူဘာလို့
မှတ်မိနေရတာလဲ ဘာလို့လဲ ???? သူ့ကိုမုန်းချင်တိုင်းဘာလို့
မုန်းလို့မရနိုင်တာလဲ ??? ကျေးဇူးပြုပြီး အတိတ်ကိုပြန်တူးဆွ
တာကိုရပ်တန့်လိ်ုက်ပါတော့ Perth ..........
Part 14 ( the end )

Love is ( complete)Where stories live. Discover now