Part 8

1.1K 141 6
                                    

" မင်္ဂလာပါ ကျွန်မကဒီ Company အတွက်အသစ်ရောက်
လာတဲ့ အတွင်းရေးမှူးပါ "
Saint မဟုတ်တဲ့မိန်းကလေးတစ်ယောက်က Perth ကိုတလေးတစားပြောလိုက်တယ်
" နင်ကဘာလဲ အရင်ကောင်လေးကရော သူ့ကိုပြန်ခေါ် "
Ming ကကြားထဲကနေဝင်ဖြတ်ပြောလိုက်တယ်
" တွေ့ရတာဝမ်းသာပါတယ် အလုပ်တွဲလုပ်ကြတာပေါ့ "
" အကိုလေး "
" သူ့အတွက်နေရာပြပေးလိုက်ပါ "
Perth ကမျက်နှာမပျက်အေးအေးဆေးဆေးပဲပြောလိုက်တော့ Ming လည်းဆက်ပြီးမပြောတော့ဘူး
" ဟုတ်ကဲ့ ငါ့နောက်လိုက်ခဲ့ "
Saint ကတော့ Zee ဆီမှာအလုပ်ပြန်ဝင်ရတာပျော်နေတယ်
" Saint မနက်ဖြန် Perth နဲ့တွေ့ဆုံဖို့ရှိသေးတယ် ငါတို့
သန်ဘက်ခါလုပ်မယ့်ပွဲအတွက် မနက်ဖြန် Rehearsal ကိုသူ
လာကြည့်ဖို့ "
" ကျွန်တော်ပါရှိနေရမှာလား "
" ဒါပေါ့ ကိုသွားတဲ့နေရာတိုင်း မင်းပါမှဖြစ်မှာပေါ့ "
မတွေ့ချင်လို့ရှောင်ပုန်းနေလို့မှမရတာ တစ်ချိန်ချိန်ပြန်လည်
တွေ့ဆုံကြဦးမှာပဲ စိတ်ထဲမှာအရာအားလုံးက်ိုမေ့ထားလိုက်
ဖို့ပဲလိုပါတယ်
" ဟုတ်ကဲ့ "
ကားပေါ်ကနေ Perth နဲ့ Ming တို့အတူဆင်းလာကြတယ်
" အကိုလေး ကျွန်မဖိုင်တစ်ခုကျန်ခဲ့လို့ သွားယူလိုက်ဦး
မယ် ခဏလေးပါ "
" ရပါတယ် သွားပါ စောင့်နေမယ် "
Ming လည်းအလောတကြီးပြေးထွက်သွားရင်း လူတစ်ယောက်ကိုဝင်တိုက်မိသွားတယ်
" အား "
" အဆင်ပြေရဲ့လား ထလို့ဖြစ်ရဲ့လား "
သူတိုက်မိတဲ့သူကိုမော့ကြည့်လိုက်တော့မှ Zee ကိုတွေ့လိုက်ရတယ် Zee ကိုမြင်တာနဲ့သူ့ခေါင်းကိုအောက်ကိုပဲငုံ့ထား
လိုက်တယ်
" ဖြစ်ရဲ့လား ထလို့ရရဲ့လား "
" အော် မင်းကအတွင်းရေးမှူးမလား "
" Saint သိလို့လား "
" ဟုတ် သူက Perth ရဲ့အတွင်းရေးမှူးလေ ဖြစ်ရဲ့လား
ကျွန်တော်ထူပေးမယ် "
Perth က Zee ကိုမြင်လိုက်တာနဲ့ ပြေးလာခဲ့တယ်
" ဘာဖြစ်တာလဲ ဒါကျွန်တော့်အတွင်းရေးမှူးပါ "
Perth က Ming ကိုသူကိ်ုယ်တိုင်ပဲပြန်ထူပေးလိုက်တယ်
Saint ရဲ့အကြည့်အားလုံးကတော့ Perth ဆီမှာ
" ကျွန်မအဆင်ပြေပါတယ် တောင်းပန်ပါတယ် "
" နောက်ဆိုတစ်ယောက်ထဲမသွားနဲ့ ဖိုင်ကိုတစ်ယောက်
ယောက်ကိုယူခိုင်းလိုက် "
" Perth Rehearsal ကစတော့မယ် ကောင်မလေးကိုဂရု
စိုက်နေမှာလား အလုပ်ကိုလိုက်ကြည့်မှာလား "
Zee က Saint ရှေ့မှာမို့စကားကိုတမင်ရွဲ့ပြောလိုက်တယ်
Saint ရဲ့အကြည့်တွေကလည်း Perth ဆီကနေကိုမခွာနိုင်
တော့ဘူး
" အကိုလေးကအဲ့လိုပဲ သူကဝန်ထမ်းတိုင်းပေါ်ဂရုစိုက်
တတ်တယ် သွားကြည့်ရအောင် Rehearsal ဘယ်လောက်
ကောင်းအောင်လုပ်ထားလဲဆိုတာ "
Rehearsal မစခင် Saint နဲ့ Zee ကအတူတူထိုင်နေခဲ့တယ်
" Perth Tanapon ရဲ့ကောင်မလေးထင်တယ် သူတော်
တော်အလေးထားပုံပဲ သာမန်ဝန်ထမ်းကတော့အဲ့လောက်ထိ
ဂရုစိုက်မှာမဟုတ်ဘူး "
စကားတိုင်းကိုဖြည်းဖြည်းချင်းဆွဲပြောနေရင်းနဲ့ Saint မျက်နှာ
ကိုလှည့်လှည့်ကြည့်မိတယ် Saint မျက်နှာကတော်တော်ကို
ညိုးကျနေပြီ
" Saint သူတို့ရည်းစားတွေလား "
" ကျွန်တော် ကျွန်တော်မသိပါဘူး ရုံးမှာထဲကသူတို့ကိုလိုက်ကြည့်နေတာမဟုတ်ပါဘူး "
" ဟုတ်လား ကိုကတော့အဲ့လိုထင်နေမိတယ် "
Rehearsal ကိုလေးယောက်လုံးအတူထိုင်ကြည့်နေရင်းနဲ့
" ရပ်လိုက် " Perth ကမတ်တပ်ရပ်ပြီးတော့ ဂစ်တာနဲ့သီ
ချင်းဆိုနေတဲ့ကောင်လေးကိုအောက်ဆင်းလာဖို့လက်ပြလိုက်
တယ်
" အခုဘာလုပ်နေတာလဲ "
စတိတ်စင်ပေါ်ကကောင်လေးကအောက်ထပ်ကိုဆင်းပြီးသူတို့အနားကိုရောက်လာခဲ့တယ်
" မင်းလက်ပြ ငါပြောနေတယ်လေ လက်ပြလို့ "
" ဟုတ်ကဲ့ "
ကောင်လေးရဲ့ဂစ်တာတီးတဲ့လက်က အနည်းငယ်နီရဲပြီး
ယောင်နေတယ်
" မင်းဒဏ်ရာရထားတာပဲ ဆက်မတီးနဲ့လေ မဟုတ်ရင်
တစ်သက်လုံးမတီးနိုင်ဘဲဖြစ်သွားမယ် သွားတော့ အိမ်ပြန်ပြီး
ဆေးခန်းပြလိုက် "
" ဒါပေမယ့် "
" ဒီကအတွက်စိတ်မပူနဲ့ မင်းပဲအိမ်ပြန်လိုက်ပါ "
" ကျေးဇူးတင်ပါတယ် တကယ်ကျေးဇူးပါ "
ကောင်လေးထွက်သွားတော့ Zee ကစိတ်တိုပြီး Perth ကိုအော်လိုက်တယ်
" ဒါဘာလုပ်တာလဲ ပွဲကမနက်ဖြန် သူလက်နာလည်းတီး
လို့ဆိုလို့အဆင်ပြေနေတာကို ဘာလုပ်လိုက်တာလဲ ချက်ချင်း
ကြီးဘယ်လိုအဆိုတော်အသစ်ကိုရှာရမလဲ "
Perth ကရွဲ့ပြုံးပြုံးလိုက်ပြီး Saint လက်ကိုရုတ်တရက်ဖမ်း
ဆွဲပြီးစတိတ်စင်ပေါ်ခေါ်သွားလိုက်တယ်
" ဘာလုပ်တာလဲ လွှတ်ပါ လွှတ်လို့ပြောနေတယ် "
Ming ကစတိတ်စင်ပေါ်ကမီးရောင်ကိုလျော့ချလိုက်တယ်
Saint ကစတိတ်ပေါ်ရပ်နေတဲ့အချိန်မှာ စတိတ်ပတ်ပတ်လည်ကိုသူလိုက်ကြည့်နေမိတယ်
" Perth အခုဘာလုပ်နေတာလဲ "
" Zee မင်းအဖေရှေ့မှာပွဲမပျက်ချင်ဘူးမလား အဲ့ဒါဆို အဲ့
နေရာမှာခဏလောက်ငြိမ်နေလိုက် "
Saint က Perth ကိုမျက်စောင်းထိုးပြီးကြည့်လိုက်တယ်
" အခု ကျွန်တော့်ကိုဘာလုပ်ဖို့ကြိုးစားနေတာလဲ "
" Saint ဒါငါဖန်တီးတာမဟုတ်ဘူး မင်းအတွက်ဖန်လာတဲ့
ကံတရားပဲ မင်းကောင်းကောင်းအသုံးချသင့်တယ် "
Perth ကစင်အနောက်ကဂစ်တာကိုပြေးယူပြီးခုံပေါ်မှာထိုင်
လိုက်တယ်
" မင်းဖြစ်ချင်တာကိုလုပ်လိုက်ပါ မင်းရှေ့မှာမိုက်ရှိတယ်
မင်းရပ်နေဖို့စတိတ်စင်ရှိတယ် မင်းကိုအားပေးနေတဲ့သူတွေ
ရှိတယ် ပြီးတော့ မင်းဘေးမှာသံစဉ်ကိုတီးခတ်ပေးမယ့်ငါရှ်ိ
တယ် မင်းရဲ့အိမ်မက်မလား မင်းရဲ့အဖြစ်ချင်ဆုံးအိမ်မက်မ
လား "
လွန်ခဲ့သော ရ နှစ်........
" Perth ကျွန်တော်လေ အဆိုတော်အရမ်းဖြစ်ချင်တာပဲ
အဆိုတော်မဖြစ်ချင်ရင်တစ်ခါလောက်တော့ နားထောင်နေတဲ့
သူတွေကြားမှာသီချင်းဆိုချင်တယ် "
Perth တကယ်ပဲကျွန်တော်လိုချင်တာကိုလုပ်ပေးခဲ့တယ်
" Perth ဒါတွေကဘာလဲ "
ပန်းခြံထဲမှာ မိုက်စတန်းနှစ်လုံးနဲ့ ထိုင်ခုံလေးတွေကိုသေချာပြင်ဆင်ထားတယ်
" မင်းပဲသီချင်းဆိုချငိတယ်ဆို အတူဆိုရအောင် "
Perth ဂစ်တာကိုတီးလိုက်တာနဲ့ Saint ရဲ့သာယာဖွယ်အသံ
လေးကအလိုက်သင့်တွဲပါလာပြီးသားပဲ Perth ရဲ့အသံကလည်းသူ့ကိုအနောက်ကနေပံ့ပိုးပေးနေတော့ လူတွေကဖြည်း
ဖြညး်ချင်းများလာပြီးသူတို့သီချင်းလေးကိုနားထောင်ကြပြီး
အားပေးကြတယ် ဒီပျော်ရွှင်မှုကဘာနဲ့မှတန်ဖိုးမဖြတ်နိုင်ဘူး
" Perth တကယ်ကျေးဇူးတင်ပါတယ် "
" နေဦး နောက်တစ်ခါဆို မင်းစတိတ်အကြီးကြီးပေါ်မှာ
အကောင်းဆုံးရပ်တည်နိုင်အောင် လုပ်ပေးမယ် အဲ့ကျမှကျေး
ဇူးတင်တဲ့အနေနဲ့ အာဘွားပေး "
" Perth ကတော့ နောက်ပြန်ပြီ "
Perth အဲ့စကားတွေကိုအခုထိမှတ်ထားဆဲပဲ သူမှတ်မိနေဆဲပဲ ကျွန်တော်လည်းဘာကိုမှမတွေးနိုင်တော့ဘူး သူဂစ်တာစ
တီးလိုက်တာနဲ့ သီချင်းကိုဆိုလိုက်မိတယ်
Saint ဆီကအဲ့လိုအသံမျိုးထွက်လာတာကို Zee ကတအံ့တ
သြကြည့်နေမိတယ်
" မဖြစ်နိုင်တာ "
Saint ကဂစ်တာတီးနေတဲ့ Perth ကိုပဲကြည့်နေမိတယ် သီချင်းကလည်း အဆွေးသီချင်းလေးဆိုတော့ ခံစားချက်က
တိုက်ဆိုင်နေတယ် Perth ကိုငေးကြည့်ပြီးသီချင်းဆိုနေရင်းနဲ့
ကိုမျက်ရည်တွေကျလာမိတယ် ဘယ်နေရာကိုမှမကြည့်နိုင်
လောက်အောင် သူ့အကြည့်တွေက Perth ဆီကမခွာတော့ဘူး သီချင်းလေးဆုံးတဲ့အထိပေါ့
" အိမ်မက်တွေ တကယ်ဖြစ်လာနိုင်ပြီမလား နောက်ဆို
ဒီစတိတ်ကိုမင်းပိ်ုင်နိင်အောင်ငါက ဖြည့်ဆည့်ပေးမယ် "
အဲ့လိုအရင်ကအကြောင်းတွေမပြောပါနဲ့လား အဲ့လိုပြောလိုက်
တိုင်း Perth ကိုချစ်တဲ့အချစ်တွေကရင်ထဲကိုပြန်ရောက်လာ
နေလို့ပါ .................ကျေးဇူးပြုပြီး အတိတ်ကိုပြန်မပြောပါနဲ့
Part 8 ( the end )

Love is ( complete)Where stories live. Discover now