Part 4

1.2K 145 4
                                    

    Perth အမြဲပြောနေကြစကားတစ်ခွန်းရှိတယ် 
" Saint ကိုမင်းနဲ့အတူမနေချင်တာမဟုတ်ဘူး မင်းကိုမနမ်းချငိတာမဟုတ်ဘူး ဘာလို့လဲသိလား ကိုမင်းကိုတန်ဖိုးထားလို့ ကိုတန်ဖိုးထားတဲ့အရာကိုကိုယ်တိုင်ဖွင့်မကြည့်ချငိဘူး အဲ့ဒါဆိုတန်ဖိုးမဲ့သွားလိမ့်မယ် "  
   အဲ့ဒါ သူနဲ့ကျွန်တော်တို့လွန်ကျူးမလိုဖြစ်မိတဲ့အချိန်တိုင်း
သူ့ကိုသူရော ကျွန်တော့်ကိုရောနှစ်သိမ့်ဖို့ပြောနေကြစကား
တစ်ခွန်း
" ငါမင်းကိုချစ်တယ် " လို့ပြောတဲ့စကားတွေထက် အဲ့စကား
လေးကိုကျွန်တော် ရ နှစ်ကြာအောင်မမေ့နိုင်သေးဘူး 
P Zee ကကျွန်တော့် Shirt ကြယ်သီးတွေကိုနှစ်လုံးလောက်
ဆွဲဖြုတ်လိုက်တယ် ကျွန်တော်သတိမထားလိုက်မိဘူး
ကျွန်တော့်အတွေးတွေက ဘဝမှာတန်ဖိုးကြီးတဲ့စကားတစ်ခွန်းကိုရောက်သွားခဲ့တယ်
   " P "
ကြယ်သီးသုံးလုံးမြောက်မှာ P Zee လက်ကိုကျွန်တော်ဆုပ်
ကိုင်လိုက်တယ်
   " ကျွန်တော်ကတန်ဖိုးကြီးလား တန်ဖိုးမဲ့လား "
ကျွန်တော်မေးလိုက်တဲ့မေးခွန်းကို သူပြန်မဖြေနိုင်ဘဲခဏတာ
ကြည့်နေပြီးတော့မှ
   " တန်ဖိုးသိပ်ကြီးတာပေါ့ ဘာဖြစ်လို့လဲ "
  " ဒါဆို ကျွန်တော့်ပေါ်ကဖယ်ပေးပါ ကျွန်တော်က P အတွက်တန်ဖိုးကြီးတယ်ဆိုရင် ဖယ်ပေးပါ "
Saint ပါးပေါ်ကျလာတဲ့မျက်ရည်တွေကြောင့် Zee ကဖယ်
ပေးပြီးဘေးမှာပြန်ထိုင်လိုက်တယ်
   " ဘာလို့လဲ ကိုတို့တွဲလာတာနှစ်နှစ်ရှိပြီ ကို့မင်းကိုပိုင်ဆိုင်
ခွင့်မရှိဘူးလား "
   " ကျွန်တော်အကို့ကိုချစ်ပါတယ် ဒါပေမယ့် အကိုလည်း
ကျွန်တော့်ကိုရိုးရှင်းတဲ့အချစ်နဲ့ မချစ်ပေးနိုင်ဘူးလား "
   " Saint ကိုမင်းကိုဒီလိုလေးတောငိးဆိုမိတာ ဘာမှားသွား
လို့လဲ ကိုတို့ကချစ်သူတွေလေ အဲ့ဒါကိုဘာဖြစ်လို့လဲ "
Saint ကပြန်မဖြေဘဲ မျက်နှာသာလွှဲနေလိုက်တယ်
   " အင်းပါ ကိုမှားသွားတယ် အဲ့အတွက်တောင်းပန်ပါတယ်
ကိုပြန်တော့မယ် မနက်ကျရင်အလုပ်ကိုကောင်းကောင်းသွား
ပါ "
Zee ကသူ့ပစ္စည်းတွေကိုယူပြီး အခန်းထဲကထွက်သွားလိုက်
တယ်
ဘာလို့လဲ ဘာလို့ Perth ကိုမုန်းတီးနေပေမယ့် သူ့ကိုပဲသတိ
ရနေမိတာလဲ ငါ့စိတ်တွေဘာဖြစ်နေတာလဲ 
ဘာတွေပဲဖြစ်ဖြစ် အဲ့နေ့က Perth ကျွန်တော့်ကိုပစ်ထားခဲ့
တယ် သူလုပ်ရက်ခဲ့တယ် အဲ့အတွက်ဘယိတော့မှသူ့ကိုပြန်
ချစ်နိုင်မှာမဟုတ်ဘူး
    အလုပ်ကိုပုံမှန်တိုင်းပဲကျွန်တော်လာခဲ့တယ် အခန်းထဲဝင်
လိုက်တာနဲ့ အခန်းကသဘာဝအလင်းကိုမရဘဲမှောင်မိုက်နေ
သလိုပဲ Perth ကအလင်းရောင်ကြားမှာနေရတာကိုကြိုက်
တယ်ဆိုတာစိတ်ထဲကမမှတ်ထားလည်း မှတ်မိနေတယ်
  " ရောက်လာပြီလား "
   " နောက်ကျနေတာ တောင်းပန်ပါတယ် " ကျွန်တော်လည်း
ကာထားတဲ့လိုက်ကာနားသွားင်္ပြီး အသိမပေးဘဲဆွဲဖွင့်လိုက်
တယ် သူကအလင်းများတာကြိုက်လို့လေ
  " မဖွင့်နဲ့ " ရုတ်တရက်အော်လိုက်သံကြောင့်သူ့က်ိုလှည့်
ကြည့်လိုက်မိတယ် Perth ကသူ့မျက်နှာတစ်ပြင်လုံးကိုလက်
နဲ့ကာထားတယ် သူဘာဖြစ်တာလဲ
  " ပြန်ပိတ် ပြန်ပိတ်လိုက် " ထူးဆန်းလွန်းလို့သူ့ကိုကြည့်နေ
မိတယ် ဘာပြန်လုပ်ရမလဲကိုမသိလောကိအောင်အံ့သြမိလို့
လိုက်ကာကိုပြန်ပိတ်ဖို့ကိုမေ့နေမိတယ်
  " အကိုလေး " Perth ရဲ့အတွင်းရေးမှူးကအခန်းထဲပြေး
ဝင်လာပြီး လိုက်ကာကိုဆွဲပိတ်လိုက်တယ်
  " အကိုလေး အဆင်ပြေရဲ့လား "
  " ရတယ် ရတယ် ထွက်သွားကြ အားလုံးခဏထွက်သွား "
Perth ကြည့်ရတာခေါင်းအရမ်းမူးနေတဲ့ပုံပဲ သူ့ခေါင်းကိုစား
ပွဲခုံပေါ်မှောက်ထားလိုက်ပြီးအသက်ကိုပြင်းပြင်းရှူရှိုက်နေတယ်
   " Saint ကျွန်မနဲ့လိုက်ခဲ့ပါ "
အတွင်းရေးမှူးလေးက ကော်ဖီဆိုင်မှာထိုင်ပြီး ကျွန်တော့်အ
တွက်ကော်ဖီခွက်ကိုချပေးလိုက်တယ်
   " ရှငိ့ကိုသတိပေးထားစရာတွေရှိလာပြီ သေချာမှတ်ထားပါ
အကိုလေးက အလင်းရောင်စူးစူးကိုအရမ်းကြောက်တယ် သူ
အလင်းဒဏ်ကိုမခံနိုင်ဘူး "
   " ဘာလို့လဲ အဲ့ဒါဘာကြောင့်လဲ "
   " ဒါကတော့ သိချင်ရင်သူ့ကိုမေးတာအကောင်းဆုံးပါ ကျွန်
မမှာပြောပိုင်ခွင့်မရှိပါဘူး ပြီးတော့ သူ့နားမှာသီချင်းဖွင့်တာတို့
စူးစူးဝါးဝါးအသံတစ်ခုခုလုပ်တာမျိုး မဖြစ်ပါစေနဲ့ "
Saint ကခေါင်းကိုအတင်းစွတ်ခါလိုက်တယ်
   " မဟုတ်ဘူး သူက Perth Tanapon ရောဟုတ်ရဲ့လား
ကျွန်တော်သိခဲ့တဲ့သူက အလင်းရောင်များမှနေတတ်တဲ့သူ
သီချင်းတွေကိုနှစ်သက်တဲ့သူပါ "
    " ရ နှစိကြာခဲ့ပြီမလား လူဆိုတာပြောင်းလဲတတ်တယ် "
Saint ကကောင်မလေးကို သေချာစိုက်ကြည့်နေမိတယ်
    " မင်း မင်းဘယ်လိုသိတာလဲ Perth ပြောတာလား မင်းနာ
မည်ကိုတစ်ရုံးလုံးကတောင်မသိကြဘူးကြားတယ် မင်းကထူး
ဆန်းတယ်လို့လည်းကြားတယ် မင်းကဘာလဲ "
ကောင်မလေးကပြုံးပြီး မတ်တပ်ရပ်လိုက်တယ်
    " ကျွန်မက ဘယ်သူဖြစ်ရမှာလဲ Perth Tanapon ရဲ့အတွင်းရေးမှူးပေါ့ ဒါဆို ပြောစရာကုန်ပြီဆိုတော့သွားလိုက်ပါဦး
မယ် နောက်ဆိုအဲ့နှစ်ချက်ကိုသတိထားပေးပါ အန္တရာယ်များ
ပါတယ် "
Saint ကရုံးခန်းထဲကိုဖြည်းဖြည်းချင်းဝင်လာတယ် သူ့အမှား
ကြောငိ့ Perth တစ်ခုခုခံစားနေရတာကိုသိနေတော့ စိတ်မ
ကောင်းတော့ဖြစ်မိသား ဒါကြောင့် သူ့အနားကိုတောင်းပန်ဖို့သွားခဲ့တယ်
   " တောင်းပန်ပါတယ် မသိလိုက်လို့ " ရုတ်တရက် Perth ကထိုင်နေရင်းကျွန်တော့်ခါးကိုဆွဲဖက်ပြီး မှီထားလိုက်တယ်
   " အခု ဘာလုပ်တာလဲ မသင့်တော်ပါဘူး "
အတင်းရုန်းပေမယ့် သူကအားနဲ့ဆွဲဖကိထားတုန်းပဲ  
  " Saint ကိုခဏလောက်ပဲနေလို့မရဘူးလား ခဏလောက်ပဲ
မှီထားလို့မရနိုင်ဘူးလား အရင်လိုပြန်ဖြစ်လို့မရနိုင်တော့ဘူး
လား "
  " ကျွန်တော့်မှာ ပိုင်ရှင်ရှိပါတယ် "
Perth ကဖက်ထားတဲ့လက်ကို ဖယ်လိုက်ပြီးချက်ချင်းမက်
တပ်ရပ်လိုက်တယ်
  " ဘာပြောလိုက်တယ် Saint ကို့ကိုပြန်မတွဲနိုင်ဘူးဆိုလည်း
ရပါတယိ ဒါပေမယ့် "
   " Zee သူကကျွန်တော့်ချစ်သူပါ "
Perth ရဲ့မျက်ရည်တွေချက်ချင်းကျလာတာကိုမြင်လိုက်ရတယ် ဒါပေမယ့် သူ့ကိုမနှစ်သိမ့်ပေးနိုင်ဘူး
   " ဘာ မဖြစ်နိုင်တာ သူကငါ့ထက်ဘာသာလို့လဲ ပြောလေ
မင်းငါ့ကိုမစောင့်နိုင်ရအောင် သူကဘာသာလို့လဲ "
" ဘာကိုစောင့်ရမှာလဲ ဘယ်သူ့ကိုလဲ ထားခဲ့တဲ့လူတစ်
ယောက်ကိုဘာလို့စောင့်ရမှာလဲ ကျွန်တော်ကအရူးလား
Perth ဆိုတဲ့သူကိုစောင့်နေရအောင် "
Saint အကြည့်တွေကနာကျည်းမှုတွေအပြည့်နဲ့ပါလား သူဘယ်လောက်တောင်ကျွန်တော့ကိုမုန်းတီးနေခဲ့တာလဲ သူဘယ်လောက်တောင်ခံစားနေခဲ့တာလဲ
" Saint အဲ့နေ့က "
" တော်တော့ အရင်ကအကြောင်းဘာကိုမှနားမထောင်ချင်ဘူး အခု ကျွန်တော့်မှာချစ်သူရှိနေပါပြီ အားလုံးကိုမေ့
ထားပြီးအလုပ်ကိုပဲအာရုံစိုက်ကြရအောင် ဒီနေ့တော့ ရုံးဆင်း
ခွင့်ပေးပါ "
Saint ကလှညိ့ထွက်လာခဲ့တယ်
" ဘာလို့လဲ ဘာလို့အဲ့နေ့က မလာခဲ့လည်းဆိုတာမမေး
တာလဲ မမေးဘဲနဲ့ဘာလို့ မုန်းနေရတာလဲ "
" မသိချင်ပါဘူး ကျွန်တော့်ကို P Zee ကကယ်တင်ခဲ့တာ
သူ့ကိုပဲ ဆကိပြီးချစ်ချင်ပါတယ် "
Perth ကရီလိုက်တယ်
" ငါတို့မျက်လုံးချင်းဆုံပြီးစကားမပြောတာတောငိ မင်းလိမ်
နေတာကိုသိနေတယ် Saint မင်းမသိချင်လို့ငါမပြောတော့ဘူး ဒါပေမယ့် မင်းသိချင်တဲ့နေ့ကျရင် အဲ့နေ့ကဘာဖြစ်ခဲ့လဲဆိုတဲ့စကားလေးကိုကျိန်းသေမေးပေးပါ "
Saint ကသူ့ပါးပေါ်ကျလာတဲ့မျက်ရည်ကိုတောင် ဥပေက္ခာပြု
ပြီး Perth စကားသံတွေဆကိမကြားဖို့ထွက်သွားလိုက်တယ်
Part 4 ( the end )

Love is ( complete)Where stories live. Discover now