Part 3

1.2K 133 6
                                    

ရုံးခန်းထဲကိုတစ်ယောက်ယောက်ဝင်လာတိုင်း ကျွန်တော်
လှမ်းလှမ်းကြည့်နေမိတယ် Saint ကိုကျွန်တော်မျှော်နေခဲ့တာ
" မင်္ဂလာပါ " နောက်ဆုံးတော့သူရောက်လာခဲ့ပြီ
သူကအရင်အတိုင်း ချစ်ဖို့ကောင်းနေတုန်းပါပဲ ဒါပေမယ့် အရင်ထက်စာရင်တော့ သူကအေးစက်တဲ့ပုံပေါက်သွားပြီ
" မတွေ့ရတာကြာပြီနော် နေကောင်းတယ်မလား "
" ကျွန်တော်တို့မနေ့ကမှ တွေ့ဆုံခဲ့တာမဟုတ်ဘူးလား "
Saint ရဲ့စကားတွေကပြင်းထန်ပြီး ပြတ်သားလွန်းတယ်
" ဟုတ်သားပဲ အဲ့ဒါမင်းရဲ့စားပွဲ " Perth ကသူမြင်နိုင်
လောက်တဲ့နေရာမှာ Saint အတွက်စားပွဲကိုသီးသန့်လုပ်ထား
ပေးတယ် သူ့ကောင်လေးကိုအချိန်တိုင်းမြင်နေချင်မိတယ်
" ဟုတ်ကဲ့ "
" ခဏလေး "
" ခိုင်းစရာရှိလို့ပါလား ဘာကူညီပေးရမလဲ " အရင်ကဆုံ
ခဲ့ဖူးတဲ့သူလိုတောငိ ရင်းနှီးမှုကိုမပြခဲ့ဘူး ဝန်ထမ်းနဲ့သူဌေး
ဆက်ဆံရေးလို့ပဲ သူသတ်မှတ်ထားလိုက်တာလား
" Coffee "
" Coffee ဖျော်ပေးရမလား ခဏလေးစောင့်ပေးပါ " သူ
Coffee လို့ပဲပြောရသေးတယ် Saint ကဇွတ်ကြားဖျက်ပြော
လိုက်တယ်
" နေပါဦး ငါပြောချင်တာက Coffee အတူတူသောက်ရ
အောင်လို့ပြောမလို့ပါ "
Saint က Perth ကိုအကြာကြီးကြည့်နေပြီးမှ ပြုံးပြလိုက်တယ်
" တောင်းပန်ပါတယ် ကျွန်တော်ကအခုမှရုံးကိုအသစ်ဝင်
လာတာပါ သူဌေးနဲ့အတူတူ Coffee ထိုင်သောက်ရလောက်
အောင် အဆင့်အတန်းနိမ့်ပါးပါတယ် "
" ဝုန်း " ........ Perth ကသူ့စားပွဲကိုထုပြီးချက်ချင်းထိုင်ရာက
ထလိုက်တယ်
" Saint မင်း " သူစိတ်ထဲရှိရာကိုပြောချင်မိပေမယ့် ရ နှစ်
ကြာမှပြန်တွေ့ရတဲ့အတွက် Saint ရဲ့စိတ်ကိုနားလည်ပေးနိုင်
ဖို့မျိုသိပ်ထားခဲ့တယ်
" ဘာမှမဟုတ်တော့ဘူး Coffee လည်းဖျော်မနေနဲ့တော့
မင်းအလုပ်ကိုစလုပ်ပါ "
Saint ကသူ့ကိုဦးညွှတ်ပြီး သူ့စားပွဲမှာသွားထိုင်လိုက်တယ်
သူလိုချင်တာဒီအခြေအနေမဟုတ်ဘူး Saint ကသူ့ကိုတစ်ချက်တောင်လှည့်မကြည့်ခဲ့ဘူး အရင်ကထက်စာရင်သူအ
များကြီးပြောင်းလဲသွားခဲ့ပြီ
လွန်ခဲ့သော ရ နှစ်........
" Perthhhhhhhhhhh " စာရေးခုံမှာစာလုပ်နေတဲ့ကျွန်တော့်ကိုပခုံးနောက်ကနေသိုင်းဖက်ပြီးကပ်ချွဲနေတယ်
" ကိုစာလုပ်နေတာလေ အသက်ရှူတောင်ကျပ်လာပြီ "
Saint ကစူပုပ်ပုပ်မျကိနှာထားနဲ့ ဘေးကခုံမှာသွားထိုင်လိုက်
တယ် သူ့ကောင်လေးစိတ်ကောက်ပြီဆို Perth ကချက်ချင်းကိုသိနေတော့ ခုံလေးပေါ်မေးတင်ပြီးဒူးထောက်လိုက်တယ်
" Saint Saint စိတ်ကောက်တာလား "
" ဘာလဲ ဘာတွေလာပြောနေတာလဲ ကို့စာကိုသွားလုပ်ပါ "
" တကယ်စိတ်ကောက်တယ်ပေါ့ " Perth က Saint ပါးကို
နမ်းလိုက်တော့ Saint ကရှက်သွားတယ်
" ဟာ Perthနော် လူတွေအများကြီးရှိနေတာကို "
" ဘာဖြစ်လဲ တစ်ကျောင်းလုံးသိနေပြီးသားပဲကို "
အရင်က Saint ဆိုတာစိတ်ကောက်တတ်တဲ့ကလေးဆိုပေ
မယ့် သူ့ကိုချော့လိုက်တာနဲ့ပြုံးနေတဲ့ ကောင်လေးတစ်ယောက်ပါ အခုတော့ သူကစိတ်ကောက်တာမဟုတ်ဘူး စိတ်ဆိုး
တာလည်းမဟုတ်တော့ဘူး သူစိတ်ပျက်သွားတာ မုန်းတီး
သွားတာ အယုံကြည်ကင်းမဲ့သွားတာ
" အကိုလေးရှာခိုင်းထားတဲ့ဖိုင် လာပို့တာပါ "
" ကျေးဇူးပဲ " Perth ကဖိုင်ကိုဖွင့်မကြည့်ဘဲသူ့အံဆွဲထဲ
ထည့်ထားလိုက်တယ်
" Saint မင်းနေ့ခင်းနေ့လည် နားလိုက်ဦးလေ Tea Time
ကခဏနေရောက်တော့မှာ "
" ဟုတ်ကဲ့ လိုတာရှိလှမ်းခေါ်လိုက်ပါ " Saint ထွက်သွား
တော့မှသူ့အံဆွဲထဲက ဖိုင်ကိုပြန်ဖွင့်လိုက်တယ်
" ဘာတွေစုံစမ်းလို့ရလာလဲ "
" သူအခု တိုက်ခန်းမှာတစ်ယောက်ထဲနေနေပါတယ်
Capchi Entertainment ရဲ့ CEO Zee ရဲ့အတွင်းရေးမှူးအ
ဖြစ် အလုပ်လုပ်တာ သုံးနှစ်ပြည့်ပါတော့မယ် "
" သူဘာဘွဲ့လက်မှတ်ရထားတာလဲ "
" ထူးဆန်းပါတယ် သူအထက်တန်းပဲအောင်ထားတာပါ "
Perth ကသူ့အတွင်းရေးမှူးကိုတအံ့တသြမော့ကြည့်လိုက်တယ်
" စုံစမ်းလာတာသေချာရဲ့လား အထက်တန်းအောင်လက်
မှတ်ပဲရထားတဲ့သူက ဘယ်လိုလုပ်အဲ့လို Enter ရဲ့အတွင်း
ရေးမှူးဖြစ်လာမှာလဲ "
Perth ကစိတ်ဆိုးဆိုးနဲ့ လက်ထဲကဖိုင်ကိုစားပွဲပေါ်ရိုက်ချ
လိုက်တယ်
" ဟုတ်ကဲ့ သေချာစုံစမ်းခဲ့ပါတယ် "
" သူနဲ့ Zee ကြားမှာပတ်သတ်မှု တစ်ခုခုများရှိလို့လား "
" အဲ့လိုမျိုးကြားထားတာမရှိပါဘူး တစ်ရုံးဆီကစုံစမ်းရသ
လောက်တော့အဲ့လိုကိစ္စမျိုးမရှိပါဘူး "
Perth ကနောက်ဆုံလည်ခုံကိုမှီပြီး စဉ်းစားနေလိုက်တယ်
" အကိုလေး ဘာလို့သူ့ကိုပွင့်ပွင့်လင်းလင်းမမေးကြည့်တာ
လဲ သူနဲ့ Zee ပတ်သတ်မှုရှိမရှိဆိုတာ "
Perth ကမျက်လုံးတစ်စုံကိုမှိတ်ပြီး သက်ပြင်းချလိုက်တယ်
" ငါမမေးချင်ဘူး ငါမေးလိုက်လို့ သူ့ဘက်ကတစ်မျိုးထင်သွားရင် အခုလို ငါသူ့ကိုထိုင်ကြည့်မနေနိုင်မှာစိုးတယ် ဒီတိုင်းလေးနေလိုက်တာ သူ့ကိုအမြဲမြင်နေနိုင်တယ်လေ "
Saint ကကော်ဖီဆိုင်မှာ ကော်ဖီသောက်နေရင်းသူသတိထား
လိုက်မိတာက ဘာလို့သူ့ကိုရုံးဝန်ထမ်းတွေကဝိုင်းကြည့်နေ
တာလဲ ဖြတ်သွားဖြတ်လာလူတွေကဘာလို့သူ့ကိုဝိုင်းကြည့်နေတာလဲ
" အဲ့တစ်ယောက်လား " ကောင်မလေးတွေကစုပြီးအတင်း
တိုးကြည့်နေတဲ့အချိန် အနောက်ကနေအတွင်းရေးမှူးမလေး
ကရောက်လာခဲ့တယ်
" ဘာကြည့်နေတာလဲ " ရုံးမှာ မန်နေဂျာထက်တောင်သူမကဦးစားပေးခံရသူဆိုတော့ တစ်ရုံးလုံးကဝန်ထမ်းတွေက
ကြောက်ကြရတယ်
" မဟုတ်ပါဘူး ဒီတိုင်းထူးဆန်းလို့ကြည့်တာပါ "
" ဘာကထူးဆန်းတာလဲ "
" ထူးဆန်းတာပေါ့ ဒီလိုမျိုးအကူခေါ်စရာမလိုအောင် သူဌေး
ကအဖက်ဖက်မှာတော်ပြီးသားလေ ရုတ်တရက်ကြီးဆိုတော့
ဘာပတ်သတ်မှုရှိနေလို့လဲ ထူးဆန်းလို့ပါ "
" ဟဲ့ နင်ကသူဌေးအကြောင်းကိုအဲ့လိုပြောနေရအောင်နင်
ကဘာအဆင့်ရှိလို့လဲ သွား နောက်တစ်ခါထပ်တွေ့ရင်အလုပ်ပြုတ်မယ် "
အတွင်းရေးမှူးလေးကဆူလိုက်တာနဲ့ သူတို့ချက်ချင်းထွက်
သွားကြတယ်
ညနေငါးနာရီထိုးနေပေမယ့် အခုထိ Perth ကအလုပ်ရှုပ်နေဆဲ နာရီကိုသတိမထားမိဘူးထင်တယ် Saint လည်းနာရီကိုပဲ
ကြည့်နေလိုက်တော့တယ်
" တီ တီ " ဖုန်း Mes ကိုသူဖွင့်ကြည့်လိုက်တယ်
" Saint ရုံးဆင်းပြီမလား ကိုရုံးရှေ့မှာစောင့်နေတယ် "
Zee ကသူ့ကိုစောင့်နေကြောင်းစာပို့နေပြီ ဘယ်လိုလုပ်ရမလဲ
" Saint "
စဉ်းစားခန်းဖွင့်နေတုန်း Perth ရဲ့အသံကြားလိုက်လို့ လန့်ပြီး
ထလိုက်မိတယ်
" ဟုတ်ကဲ့ "
" ကိုမေ့နေတာ မင်းရုံးဆင်းချိန်ရောက်နေပြီပဲ ပြန်လိုက်
တော့လေ "
သူပြန်မယ်လို့ပြောခါနီးတင် Perth ကပြန်ခွင့်ပေးလိုက်တော့
သူထွက်သွားဖို့အခန်းတံခါးလော့ကိုဆွဲနေတဲ့အချိန်မှာပဲ
" Saint သတိထားသွားဦး အပြင်မှာမိုးပွားလေးတွေကျနေတယ် မင်းကခဏခဏဖျားတတ်တယ် "
Perth ရဲ့သတိပေးလိုက်တဲ့စကားသံက သူ့ရငိကိုပထမအကြိမ်လှုပ်ခတ်ပေးလိုက်တာပဲ ဒီလိုခံစားချက်ဆိုတာဘယ်လိုစာဖွဲ့ရမလဲ မုန်းနေတဲ့ကြားထဲကထွက်ပေါ်လာတဲ့အချစ်အပိုင်းအစလား
" Saint ဘယ်လိုလဲ အလုပ်သစ်မှာအဆင်ပြေခဲ့လား "
Saint က Zee နဲ့အတူသူ့တိုက်ခန်းမှာ ကော်ဖီသောက်နေခဲ့တယ်
" အင်း အဆင်ပြေပါတယ် P Zee ရော လူသစ်နဲ့အဆင်ပြေ
ရဲ့လား "
" မင်းမရှိတော့ ကိုကပျင်းနေတာပေါ့ လွမ်းလည်းလွမ်းတယ်
ခဏလေးတောင်မနေနိုင်ဘဲ ပြေးလာချင်တာ "
Saint ကပြုံးပြလိုက်တော့ Zee ကသူ့ကိုအကြာကြီးစိုက်
ကြည့်နေခဲ့တယ်
" Saint ကိုတို့တွေ ချစ်သူသက်တမ်း ၂ နှစ်ရှိနေပြီ တစ်ခုခု
ကိုမလုပ်ချင်ဘူးလား "
Zee ကသူ့ကိုကြောင်ကြည့်နေတဲ့ Saint ကိုနောက်ကဆိုဖာ
ပေါ်ဖြည်းဖြည်းချင်းတွန်းလှဲလိုက်တယ်
" ကိုအကြာကြီးမစောင့်ချင်တော့ဘူး ၂ နှစ်ဆိုတာကိုတို့အ
တူနေဖို့လုံလောက်ပြီထင်တယ် "
Part 3 ( the end )

Love is ( complete)Where stories live. Discover now