Part 17

1.1K 144 10
                                    

Saint လက်ကိုဆုပ်ကိုင်ပြီး ကျွန်တော်တို့ရဲ့တိုက်ခန်း
လေးဆီကို အတူဝင်လာနိုင်ခဲ့ပြီ
" Saint ထိုင်ဦးနော် ကိုကော်ဖီဖျော်ပေးမယ် "
Perth အထဲဝင်သွားတာနဲ့ တစ်ခန်းလုံးကိုမျက်လုံးလေးတွေ
နဲ့ပဲ ဝေ့ကြည့်လိုက်မိတယ် ဒီအခန်းလေးကအမှတ်တရတွေ
ပျော်စရာတွေအပြည့်ရှိနေသေးတယ် အရင်ကအငွေ့အသက်
တွေကလက်ဆတ်နေဆဲဆိုတာ အခုမှခံစားမိတော့တယ်
" Saint သောက်လေ " Saint ကကော်ဖီခွက်ကိုစားပွဲပေါ်
တင်လိုက်ပြီး သူ့ဘေးလာထိုင်တဲ့ Perth ရဲ့ခါးကိုဖက်ပြီးရင်ခွင်ထဲတိုးဝင်နေလိုက်တယ်
" ကျွန်တော်ဒီကိုလာတာ ကော်ဖီသောက်ဖို့မဟုတ်ပါဘူး
Perth ကိုဖက်ထားချင်လို့ ဒီအခန်းလေးထဲကအမှတ်တရတွေ
ကိုပြန်မြင်ယောင်ချင်လို့ ဒါကြောင့် ကျွန်တော့်ကိုဖက်ထားပေး
ပါ " ရင်ခွင်ထဲဝင်ပြီးကလေးလိုချွဲနေတဲ့ကောင်လေးကို ပြန်
ပြီးတင်းတင်းကြပ်ကြပ်ဖက်ထားလိုက်တယ်
" တောင်းပန်ပါတယ် Perth အခုမှပြန်ဝင်လာခဲ့မိလို့
တောင်းပန်ပါတယ် "
" Saint ကို့ကိုတောင်းပန်နေတာတွေရပ်လိုက်ပါတော့
ကိုအတိတ်ကိုထပိပြီးသတိရမနေချငိတော့ဘူး လက်ရှိကို့ရင်
ခွင်ထဲကလူအတွက်ပဲ ဆကိပြီးရှင်သန်ချငိတယ် "
" ဟုတိတယ် မပြောတော့ဘူး Perth အရမ်းပင်ပန်းနာ
ကျင်ခဲ့ရမှာ ထပ်မပြောတော့ဘူး "
" မင်းကလေ အရမ်းချစ်ဖို့ကောငိးတယ် "
Perth စကားလုံးတစ်လုံးဆီတိုင်းက Saint ကိုအပြုံးလေးတွေ
ဖန်တီးပေးစေတယ်
" ဒါနဲ့ ဒီမေးခွန်းမေးတာ Perth ကိုမယုံကြည်လို့မဟုတ်
ပါဘူး ဒါပေမယ့် ကျွန်တော်သိသင့်တယ်ထင်လို့မေးပါရစေ
Ming ဆိုတာက ဘယ်သူလဲ ဘယ်လိုပတ်သတ်ခဲ့တာလဲ "
" အဲ့နာမည်ကို Zee ဆီကကြားခဲ့တာလား အဲ့ညကသူ
မင်းကိုဘာတွေပြောခဲ့လို့မင်းကို့ကို ပြစ်ထားခဲ့တာလဲ "
Saint ကသက်ပြင်းချပြီးတော့မှ အကြောင်းစုံကိုပြောခဲ့တယ်
" Ming ပုံကိုကျွန်တော့်ကိုပြခဲ့တယ် သူက P Zee ရဲ့
ညီမဝမ်းကွဲလေးတဲ့ သူအရမ်းတွယ်တာခဲ့တဲ့ညီမလေးတစ်
ယောက်တဲ့ Ming က Perth နဲ့မိဘချင်းသဘောတူထားတယ်
ဆို လွန်ခဲ့တဲ့ ရ နှစ်ကဆိုရငိဘာလို့ကျွန်တော်မသိခဲ့တာလဲ
ကျွန်တော်ဘာမှမသိခဲ့ရဘူး "
လွန်ခဲ့သော ရ နှစ် ...........
" သမီး နှုတ်ဆက်လိုက်ဦးလေ "
Ming ကPerth ရဲ့အမေကိုလက်အုပ်ချီပြီးနှုတိဆက်လိုကိတယ်
" သမီးက Ming ပါ အန်တီ "
" Ming ကချစ်ဖို့ကောင်းသားပဲ ပထမဆုံးမြင်ဖူးတာပဲ
ပုံထဲကထပ်ပိုလှတယ် ဒါအန်တီ့သားလေ Perth တဲ့ "
Perth ကတော့ဘယ်သူ့ကိုမှမကြည့်ဘဲ မျက်နှာလွှဲနေခဲ့တယ်
" သားကအဲ့လိုပဲ သူကပိုရှက်တတ်တယ် အမေတို့လူ
ကြီးတွေစကားပြောလိုက်ဦးမယ် သမီးကိုပန်းခြံထဲမှာလမ်း
လျှောက်ရင်းလိုက်ပြလိုက်ဦး Perth သွားလေ "
Ming ကပန်းခြံထဲမှာ Perth နောက်ကတောက်လျှောက်ကပ်
လိုက်နေတာတောင် Perth ကသူ့ကိုတစ်ချက်မကြည့်ခဲ့ဘူး
" ဟေး ခဏနေပါဦး ရှင်ဘယ်လိုလူလဲ "
" ငါကဘာဖြစ်နေလို့လဲ "
" ကျွန်မကိုနည်းနည်းပါးပါးလည်းစောင့်ပါဦး ရှင်ကစွတ်
သွားနေတာပဲ မောလိုက်တာ "
Ming ကမျက်စောင်းတထိုးထိုးနဲ့ ဒါပေမယ့် သူမပုံစံကပွင့်လင်းပြီးချစ်ဖို့တော့ကောင်းသား
" ငါမင်းကိုရှင်းရှင်းပဲပြောမယ် ငါမင်းနဲ့လက်မထပ်နိုင်ဘူး
စေ့လည်းမစေ့စပ်နိုင်ဘူး "
Ming ကခေါင်းတညိမ့်ညိမ့်နဲ့
" အင်း လက်မထပ်နဲ့ပေါ့ ပိုတောင်ပျော်ဖို့ကောင်းသေး
တယ် ဟိုပန်းလေးလှလိုက်တာ ခူးလို့ရလား "
" နေဦး နေဦး မင်းတကယ်ပြောနေတာလား ခုနကတ
ကယ်ပြောတာလား "
" ဘာလို့ရှင့်ကိုနောက်ရမှာလဲ ဖယ်ပါ ပန်းခူးမယ်ဆို "
Ming ကအတင်းသွားဖို့လုပ်နေတော့ Perth ကသူမကိုပခုံးတွေကနေချုပ်ကိုင်ထားလိုက်တယ်
" ဒါဆို မင်းဘာလို့ဒီကိုလိုက်လာတာလဲ မင်းလက်မထပ်ချင်ဘဲနဲ့ "
" ဒီမှာ Perth Tanapon ကျွန်မကလေ အခုထိကလေးလို
နေရတာကိုပျော်နေတုနိး ကျွန်မအကိုဆိုအခုထိကလေးလေး
လိုအလိုလိုက်ထားတာ ကျွန်မလည်းယောကျာ်းယူပြီးအချုပ်
ခြယ်မခံချင်သေးပါဘူး ဒါပေမယ့် ရှင်ကကျွန်မအတွက်သူငယ်ချင်းကောင်းတစ်ယောက်များဖြစ်လာနိုင်မလားလို့လာ
ကြည့်တာ "
Perth ကရီလိုက်မိတယ်
" မင်းကတကယ်ကလေးပဲ မင်းအကိုတော့တော်တော်
ထိန်းရမယ့်ပုံပဲ စိတ်မပူပါနဲ့ ငါကသူငယ်ချင်းကောင်းတစ်
ယောက်တော့ဖြစ်နိုင်ပါတယ် "
ကျွန်တော်တို့နှစ်ယောက်ကတကယ်ကိုသူငယ်ချင်းတွေလိုရိုး
သားခဲ့ကြတယ်
" ဒါတွေကို ဘာလို့မပြောပြခဲ့တာလဲ "
" ကိုမပြောခဲ့ဘူးဆိုတာက မင်းကအရမ်းစိတ်ပူတတ်တဲ့
သူဆိုတာကိုသိနေတယ်လေ ပြီးတော့ ကိုကြိတ်ပြီးဖြေရှင်းနိုင်
တဲ့ကိစ္စသေးသေးလေးဆိုပြီးမပြောခဲ့ဘူး မင်းနဲ့ရှိနေတဲ့အချိန်
ဆိုကိုအားလုံးကိုပြစ်ချပြီးပျော်ပျော်ပဲနေချင်တာလေ "
" P Zee ကပြောတယ် သူ့ညီမလေးသေသွားထဲက
သူအရမ်းခံစားခဲ့ရတယ်တဲ့ Perth ဆီသွားတဲ့လမ်းမှာသေသွားတာတဲ့ ဒါပေမယ့် သူနဲ့ Perth ကားတိုက်ခံရတာအတူတူဆိုတာကို မသိခဲ့ရဘူး Perth ကိုသေချာမသိဘဲမုန်းခဲ့မိတယ်"
Perth က Saint ရဲ့လက်နှစ်ဖက်လုံးကိုဆုပ်ကိုင်ပြီးပြုံးပြ
လိုက်တယ်
" Saint ဆက်မတွေးပါနဲ့တော့ ကို့ကိုအခုယုံကြည်ရင်
နောက်လည်း ကို့လက်ကိုဆုပ်ကိုင်ပြီး ရဲရဲကြီးလိုက်ခဲ့ပေးပါ "
" ဟုတ်ကဲ့ Perth လက်ကိုမလွှတ်တမ်းကိုင်ထားပါ့မယ်
ထပ်ပြီးမလွှတ်ပေးနိုင်တော့ဘူး "
Perth ကကြမ်းပြင်ပေါ်မှာဒူးထောက်ချလိုက်ပြီး သူ့လက်ထဲကလက်စွပ်လေးတစ်ကွင်းကိုချွတ်ပြီး Saint ဆီကမ်းပေး
လိုက်တယ်
" ဒါလေးက ကိုနောက်တစ်ခါလက်ထပ်ခွင့်တောင်းရင်
ပေးဖို့ရည်ရွှယ်ခဲ့တာ အခုကို့ကိုလက်ခံပေးမယ်မလား ကိုတို့
အတူတူ လှပတဲ့ဘဝလေးကိုတည်ဆောက်ရအောင် "
Perth ကလက်စွပ်လေးဝတ်ပေးဖို့ုပြင်လိုက်ပေမယ့် Saint က
သူ့လက်ကိုပြန်သိမ်းလိုက်တယ်
" Saint ဘာဖြစ်တာလဲ ဘာလို့လက်မခံတာလဲ "
Saint ကခေါင်းအတင်းခါပြီး မျက်ရည်တွေပါစီးကျလာခဲ့တယ်
" ဒီလက်စွပ်ကိုလက်ခံဖို့ ကျွန်တော်ကမတန်ဘူး "
တုန်လှုပ်နေတဲ့ Saint ရဲ့လက်တွေကို Perth ကပြန်ပြီးဆုပ်
ကိုင်ပေးလိုက်တယ်
" Saint Saint ကို့ကိုကြည့် ကို့ကိုကြည့်ပါ "
" မတန်လို့ပါ ကျွန်တော်နဲ့မတန်လို့ပါ "
Saint ကသူ့ကိုမကြည့်ဘဲအတင်းငြင်းခါနေတော့ Perth က
သူ့ပါးတွေကိုကိုင်ပြီး မျက်နှာချင်းဆိုင်ပြီးသေချာကြည့်လိုက်
တယ် Perth ရဲ့အကြည့်တွေအောက်မှာသူမလှုပ်နိုင်အောင်
ငြိမ်ကျသွားခဲ့တယ်
" မင်းကမသန့်ရှင်းတော့ဘူးလို့ ပြောချင်တာလား ဟမ်"
" ဘယ်လို ဘယ်လိုသိတာလဲ "
Perth ကပြုံးကြည့်နေပြီးတော့မှ Saint နဖူးလေးကိုနမ်းလိုက်
တယ်
" ကို့ချစ်သူနဖူးကိုနမ်းတယ်ဆိုတာ တန်ဖိုးထားလို့တဲ့
မင်းသူများလက်ထဲမှာတန်ဖိုးမရှိတော့ဘူးဆိုရင်တောင် ကို့
လက်ထဲမှာတန်ဖိုးရှိတဲ့အရာတစ်ခုလို ဆယ်ဆယုယပေးမယ်
ဒီစကားက Perth Tanapon ရဲ့ Saint Suppapong အတွက်
ထားတဲ့တစ်ဘဝစာကတိပဲ "
Saint ရဲ့မျက်ရည်တွေကပိုပြီးစီးကျလာခဲ့တယ်
" တောငိးပန်ပါတယ် Perth "
သူ Perth ကိုလည်ပင်းကနေသိုင်းပြီးဖက်ကာရှိုက်ငိုခဲ့တယ်
" Saint "
Perth ကလက်စွပ်လေးကို Saint ရဲ့လက်ချောင်းလေးမှာဝတ်ပေးလိုက်တယ်
ပြွတ် ........ Saint ရဲ့လက်လေးကိုတယုတယနမ်းလိုက်တယ်
" သိပ်လှလွန်းတယ် အခုမှပိုင်ရှင်အစစ်လက်ထဲရောက်
တော့တယ် ကြည့်ပါဦး မင်းနဲ့အလိုက်ဖက်ဆုံးပဲ "
" ချစ်တယ် Perth ကိုအရမ်းချစ်တယ် "
" ကိုလည်းမင်းကိုအရမ်းချစ်တာပေါ့ ကောင်လေးရယ် "
Perth ကငိုကြွေးနေတဲ့ Saint ကိုသေချာဖက်ပြီးနှစ်သိမ့်ပေး
လိုက်တယ်
အချစ်ဆိုတာ သူ့ရဲ့ဖြစ်တည်မှုကိုချစ်တာမဟုတ်ဘူး သူ့ကိုပဲ
ချစ်တာ သူဘယ်လိုပဲဖြစ်နေပါစေ လူတိုင်းကပြစ်ပယ်ထားကြ
ပါစေ အဲ့လူတွေထက်အဆတစ်ရာကျွန်တော်ကပိုချစ်ပေးနိုင်
အောင်ကြိုးစားမယ် ..................
Part 17 ( the end )

Love is ( complete)Where stories live. Discover now