Part 7

1K 136 5
                                    

ညိမ့်ညောင်းတဲ့ တီးလုံးသံလေးအောက်မှာ ခံစားရလွန်းလို့မျက်ရည်တွေနဲ့အတူ အရက်တစ်ခွက်သောက်နေတဲ့
Perth
အတွေးတွေထဲမှာ သောက်လေ Saint ရဲ့ပုံရိပ်တွေကိုမြင်
ယောင်လာလေ အဲ့လိုမြင်ယောင်လာလေ မျက်ရည်တွေက
ကျလာလေပဲ
" Perth " ထိုင်သောက်နေတဲ့ဘားနားကို ပြေးလာခဲ့တဲ့
သူ့ရဲ့အတွင်းရေးမှူးကောင်မလေး
" Perth လား အကိုလေးလား အေးလေ အလုပ်ချိန်မှမ
ဟုတ်တော့တာ ထိုင်ပါဦး သောက်ပါဦး "
Perth ကဘေးကထိုင်ခုံကိုလက်ပြလိုက်တယ်
" ငါထိုင်ဖို့လာတာမဟုတ်ဘူး နင့်ကိုပြန်လာခေါ်တာ
လိုက်ခဲ့ " ကောင်မလေးက သူ့လက်ကိုဆွဲလိုက်ပေမယ့် Perth ကလွှတ်ချလိုက်တယ်
" ငါသောက်ချင်သေးတယ် ခဏလောက်သောက်ခွင့်ပေး
ပါ ငါကနင့်သူဌေးလေ နင်ငါခိုင်းတာလုပ်မှပေါ့ "
Perth သောက်မယ့်ခွက်ကိုကောင်မလေးကဆွဲယူလိုက်တယ်
" ဘာလုပ်တာလဲ "
" အခုချိန်ကအလုပ်ချိန်မဟုတ်ဘူး နင်ခွက်ပြန်လိုချင်တာ
လား ငါ့နာမည်ကိုခေါ်ပြော "
" Ming ငါ့ကိုပြန်ပေး "
Ming ကသက်ပြင်းချလိုက်ပြီး Perth ရဲ့အရက်ခွက်ကိုတစ်
ကျိုက်ထဲမော့သောက်လိုက်တယ်
" ဟဲ့ နင်ဘာလုပ်တာလဲ "
" ငါ့ကိုလွှတ်စမ်းပါ နင်သောက်မှာလား ငါလည်းလိုက်
သောက်မယ် "
Perth ကထပြီး Ming လက်ကိုအတင်းဆွဲပြီးကားပါကင်ကိုခေါ်သွားလိုက်တယ်
" ကားထဲဝင်တော့ အိမ်ပြန်မယ် "
Perth ကသူ့အိမ်မဟုတ်ဘဲ သူ့ရဲ့ကိုယ်ပိုင်ကွန်ဒိုတိုက်ခန်းကို
Ming နဲ့အတူဝင်လာခဲ့တယ်
" နင်ဘာတွေဖြစ်နေတာလဲ နင်လိုချင်ရင်ကြိုးစားရမယ်
လေ နင်သူ့ကိုပြန်လိုချင်ရင်ကြိုးစားရမှာပေါ့ ဒီအရက်တွေက
နင့်အတွက်မတည့်ဘူး မကောင်းဘူးဆိုတာနင်နားမလည်
ဘူးလား "
" ငါ့မှာအခွင့်အရေးမရှိတော့ဘူး Saint က Zee နဲ့ပတ်သတ်နေတယ် ငါ့အတွက်အခွင့်အရေးကမရှိတော့ဘူး ငါမထင်
ထားခဲ့ဘူး Saint ကသူနဲ့ပတ်သတ်နေမယ်ဆိုတာကို "
စိတ်ဓာတ်အင်အားတွေကျဆင်းနေတဲ့ Perth ကိုကြည့်ပြီး
Ming လည်းငိုချလိုက်တယ်
" Perth နင်အရမ်းစိတ်ဓာတ်ကျနေလား အရမ်းခံစားနေရ
လား ဒါဆိုလည်း ငါ Saint နဲ့ Zee ဆီသွားမယ် ငါအားလုံးကို
သွားပြောလိုက်တော့မယ် "
တံခါးဝဆီကိုပြေးထွက်သွားတဲ့ Ming နောက်ကိုလိုက်ပြီးဖမ်း
ချုပ်ထားလိုက်တယ်
" ငါ့ကိုလွှတ်ပါ လွှတ်ပါ ငါသွားပါရစေ အားလုံးကငါ့ကြောင့်
ဖြစ်လာတာ ငါပဲရှင်းရမယ် "
" Ming Ming မသွားပါနဲ့ "
Ming ကအတင်းရုန်းကန်နေတော့ သူအားနဲ့မလှုပ်နိုင်အောင်
သူ့ဘက်ကိုဆွဲလှည့်ပြီး ဖက်ထားလိုက်တယ်
" Ming ငါပြောတာနားထောင်ပါ အချိန်တန်ရင်အားလုံးအ
ဆငိပြေသွားလိမ့်မယ် အဲ့လောက်မလိုဘူး နင်တစ်ခုခုဖြစ်
သွားမှာငါမလိုချင်ဘူး ဒါကြောင့် ငါ့ကိုချစ်ရင်ငါ့စကားနား
ထောင်ပါဟာ "
သူဖက်ထားရင်း ရင်ခွင်ထဲမှာငိုနေတဲ့ Ming ကိုကျောပြင်လေး
ပွတ်သပ်ပြီးနှစ်သိမ့်ပေးလိုက်တယ်
ကျွန်မတို့စပြီးမတွေ့ဆုံခဲ့သင့်ဘူး Perth Saint Zee Ming
ဆိုတာလုံးဝက်ိုမတွေ့ဆုံခဲ့သင့်ဘူး
" Perth ငါတို့တကယ်ပဲ ဒီတိုင်းဆက်နေကြမှာလား "
" ထပ်မပြောနဲ့တော့ စိတ်ငြိမ်အောင်ဒါလေးသောက်လိုက်"
ဆိုဖာပေါ်မှာ ထိုင်နေတဲ့ Ming ဆီကော်ဖီခွက်ကိုကမ်းပေး
လိုက်တယ်
" ငါတို့ Saint ကိုအားလုံးပြောပြရအောင် "
Perth ကချက်ချင်းပဲ Ming ရဲ့ပေါင်ပေါ်မှာလှဲချလိုက်တယ်
" Perth "
" Ming ငါခုနထဲကပြောထားတယ်မလား ငါ Saint ကို
လည်းမစွန့်လွှတ်နိုင်သလို နင့်ကိုလည်းမစွန့်လွှတ်နိုင်ဘူး အဲ့
အတွက် အကောင်းဆုံးလမ်းကိုငါကိ်ုယ်တိုင်ရှာမယ် "
" Perth နင့်ချစ်သူကိုနင်အရမ်းပြန်လိုချင်တယ်မလား "
" အင်း ဒါပေမယ့် ငါအတင်းအကြပ်မရယူချင်ဘူး သူငါ့ကို
လိုအပ်လာတဲ့တစ်နေ့ ငါ့ကိုနားလည်နိုင်မယ့်တစ်နေ့ကျရင်
ငါသူ့ကိုပြန်လက်မလွှတ်တော့ဘူး "
" အဲ့နေ့လေး ရောက်လာမှာပါ ငါတောင်းပန်ပါတယ် အား
လုံးကငါ့ကြောင့်ပါ "
" ဆက်မပြောပါနဲ့တော့ အားလုံးကကံတရားကြောင့်ဖြစ်
လာတာပါ ငါပင်ပန်းနေတယ် ခဏလောက်အိပ်ပျော်သွားရင်
ကောင်းမှာပဲ "
Ming ကသူ့ပေါင်ပေါ်မှာလှဲအိပ်နေတဲ့ Perth ရဲ့ဆံသားလေး
တွေကိုပွတ်သပ်ပေးလိုက်တယ်
" Saint ဘယ်လိုရောက်လာတာလဲ ကို့ကိုဖုန်းလည်းကြိုမ
ဆက်ဘူး "
" အထဲဝင်လာလို့ရမလား "
" ခွင့်တောင်းနေရသေးလား လာလေ "
Zee က Saint လက်ကိုဆွဲပြီး အိမ်ထဲခေါ်သွားလိုက်တယ်
" ဘာ Perth နဲ့အလုပ်တွဲမလုပ်ချင်တော့ဘူးလို့ပြောတာ
လား ဘာလို့လဲ ဘာတွေအဆင်မပြေတာရှိလို့လဲ "
" မဟုတ်ပါဘူး ဒီတိုင်း အကိုနဲ့အတူလုပ်ချင်လို့ပါ "
Saint က Zee ရဲ့ပခုံးပေါ်ကိုမှီလိုက်တယ်
" ကျွန်တော့်ဆန္ဒလေးကိုလိုက်လျောပေးပါလား "
" ကို့ကိုလွမ်းမိလို့လား အင်းပါ ကိုစီစဉ်ပေးမယ် မင်းဖြစ်ချင်
တာကိုစီစဉ်ပေးမယ်နော် "
P Zee ကအမြဲကျွန်တော့်ကိုဖြည့်ဆည်းပေးတတ်တဲ့သူတစ်
ယောက်ပါ သူ့ကိုအရမ်းကျေးဇူးတင်မိတယ်
" ကျေးဇူးတင်ပါတယ် အကို "
Zee ကသူ့ကိုဝမ်းသာဖွယ်မျက်နှာထားလေးနဲ့ကြည့်နေတဲ့
Saint ရဲ့ပါးလေးကိုကိုင်လိုက်တော့ Saint ကပြုံးနေရာကနေ
ကြောင်ပြီးကြည့်နေမိတယ်
Zee ရဲ့မျက်နှာက Saint နားကိုဖြည်းဖြည်းချင်းကပ်လာတော့
Saint ကသူ့ခေါင်းကိုရှောင်လွှဲလိုက်တယ်
" Saint "
" တောင်းပန်ပါတယ် အကို ကျွန်တော်ဒီနေ့နည်းနညိးပင်
ပန်းလာလို့ပါ "
" ဟုတ်လား မင်းမျက်နှာလေးအရင်လိုလန်းလန်းဆန်း
ဆန်းမရှိတာတော့ကိုသတိထားမိပါတယ် "
" ဟုတ်တယ် ကျွန်တော်ပင်ပန်းနေလို့အိမ်ပြန်နားလိုက်ဦး
မယ် "
" ကိုလိုက်ပို့ပေးမယ်လေ "
" ရပါတယ် ကျွန်တော်ကားယူလာတယ် ပြန်တော့မယ်
နော် မနက်ကျရင်တွေ့ကြမယ် "
Saint ထွက်သွားတာနဲ့ Zee ကသူ့အခန်းထဲကလျို့ဝှက်လုပ်
ထားတဲ့အခန်းကျဉ်းလေးထဲကို ဝင်သွားလိုက်တယ်
နံရံပေါ်မှာ Perth နဲ့ Saint ရဲ့ကျောင်းသားဘဝတုန်းကဓာတ်
ပုံနဲ့ ကောင်မလေးတစ်ယောက်ရဲ့ဓာတ်ပုံကိုဘေးချင်းကပ်
ထားတယ်
" Perth မင်းငါ့ကောင်မလေးကိုလုယူသွားသလို မင်း
ကောင်လေးလည်းငါ့အပိုင်ပဲဖြစ်စေရမယ် မင်းဘယ်တော့မှ
သူ့ကိုပြန်မရစေရဘူး ကို့ချစ်သူကိုဆုံးရှုံးလိုက်ရတဲ့ခံစားချက်
ကိုမင်းကောင်းကောင်းကြီးခံစားစေရမယ် "
Perth ကအိပ်နေရင်းနဲ့ ယောင်ပြီးထအော်နေခဲ့တယ်
" မဟုတ်ဘူး မဟုတ်ဘူး အား "
" Perth Perth Perth " Ming လှုပ်နိုးလိုက်တော့မှ သူ
နိုးထလာခဲ့တယ်
" အဆငိပြေရဲ့လား Perth ငါမေးတာဖြေလေ အဆင်ပြေ
ရဲ့လားလို့ "
မျက်နှာတစ်ပြင်လုံးလည်းချွေးတွေအပြည့်နဲ့ သူ့တစ်ကိုယ်လုံး
လည်းအေးစက်ပြီးတုန်လှုပ်နေခဲ့တယ်
" Saint Saint ကိုအိမ်မက်မက်တယ် သူ သူအဆင်ပြေ
မှာပါနော် "
Ming ကသူ့မျက်နှာကချွေးတွေကိုလက်နဲ့သုတ်ပေးလိုက်တယ်
" နင်အစိုးရိမ်လွန်နေတာပါ သူဘာမှမဖြစ်ပါဘူး အိမ်မက်
ဆိုးမက်နေတာပါ ငါရှိနေတယ် ခဏလောက်စိတ်ကိုအနား
ပေးပြီးအိပ်လိုက်နော် ပြန်အိပ်လိုက်ပါ "
Perth လည်းအသက်ကိုဝအောင်ရှူပြီး မျက်လုံးကိုပြန်မှိတ်
ထားလိုက်တယ်
ကျွန်မတို့လေးယောက်လုံးမှာ ဘယ်သူကပိုနာကျင်ရလဲလို့
မေးခဲ့ရင် အနာကျင်ဆုံး အခံစားရဆုံးက Perth ပဲဖြစ်ပါလိမ့်
မယ် ရ နှစ်ဆိုတဲ့အချိန်ကာလမှာသူတစ်ချိန်မှမအေးချမ်းခဲ့ဘူး
သူ့ဘဝကြီးကညဘက်အိပ်ရင်တောင် အိမ်မက်ဆိုးတွေနဲ့
အေးချမ်းစွာမအိပ်စက်နိုင်တဲ့သူတစ်ယောက်ပါ အမြဲတမ်း
မျက်ရည်တွေနဲ့ရှင်သန်နေခဲ့တဲ့ သူတစ်ယောက်ပါ သူ့အတွက်
လိုအပ်တာ Saint တစ်ယောက်ပဲဖြစ်လိမ့်မယ် Saint သာလျှင် သူ့ခံစားနေရတာတွေကိုဖြေသိမ့်ပေးနိုင်တဲ့သူတစ်
ယောက်ဖြစ်လိမ့်မယ်
Part 7 ( the end )

Love is ( complete)Where stories live. Discover now