Part 21

1.2K 147 8
                                    

Perth .......... ကျွန်မနဲ့လက်ထပ်ပေးမယ့်သူဆိုပြီးသူ့
ဓာတ်ပုံလေးကအရင်အိမ်ကိုရောက်လာခဲ့တယ်
" ဒါသမီးနဲ့လက်ထပ်ပေးမယ်ဆိုတဲ့ကောင်လေး ကြည့်ပါ
သူကအရာရာတော်တဲ့သူ သမီးတို့အဆင်ပြေရင်ဘဝအတွက်
ပူစရာကိုမလိုတော့ဘူး "
လက်ထပ်ဖို့ကိုငြင်းဆန်နေပြီးတော့မှ သူ့ကိုမြင်လိုက်ရတဲ့အချိန်မှာစိတ်ကူးပြောင်းသွားခဲ့တယ် သူကချောလွန်းတယ်လေ
အိမ်မက်ထဲကမိန်းကလေးတိုင်းလိုချင်တဲ့ကောင်လေးပုံစံပဲ
ဒီလိုလူတစ်ယောက်ကိုငြင်းဆန်လိုက်ရင်အမှားဖြစ်သွားမှာပေါ့ သူ့အကြောင်းတွေက်ိုပိုသိချင်လာတော့ Facebook IG ကနေတဆင့်ကြည့်မိတယ်
" Facebook မှာ Fri လည်းသိပ်မရှိဘူး ချစ်ဖို့ကောင်း
လိုက်တာ "
သူ့ fb ကစာတွေ ပုံလေးတွေကြည့်ပြီးတစ်ညလုံးထိုင်ပြီးပြုံးရီ
နေခဲ့တာ
" ငါမင်းနဲ့လက်ထပ်မှာမဟုတ်ဘူး " စတွေ့တဲ့နေ့မှာပဲ
ကျွန်မကိုတိုက်ရိုက်ပြောလိုက်တဲ့စကားတစ်ခွန်း ဘယ်လောက်ထိရင်ကိုနာကျင်စေရလဲ ဒါပေမယ့် သူ့ကိုအပြုံးနဲ့ပဲတုံ့ပြန်ခဲ့တယ် ဘာပဲဖြစ်ဖြစ် သူ့နားမှာနေတာကြာလာရင်သူငယ်ချင်း
ကနေ သံယောဇဉ်တွယ်လာနိုင်မယ်လို့ထင်ခဲ့မိတယ်
" Ming ပြန်လာပြီလား ဒီနေ့ဟိုကောင်လေးနဲ့သွားတွေ့
တယ်ဆို အခြေအနေကောင်းရဲ့လား "
P Zee ကကျွန်မကိုညီမလေးတစ်ယောက်ထပ်ပိုချစ်တယ်ဆို
တာအသိသာကြီးပါ
" ဟုတ်ကဲ့ Perth ကညီမလေးကိုကောင်းကောင်းဆက်ဆံတယ် ညီမတို့လက်ထပ်ဖို့လည်းသဘောတူတယ် "
P Zee က Perth နဲ့မတွေ့ဖူးတော့ Ming ပြောသမျှကိုပဲသူသိ
ထားမှာပဲလေ
ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် Perth ဆီကအချစ်ကိုရအောင်ယူမယ်
လို့စိတ်ကိုဆုံးဖြတ်ထားလိုက်တယ်
" ဒီမှာရှင့် ဒီကျောင်းမှာ Perth Tanapon ရှိတယိမလား"
" ဟုတ်တယ် ဘာကိစ္စရှိလို့လဲ "
" သူ့ကိုဒီမုန့်လေးလာပို့ပေးတာပါ သူ့အတန်းကိုလိုက်ပြ
ပေးလို့ရမလား "
" သူမရှိဘူးထင်တယ် သူ့ချစ်သူနဲ့ခုနကပဲလမ်းထိပ်က
ကော်ဖီဆိုင်မှာတွေ့လိုက်တယ် အဲ့ကိုလိုက်သွားပါလား "
သူ့ချစ်သူတဲ့လား .......... Perth မှာချစ်သူရှိတာလား
Perth ရဲ့ချစ်သူကဘယ်လိုမိန်းကလေးမျိုးလဲလို့သိချင်မိခဲ့တာ ဒါပေမယ့် သူနဲ့အတူရှိနေတာကောင်လေးတစ်ယောက်
တဲ့လား
" မင်းနှုတ်ခမ်းတွေပေကုန်ပြီ ကိုသုတ်ပေးမယ် "
ရီမောနေလိုက်ကြတာ အဲ့လိုအပြုံးမျိုးကိုတွေ့ဖူးတာအခုတစ်
ခါပဲရှိသေးတယ် ဘာလို့ကောင်လေးတစ်ယောက်ကိုမှချစ်နေ
မိတာလဲ
" Ming ဘာဖြစ်လာတာလဲ ငိုနေတာလား "
" မဟုတ်ပါဘူး P Zee "
" ဘာမဟုတ်တာလဲ ငိုလာတာကို ဘယ်သူကငါ့ညီမကို
ငိုအောင်လုပ်လိုက်တာလဲ ပြောလေ Ming "
" P Perth မှာလေ ချစ်သူရှိတယ်တဲ့ "
" ဘာ " အဲ့ထဲက Zee ရဲ့ Perth အပေါ်မကျေနပ်မှုကစ
တင်လာတော့တာပဲ Perth နဲ့ Saint ရဲ့ဓာတ်ပုံကိုလည်းကျွန်မကိုယ်တိုင်ရိုက်ပြီး P Zee ကိုပေးလိုက်တာ
အဲ့နေ့ညက စိတ်ထဲမှာမနေနိုင်တော့လို့ Perth အကြောင်းတွေအားလုံးကိုသူ့အမေဆီပြောပြမယ်ဆိုပြီးတော့ Perth အိမ်
ကိုထွက်လာလိုက်တယ် ဒါပေမယ့် အိမ်အဝင်ကိုခြေလှမ်းလိုက်တာနဲ့ကြားလိုက်ရတာက ရန်ဖြစ်သံတွေ သူနဲ့သူ့အမေရန်
ဖြစ်နေကြတာပဲ သူ့အမေသိပြီးပြီပေါ့ ဘယ်လိုလုပ်ရမလဲ ဘာ
လုပ်ရမလဲ သူ့ကို Saint ဆီမသွားဖို့ဘယ်လိုတားရမလဲ
ကြံရာမရတဲ့အဆုံးလိမ်ညာပြီး သူ့ဆီဖုန်းဆက်ခဲ့တယ် ကျွန်မ
အတွက်နောက်ဆုံးအသုံးချလို့ရတဲ့နာမည်က Zee ပဲ
ဒါပေမယ့် ရုတ်တရက်ကားတိုက်မှုဖြစ်သွားမယ်လို့မထင်မှတ်
ခဲ့ဘူး Perth ကိုမာဝင်သွားတဲ့ဆိုတာကိုကြားလိုက်ထဲက
အရမ်းကိုနာကျင်မိတယ် ဒါပေမယ့် ချက်ချင်းပဲခေါင်းထဲဝင်
လာတဲ့အတွေးက သူအခုလိုဖြစ်နေတာပိုကောင်းတယ်ဆိုတဲ့
အတွေးပဲ သူ့နားမှာတစ်ယောက်ထဲနေခွင့်ရတော့မယ်လေ
P Zee သာပါလာရင်အားလုံးရှုပ်ထွေးကုန်လိမ့်မယ် ဒါကြောင့်
မျကိနှာကိုပလတ်စတစ်ဆာဂျရီလုပ်ခဲ့တယ် ဒါတွေအားလုံးက
Perth နားမှာနေနိုင်ဖို့အတွက်ပဲလေ သူ့ကိုချစ်တဲ့အတွက်ပဲ
Zee နဲ့ Saint တွဲနေတယ်ဆိုတဲ့သတင်းက အရမ်းပျော်ရွှင်စေ
တယ် ဒါပေမယ့် Perth ဆီကို Saint ကမရရအောင်ပြန်ဝင်
ရောက်လာပြန်ပြီ ငါ Perth ကိုပိုင်ဆိုင်ခါနီးကျမှ ပြန်ဝင်ရောက်လာတယ်တဲ့လား ရူးတော့မယ် တကယ်ကိုရူးတော့မယ်
Perth ကိုလက်မလွှတ်နိုင်ဘူး ငါမပိုင်ဆိုင်ရရင်တောင်ဘယ်သူမှသူ့ကိုမပိုင်ဆိုင်ရဘူး သေရင်တောင်နှစ်ယောက်အ
တူသေရမယ်
" Perth Perth မှာအန္တရာယ်ရှိနေပြီ "
ကျွန်တော်နဲ့ P Zee နှစ်ယောက်လုံးဆေးရုံကိုအမြန်ပြန်လာခဲ့
တယ်
တီ တီ.............
" မွန်းကျပ်နေပြီလား တောင်းပန်ပါတယ် ငါမကယ်တင်
ချင်ဘူး Perth ငါပျော်နေတယ်မထင်ပါနဲ့ ငါ့ရင်မှာနာကျင်နေရ
ပါပြီ အစထဲကငါ့ကိုချစ်ပေးခဲ့ရင်ဒီလိုဖြစ်လာစရာမရှိဘူး "
Perth အသက်ရှူတွေကျပ်နေပြီး အသက်မရှူနိုင်တော့လောက်အောင်ရုန်းကန်နေရတာကိုမြင်ပေမယ့် မကယ်တင်ခဲ့ဘူး
" အတူတူဒီလောကကြီးကနေထွက်သွားရအောင် အတူတူဘယ်သူမှမရှိတဲ့နေရာကိုသွားရအောင် "
တီ တီ ........... Perth လည်းရုန်းကန်နေရာကနေငြိမ်သက်သွားသလို နှလုံးခုန်စက်ကမျဉ်းကြောင်းတွေပါတစ်ဖြောင့်
တည်းကျသွားတယ်
ဝုန်း........... အနောက်တံခါးကိုတွန်းဖွင့်လိုက်တဲ့အသံ
Saint က Perthဆီကိုငိုပြီးပြေးဝင်လာခဲ့တယ်
" မဟုတ်ဘူး မဟုတ်ဘူး Perth Perth "
" ကောင်းလိုက်တာ သူအသက်မရှိတော့ဘူး "
" မဟုတ်ဘူး " Saint ကအရူးတစ်ပိုင်းလိုကိုအော်ဟစ်
နေတော့တယ်
" Ming ဘာလုပ်တာလဲ အခုဘာလုပ်တာလဲ " Zee က
Ming ကိုဖက်ထားလိုက်တယ် သူဖက်ထားလိုက်တဲ့အချိန်မှာပဲ Ming ကလဲကျသွားခဲ့တယ်
" ဘာဖြစ်တာလဲ Ming Ming "
Ming ရဲ့လက်ထဲကနေလွတ်ကျလာတဲ့အိပ်ဆေးပုလင်းကိုတွေ့တာနဲ့သူသဘောပေါက်သွားတယ် ခုနကသူတို့မလာခင်
ထဲကအိပ်ဆေးတွေသောက်လိုက်တာပဲ Zee က Ming ကိုပွေ့ချီပြီးအပြင်ကိုခေါ်ထုတ်သွားခဲ့တယ်
" ဒေါက်တာ ကယ်ပါဦး ဒေါက်တာ "
" အခြေအနေကောင်းနေရဲ့သားနဲ့ ဘာဖြစ်တာလဲ "
" ကယ်ပါဦး "
200 အားတင်ပြီး စက်နဲ့နှိုးတဲ့ထိသူ့နှလုံးတွေပြန်မခုန်လာတော့ဘူး ဒီတိုင်းသာဆကိမြင်နေရရင်ကျွန်တော်ရူးသွားတော့
မယ်
" လူနာကပြန်နှိုးလို့မရတော့ဘူး "
ဆရာဝန်တွေလက်ကိုကျွန်တော်ဖမ်းဆုပ်ထားလိုက်တယ်
" ဘာလို့ ဘာလို့လက်လျော့တာလဲ သူမနေ့ကအကောင်း
ကြီးလေ အခုဒါလေးကိုဘာလို့လက်လျော့လိုက်တာလဲ နှိုးပါ
နှိုးပါဦး "
Perth နားကိုသွားပြီးသူ့မျက်နှာလေးနားမှာငိုနေလိုက်မိတယ်
" Perth မနောက်ပါနဲ့ အဲ့လိုကြီးမနောက်ပါနဲ့ ထတော့နော် ကျွန်တော်စိတ်ဆိုးမှာနော် ထပါတော့ ထတော့ ဘာလို့လဲ
ဘာလို့အဲ့လိုနောက်နေရတာလဲ ထပါတော့ Perth "
သူ့ရင်ဘတ်ကိုထုရိုက်ပြီးကို သူ့ကိုနှိုးနေတာသူဘာလို့မထ
သေးတာလဲ
" Perth မလုပ်ပါနဲ့ တစ်ယောက်ထဲမထားခဲ့ပါနဲ့ "
သူ့ကိုဖက်ပြီးသူ့ရင်ခွင်လေးပေါ်ခေါင်းချပြီး ငိုကြွေးနေခဲ့တယ်
ဒုတ်ဒုတ်.......... သူ့ရင်ခွင်လေးဆီကကြားလိုက်ရတဲ့အသံ
တီတီ .......... နှလုံးခုန်စက်ကနေမျဉ်းတွေပြန်ပေါ်လာပြီ
" ခဏလောက်ဖယ်ပါ "
ဆရာဝန်တွေစမ်းသပ်နိုင်အောင်အဲ့နေရာကနေဖယ်ပေးလိုက်
တယ် မယုံကြည်နိုင်လောက်အောင်ပဲ နှလုံးခုန်နှုနိးတွေကပုံ
မှန်ဖြစ်လာပြီ ဘုရားကိုကျေးဇူးတင်ပါတယ် သူ့ကိုပြန်နှိုးထစေ
တာကျေးဇူးတင်ပါတယ်
" ကံကောင်းတာပဲ ပုံမှန်တိုင်းပြန်ဖြစ်သွားပြီ "
" Perth တော်သေးတာပေါ့ "
Perth လက်ကိုတင်းတင်းကျပ်ကျပ်ကိုဆုပ်ကိုင်ထားလိုက်တယ်
" မလွှတ်ဘူး ဒီတစ်ခါဘာကြောင့်ပဲဖြစ်ဖြစ်ဒီလက်ကိုလွှတ်ပြီးမထားခဲ့တော့ဘူး တော်သေးတာပေ့ါ ကျေးဇူးပါပဲ ပြန်
လာပေးလို့ကျေးဇူးပါပဲ "
Saint က Perth နဖူးလေးကိုနမ်းရှိုက်လိုက်တယ်
" ကျေးဇူးပါပဲ ချစ်တယ် Perth "
Part 21 ( the end )

Love is ( complete)Where stories live. Discover now