Final Episode

2.1K 203 19
                                    

Perth အနားကနေတစ်ဖဝါးမှမခွာခဲ့ဘူး သူ့အနားကိုတစ်
ယောက်ယောက်ရောက်လာပြီး တစ်ခုခုလုပ်သွားမှာကိုအရမ်း
ကြောက်နေမိတယ် သူ့ကိုအဆက်မပြတ်စောင့်ကြည့်ရင်းကနေသူ့ဘေးမှာခဏလောက်အိပ်ပျော်သွားမိတယ်
ရုတ်တရက် ကျွန်တော့်ဆံပင်တွေကိုတစ်ယောက်ယောက်က
လာထိလိုက်သလိုခံစားချက်ကြောင့်ချက်ချင်းရုန်းထလိုက်
မိတယ်
" ဘယ်သူလဲ "
လန့်ပြီးထအော်လိုက်တာ သေချာကြည့်တော့မှ Perth နိုးပြီး
ကျွန်တော့်ခေါင်းကိုလာကိုင်တာကို
" သတိရလာပြီလား အဆင်ပြေရဲ့လား "
Perth ကကျွန်တော့်ကိုပြုံးပြပြီး ခေါင်းညိမ့်ပြလိုက်တယ်
" တော်သေးတာပေါ့ အဆင်ပြေလို့တော်သေးတယ် "
Perth အိပ်နေတာကိုအပေါ်ကနေမိုးပြီးဖက်ထားလိုက်တော့
တယ် သူ့ကိုအရမ်းစိတ်ပူနေခဲ့တာ အခုတော့အဆင်ပြေသွား
ပြီ သူသတိရလာပြီလေ
" ဖြည်းဖြည်းဖက်ပါ ကိုအသက်ရှူတောငိကျပ်တယ် "
" တောင်းပန်ပါတယ် အရမ်းစိတ်ပူနေခဲ့တာ ရူးမတတ်ပဲ
နောက်ဆို Perth ကိုဘယ်တော့မှလွှတ်ပြီးမထားခဲ့တော့ဘူး
ကလေးလိုစောင့်ကြည့်နေမှဖြစ်တော့မယ် "
Perth ကပြုံးပြီး ကျွန်တော့်လက်ကိုဆုပ်ကိုင်ထားလိုက်တယ်
" ဘယ်သူကကလေးလဲ မင်းကိုမင်းကြည့်ဦး မျက်ရည်တွေကျနေတာ မင်းကမှကလေးပဲ "
" ပျော်လို့ကျတာပါနော် ပျော်လွန်းလို့ပါ "
Ming အတွက်တော့ကျွန်တော်တို့နှစ်ယောက်လုံးစိတ်မ
ကောင်းပါဘူး ဘာတွေပဲဖြစ်နေပါစေ သူကကျွန်တော်မရှိတဲ့
အချိန်မှာ Perth အနားမှာဂရုတစိုက်နေပေးတာနဲ့တင်ကျေး
ဇူးတင်ရပါတယ်
" Perth ဒါလေးစားကြည့်ပါဦး "
" ပန်းသီးလား ချိုသားပဲ ကောင်းတယ် "
ဆရာဝန်ကမနက်ဖြန်လောက်ဆိုဆေးရုံကဆင်းလို့ရပြီဆို
တော့ အားလုံးကပုံမှန်လိုဖြစ်သွားပါပြီ သူလည်းအရင်တိုင်းနေကောင်းလာပြီလေ
ဒေါက် ဒေါက်........
" ဝင်လာလို့ရမလား " P Zee ပါလား
အခုဆိုကျွန်တော်တို့နှစ်ယောက်လုံးသူ့ကို ဖိတ်ခေါ်ဖို့မခက်ခဲ
တော့ပါဘူး
" ဝင်လာပါ P "
" နေကောင်းလား Perth "
" ကောင်းပါတယ် ဒါနဲ့ Ming ရော အခြေအနေကောင်း
ရဲ့လား "
" အင်း သူ့ကိုစိတ်ကျန်းမာရေးဆေးရုံမှာပဲထားထားရ
တယ်လေ အဆင်ပြေပါတယ် ပြီးတော့ ဖြစ်ခဲ့တာတွေအတွက်
မင်းကိုလာတောင်းပန်တာပါ "
Perth က Zee ကိုပြုံးပြုံးလေးနဲ့ပဲခေါင်းခါပြလိုက်တယ်
" မလိုအပ်ပါဘူး အကိုကျွန်တော့်အတွက်ဒီကြားထဲမှာ
တန်ဖိုးမဖြတ်နိုင်အောင်ပေးခဲ့တဲ့အရာရှိပါတယ် "
Saint ရဲ့လက်ကို Perth ကဆုပ်ကိုင်ပြီးပြလိုက်တယ်
" ဒီကောင်လေးပါ ကျွန်တော်မရှိတုန်းသူအများကြီး
ဒုက္ခရောက်ခဲ့ရတယ် ဒါပေမယ့် အကို့ကျေးဇူးကြောင့်ပဲသူ
ကောင်းကောင်းမွန်မွန်နေခဲ့ရတယ် ကျွန်တော်ကတောင်အကို့ကိုပြန်ပြီးကျေးဇူးတင်ရမှာပါ "
" Perth ပြောတာမှန်တယ် အကို့ကိုကျွန်တော်ကကျေး
ဇူးအများကြီးတင်ပါတယ် "
Saint ကထိုင်နေရာကနေထလိုက်ပြီး နောက်ဆုံးအကြိမ် Zee
ကိုပွေ့ဖက်လိုက်တယ်
" တကယ်ကျေးဇူးတင်ပါတယ် P "
" နှစ်ယောက်လုံးထာဝရပျော်ရွှင်ပါစေ အကိုကတော့
Ming ကိုဆေးကုဖို့အမေရိကမှာသွားနေရတော့မယ် ဒါကြောင့် နောက်ဆုံးလာနှုတ်ဆက်တာပါ ဒါဆို ပြန်လိုက်ဦးမယ် "
" ဟုတ်ကဲ့ "
" ပျော်ရွှင်ပါစေ အကို "
Zee ထွက်သွားတာနဲ့ Perth က Saint လက်ကိုဆွဲချလိုက်တယ် အားနဲ့ဆွဲလိုက်တော့ချက်ချင်းသူ့ရင်ခွင်ထဲရောက်ပြီးသား
ပဲ
" ဘာ ဘာလုပ်တာလဲ "
သူ့ရင်ခွင်ထဲမှာရှက်ကိုးရှက်ကန်းဖြစ်နေတဲ့ကောင်လေးကို
ကြည့်ပြီး သဘောတွေကျနေပေမယ့်လည်း မျကိနှာကိုခပ်
တည်တည်ပဲနေလိုက်တယ်
" ဘာလုပ်ရမှာလဲ တစ်ခြားယောကျာ်းလေးကိုကို့ရှေ့မှာ
ဖက်ထားတာ ထိုင်ကြည့်နေရတာသိပ်တော့မဟုတ်ဘူးလေ "
" ဟင် ဘယ်လိုသဘောမျိုးနဲ့ဖက်လဲသိရဲ့သားနဲ့ အဲ့ဒါ
သက်သက်ရစ်နေတာပဲ "
" ဘယ်လိုသဘောနဲ့လဲ မသိပါဘူး "
" ဘာကိုမသိတာလဲ ကလေးဆန်နေပြန်ပြီ ကျွန်တော့်
စိတ်ထဲရှိနေတာ Perth တစ်ယောက်ထဲဆိုတာမသိဘူးလား "
" မယုံပါဘူး သက်သေလညိးမရှိဘဲနဲ့ဘယ်လိုယုံရမလဲ "
Saint ကပြောလို့မရတဲ့ Perth ကိုမျက်စောင်းလေးထိုးကြည့်
လိုက်တယ်
" သက်သေလား "
Perth ပါးနှစ်ဖက်ကိုကိုင်ပြီး သူ့နှုတ်ခမ်းလေးတွေကိုဖိနမ်း
လိုက်တယ်
" ယုံကြည်ပြီလား သက်သေပြပေးတာနော် ကလေးမဆန်နဲ့တော့ "
Saint ကရှက်ရှက်နဲ့ထသွားဖို့ပြင်လိုက်တော့မှ Perth ကလက်ကိုပြန်ဆွဲထားလိုက်တယ်
" ဘာလုပ်တာလဲ "
" ကလေးမဆန်နဲ့ဆို လူကြီးဆန်ကြည့်မလို့လေ "
Perth က Saint ရဲ့မျက်နှာနားကိုကပ်သွားပြီး နှုတ်ခမ်းဖျား
လေးတွေကိုစတင်ပြီးစုပ်ယူနမ်းလိုက်တယ်
ဆေးရုံကဆင်းဖို့ခွင့်ပြုချက်ရလာတာနဲ့ ကျွန်တော်တို့အိမ်ကို
အတူပြန်လာခဲ့ကြတယ်
" နေဦး ကျွန်တော်မောင်းမယ် Perth ကအခုမှနေကောင်းတာ "
ကားမောငိးနေတုန်း Perth ရဲ့အကြည့်တွေကသူ့ဆီကမခွာ
တာကို သတိထားမိတာကြာလာတော့ ရှက်တောင်လာပြီ
" Perth ဘာလို့လူကိုအဲ့လောက်စိုက်ကြည့်နေတာလဲ
သွား အရှေ့ကိုပဲကြည့် "
Saint ကသူ့လက်လေးနဲ့ Perth မျက်နှာလေးကိုတွန်းထုတ်လိုက်တယ်
" Saint "
" ဘာလဲ "
" လက်ထပ်ရအောင် "
" ဘာ "
ကျွီ........ ကားကိုလမ်းဘေးမှာဘရိတ်ဆောင့်အုပ်ပြီးကိုရပ်
လိုက်မိတယ်
" အား "
ဘရိတ်ကိုရုတ်တရက်ဆောင့်အုပ်လိုက်တော့ Perth ခေါင်း
တောင်ဘေးကမှန်နဲ့သွားရိုက်မိတယ်
" နာလိုက်တာ Saint ကားရောမောင်းတတ်ရဲ့လား "
သူကတော့စကားတွေစွတ်ပြောနေပေမယ့် Saint ကတော့
သူ့ကိုမျက်လုံးလေးပြူးပြီးပဲကြည့်နေနိုင်တော့တယ်
" ခုနက ဘာ ဘာပြောလိုက်တာလဲ "
" နာလိုက်တာလို့လေ "
Saint က Perth ပခုံးကိုအားနဲ့ရိုက်ချလိုက်တယ်
" အား နာနေပါတယ်ဆို ဘာလို့ထပ်ရိုက်တာလဲ "
" လူကိုလာနောက်နေတာကို ခုနက ပြောတာလည်း
နောက်တာပဲမလား ဘာမှန်းလည်းမသိဘူး လူကိုစိတ်ရှုပ်
အောင်လုပ်နေတယ် "
Saint ကဒေါသထွက်ပြီးပါးစပ်ကတတွတ်တွတ်ပြောနေတာ
များ ရပ်ကိုမရပ်တော့ဘူး သူ့အသံတွေရပ်သွားတဲ့အချိန်က
Perth ကသူ့လက်လေးကိုကိုင်ပြီးလက်လေးတွေကိုနမ်းလိုက်
တဲ့အချိန်
" ကိုပေးထားတဲ့လက်စွပ်လေးကိုဝတ်ထားပြီးမှတော့
လက်ထပ်ချင်တာ နောက်တယ်ဖြစ်မလား "
" တ တကယ်ပြောနေတာလား "
" အင်း တကယ်ပြောနေတာ လက်ထပ်ရအောင် ကိုမင်း
ကိုအစထဲကလက်ထပ်ချင်တာ ကြားထဲမှာပြသနာတွေသာမ
ရှိခဲ့ရင် ကိုတို့လက်ထပ်ပြီးကလေးတောင်ရလောက်ရောပေါ့ "
Perth ကတော့စကားပြောရင်းရွှတ်နောက်နောက်လုပ်နေပြန်
ပြီ
" Perth နော် ဘာတွေပြောနေမှန်းလည်းမသိဘူး "
" အမှန်ကိုပြောတာလေ "
" တော်ပြီ ကားဆက်မောင်းတော့မယ် "
" နေပါဦး ဘာလို့အရမ်းလောနေရတာလဲ ကို့ကိုအဖြေ
ပေးဦးလေ လက်ထပ်ပါမယ်လို့ပြောဦးလေ "
Saint ကပြုံးကြည့်နေပြီးတော့ Perth လက်လေးကိုပြန်နမ်း
လိုက်တယ်
" လက်ထပ်ပါ့မယ် ထာဝရအတူနေပေးပါ့မယ် "
Perth က Saint ကိုထွေးပွေ့ပြီးဖက်ထားလိုက်တယ်
" အရမ်းချစ်တယ် Saint "
" ကျွန်တော်လည်း Perth ကိုအရမ်းချစ်ပါတယ် "
သင်သိပါသလား?????? အချစ်ဆိုတာလုပ်ယူဖန်တီးလို့မရနိုင်ပါဘူး ဘယ်လိုပဲအခက်အခဲတွေရှိနေပါစေ နောက်ဆုံးတော့
အချစ်စစ် အချစ်မှန်တဲ့အရာကပဲ အားလုံးကိုအနိုင်ယူသွားတာပါပဲ အချိန်ဘယ်လောက်ကြာကြာ အချစ်သာစစ်မှန်ခဲ့ရင်
တကယ်ချစ်တဲ့သူတွေက အသေးအဖွဲ့အရာလေးတစ်ခုကို
တောင်မှတ်မိနိင်လောက်တဲ့ထိကိုအင်အားကြီးမားပါတယ်
ကျွန်တော်ရော သူရော တကယ်ချစ်မိခဲ့ကြလို့ နောက်ဆုံး
တော့လည်းထိုက်တန်တဲ့ဆုတစ်ခုအဖြစ် တစ်ယောက်ကိုတစ်
ယောက်ပိုင်ဆိုင်နိုင်ခဲ့ကြတာပါ အချစ်ဆိုတာလူသားတိုင်းအ
တွက်တန်ဖိုးကြီးလွန်းပါတယ်........
The End
If You Like My fic , Save and leave just
one comment for me bec it is valuable for me🖤❤️

You've reached the end of published parts.

⏰ Last updated: Aug 19, 2021 ⏰

Add this story to your Library to get notified about new parts!

Love is ( complete)Where stories live. Discover now