Part 20

1.1K 146 9
                                    

        " Perth Perth "
လူနာတင်တွန်းလှည်းရဲ့အမြန်ပြေးသံနောက်ကိုတပ်ကြပ်မ
ကွာလိုက်ခဲ့တယ် သွေးစွန်းနေတဲ့လက်တွေနဲ့သူ့လက်တွေကို
မလွှတ်တမ်းဆုပ်ကိုင်ထားခဲ့တယ်
       " Perth "
အောက်ဆီဂျင်ပေးထားတဲ့ သူ့ကိုကြည့်ရင်းနဲ့တောင်ကျွန်တော့်ရင်ထဲမှာမခံစားနိုင်ဘူး သူနဲ့အတူမွန်းကြပ်နေခဲ့ပြီ
        " အပြင်မှာစောင့်နေပေးပါ "
ဆရာဝန်ကခွဲခန်းအပြင်မှာစောင့်နေဖို့ပြောပေမယ့် အထဲထိသူ့နောက်ကိုလိုက်ချင်မိတယ်
     " အဆင်ပြေသွားမှာပါ Perth အဆင်ပြေသွားမှာပါ ဘာမှ
မဖြစ်ဘူး သူငါ့ကိုမထားခဲ့ဘူး "
ကို့ကိုယ်ကိုပြန်အားပေးနေခဲ့ပေမယ့် အသံတွေလက်တွေက
တုန်ရီနေခဲ့ပြီ အရမ်းကြောက်နေမိတယ် Perth တစ်ခုခုဖြစ်
မှာကို
       " Saint "
ရုတ်တရက်တစ်ယောက်ယောက်က ကျွန်တော့်ပခုံးကိုလာကိုင်လို့လန့်ပြီးကြည့်လိုက်တော့မှ Ming ဖြစ်နေတယ်
     " Perth ဘာဖြစ်တာလဲ သူအဆင်ပြေရဲ့လား "
     " အတွင်းရေးမှူး အဝတ်လဲခန်းဘက်ကိုရောက်ခဲ့သေး
လား Perth ကိုဘယ်သူဓားနဲ့ထိုးသွားမှန်းမသိဘူး သူ့ကိုအဲ့
တိုင်းတွေ့လိုက်ရတာ "
      " ဒီနေ့အဲ့ဘက်ကိုမရောက်ဖြစ်သေးတာပါ ဒါပေမယ့်
Zee တော့ဒီနေ့ရုံးကိုလာတယ်နော် သူများဖြစ်နေမလား  "
ဟုတ်တယ် Perth ကိုအခုလိုဖြစ်အောင်လုပ်တာ Zee ပဲဖြစ်
မှာ သူပဲရှိတယ်
       " ဟုတ်လောက်တယ် သူပဲဖြစ်မှာ သူ့ကိုတွေ့ရမှဖြစ်မယ်"
Saint ကထသွားဖို့လုပ်လိုက်ပေမယ့် Ming ကသူ့လက်က်ိုု
ဖမ်းဆွဲထားလိုက်တယ်
       " ဘာလုပ်တာလဲ "
       " Perth အခြေအနေက်ိုသိရအောင်မစောင့်တော့ဘူး
လား သူ့အမေလည်းခဏနေလာတော့မှာ "
ချက်ချင်းပဲ Perth ရဲ့အမေကခွဲစိတ်ခန်းရှေ့ကိုအပြေးလာခဲ့
တယ်
       " Perth ဘာဖြစ်တာလဲ ငါ့သားလေး ငါ့သားလေးဘာဖြစ်
တာလဲ "
       " အားလုံးအဆင်ပြေသွားမှာပါ အန်တီ "
       " သမီး Ming "
Perth ရဲ့အတွင်းရေးမှူးလို့သိထားရတဲ့မိန်းကလေးက Ming
တဲ့လား
Ming ကသူ့နာမည်ကို Saint ကြားလိုက်တဲ့အချိန်မှာ တစ်
ယောက်နဲ့တစ်ယောက် တအံ့တသြကြည့်နေမိတယ်
       " မင်းက မင်းက Ming လား "
       " လူနာရှင်ရှိလား "
ဆရာဝန်ကခွဲခန်းကနေထွက်လာတော့ အားလုံးစိတ်ဝင်စား
မှုကဆရာဝန်ရဲ့စကားပေါ်ကိုပဲသက်ရောက်နေခဲ့တယ်
        " ဒေါက်တာ ကျွန်မသားလေး "
        " ကံကောင်းလို့ သွေးထွက်မလွန်ခင်အချိန်မီရောက်လာ
ခဲ့တယ် သူအဆင်ပြေပေမယ့် အသက်ရှူတာပုံမှန်မဟုတ်သေးလို့အောက်ဆီဂျင်တော့ပေးထားရလိမ့်မယ် အရင်ကလည်းထိခိုက်ဒဏ်ရာရဖူးတော့ ဒါပေမယ့် အဆင်ပြေမှာပါ "
အားလုံးအခုမှသက်ပြင်းချနိုင်တော့တယ်
        " ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ် ဒေါက်တာ "
Saint ကအမြန်ဆုံးဒီနေရာကနေပြေးထွက်သွားလိုက်တယ်
Zee တိုက်ခန်းရဲ့လျို့ဝှက်ကုတ်ကို သူရိုက်ထည့်ပြီးအခန်းထဲ
ကိုပြေးဝင်သွားလိုက်တယ်
      " Zee Zee " ဒေါသသံတွေပေါက်ကွဲပြီးအော်ခေါ်နေပေ
မယ့် Zee ကအခန်းထဲမှာရှိပုံမပေါ်ဘူး
အခန်းအနှံ့လိုက်ရှာပေမယ့် Zee ကိုမတွေ့ရဘူး
     " အား " Saint အမြန်လမ်းလျှောက်ရင်းနဲ့တစ်ခုခုကိုခြေ
ထောက်နဲ့သွားတိုက်မိတာပဲ Zee အခန်းထဲကအမှိုက်ပုံးက်ို
တိုက်မိလိုက်တာ လဲကျသွားတော့အထဲကစက္ကူစတွေထွက်
လာခဲ့တယ် အစကကျော်သွားဖို့စဉ်းစားလိုက်ပေမယ့် နောက်
မှသူပြန်လှည့်ကြည့်လိုက်မိတယ် စက္ကူစတွေကြားကတစ်ခုခု
ကိုသူတွေ့လိုက်ပုံပဲ
     " Saint လား "
Zee ပြန်လာတာနဲ့ Saint ကိုတွေ့လ်ို့အံ့သြနေမိတယ် Saint
ကသူ့အသံကြားတာနဲ့မြန်မြန်မက်တပ်ရပ်ပြီး သူ့က်ိုကြည့်
လိုက်တယ်
      " ဒါကဘာလဲ အစထဲကကျွန်တော်နဲ့ Perth ကချစ်သူတွေ
ဆိုတာ သိနေခဲ့တာလား ဒါဆို ကျွန်တော့်ကိုကယ်တင်ခဲ့တာ
တွေက တမင်လုပ်ခဲ့တာပေါ့ "
Saint လက်ထဲမှာကိုင်ထားတဲ့သူတို့နှစ်ယောက်ရဲ့ဓာတ်ပုံက််ို
Zee လည်းတွေ့လိုက်တယ်
      " ဟုတ်တယ် မင်းတို့တွဲနေတာအစထဲကသိခဲ့တယ် "
      " အကို အကိုဘယ်လိုလုပ်ရက်တာလဲ သူ့လ်ိုလူက်ိုဘာ
လို့ သူ့လောက်ကောင်းတဲ့သူကိုဘာလို့လဲ "
Saintကစိတ်ရှိလက်ရှိအော်ချလိုက်ပေမယ့် Zee ကတော့ရီပဲ
ရီနေလိုက်တယ်
       " ကောင်းတဲ့သူတဲ့လား Perth ကလား မင်းနဲ့တွဲပြီးငါ့
ညီမကိုပါ ဖျက်ဆီးခဲ့တဲ့ကောင်က လူကောင်းတဲ့လား "
       " ဘာ ဘယ်သူက ဘယ်သူ့က်ိုဖျက်ဆီးခဲ့တာလဲ "
       " Ming ငါ့ညီမလေးကိုလက်ထပ်မယ်ကတိပေးပြီးအတူ
နေခဲ့ပြီးမှ မင်းနဲ့တွဲမယ်ဆိုပြီးဖြတ်ချခဲ့တာ မင်းပြောတဲ့လူ
ကောင်းကြီးလေ "
Saint ကခေါင်းကိုအတင်းခါရမ်းလိုက်တယ်
        " မဟုတ်ဘူး မဟုတ်ဘူး Perth အဲ့လိုလုပ်ခဲ့တာမဟုတ်ဘူး တစ်ခုခုမှားနေပြီ ဒီပုံ ဒီပုံကို Ming ဆီကရခဲ့တာလား "
        " ဟုတ်တယ် Ming ပေးခဲ့တာ "
အလိမ်အညာတွေ Ming နဲ့ Zee နှစ်ယောက်ထဲကတစ်ယောက်ကလိမ်ညာနေတာပဲ ဒါပေမယ့် ဘယ်သူကလိမ်နေတာလဲ
        " Perth နဲ့နေ့ခင်းကတွေ့ခဲ့တယ်မလား သူ သူ့က်ိုဘာ
လုပ်လိုက်လဲ "
           " ငါတ်ို့ရန်ဖြစ်ခဲ့တယ် အဲ့ဒါကိုမကျေနပ်လို့မင်းငါ့ကိုလာရှာတာလား Perth ကကိုယ်တိုင်မလာဘဲဘာလို့မင်းကိုလွှတ်
လိုက်တာလဲ "
ခေါင်းတွေအရမ်းမူးနောက်နေပြီ ဘာတွေဖြစ်နေတာလဲ Zee
မဟုတ်ရင် Perth ကိုဘယ်သူကအခုလိုလုပ်ခဲ့တာလဲ ပြီးတော့ Ming နဲ့ပတ်သတ်မှုမှာဘယ်သူပြောတာကအမှနိတရား
လေ ငါမယုံကြည်နိုင်ဘူး သုံးယောက်လုံးကိုယုံကြည်လို့မရ
ဘူး အားလုံးကလိမ်ညာနေတာ
         " Ming မသေသေးဘူး သူအသက်ရှင်နေတယ် "
         " ဘာ မင်းဘာပြောလိုက်တယ် "
         " Ming ဘယ်မှာရှိနေလဲသိချင်ရင် ကျွန်တော်မေးတာ
ကိုဖြေမှရမယ် အကိုက Ming ကိုတစ်ဖက်သတ်ကြိုက်ခဲ့တာ
လား ဟုတ်လား "
         " ဟုတ်တယ် ငါသူ့ကိုချစ်ခဲ့တယ် "
         " ဒါဆို Perth နဲ့ကိစ္စကိုဘယ်လိုသိထားတာလဲ "
         " သူအရမ်းပျော်နေခဲ့တာ Perth ကိုသူချစ်တယ်ဆိုလို့
ငါသူ့ကိုအတင်းမလုယူခဲ့ဘူး ငါနားလည်ပေးခဲ့တယ် ဒါပေမယ့် ငါကြားလိုက်ရတာငါ့ညီမလေးသေသွားပြီတဲ့ ငါနိုင်ငံခြား
ရောက်တုန်းကြားလိုက်ရတာ "
         " နေဦး ခဏလေးနေပါဦး ကျွန်တော်ရူးတော့မယ် "
            " Ming ဘယ်မှာလဲ ငါမေးနေတယ်လေ "
            " Ming က Perth ကိုချစ်တယ်ဆိုရင် ဒါဆိုရင် "
ဆေးရုံခန်းကို အမှောင်ချလိုက်ပြီး Perth ရှိနေတဲ့ကုတင်နား
ကိုဖြည်းဖြည်းချင်းလျှောက်သွားလိုက်တယ်
Perth ရဲ့နဖူးကိုဖြည်းဖြည်းချင်းကပ်သွားပြီး နမ်းလိုက်တယ်
           " နင့်အနားမှာနေချင်လို့ ရ နှစ်လုံးငါ့ရုပ်ကိုဖျက်ဆီးပြီး
နေခဲ့တာလေ အခု Saint ကငါ့အကြောင်းကိုသိသွားပြီ သူအခု Zee ကိုသွားရှာနေလောက်ပြီ ငါမပိုင်ဆိုင်ရရင်နင့်ကိုဘယ်သူ့လက်ထဲမှ မထည့်လိုက်နိုင်ဘူး "
Ming ကဘေးကအောက်ဆီဂျင်ခလုတ်ကိုပိတ်လိုက်တယ်
         " နင့်နောက်ကိုငါလိုက်လာမှာမို့လို့ သွားနှင့်ပါ
အရမ်းချစ်တယ် Perth "
ဒါဆို အားလုံးကို Ming ကအကွက်ချစီစဉ်ခဲ့တာလား ဒါဆို
Perth အခု Perth မှာအန္တရာယ်ရှိနေပြီ
မယုံကြည်နိုင်ဘူး ဒီဇာတ်လမ်းရဲ့အဓိကအကြောင်းအရင်းက
Ming တဲ့လား Perth ရော Zee ရော ကျွန်တော်ရော သူတစ်
ယောက်ထဲလှည့်စားတာကိုခံခဲ့ရတာပဲ
                                     Part 20 ( the end )

Love is ( complete)Where stories live. Discover now