Part 16

1.1K 162 6
                                    

အဲ့ညကကျွန်တော့်မှာ ပြသနာတွေအများကြီးရှိနေခဲ့တာ
အမေနဲ့ရန်အကြီးအကျယ်ဖြစ်နေခဲ့တာ
" ဘာ Perth Tanapon မင်းကအမေကိုပြန်အာခံနေတာ
လား မင်းအသက်လေးငယ်ငယ်လေးနဲ့အမေကိုပြန်အာခံတယ် "
" အမေ့ကိုအာခံနေတာမဟုတ်ဘူးလေ ကျွန်တော် Ming ကိုလက်မထပ်နိုင်ကြောင်းပြောနေတာ သူနဲ့စေ့စပ်ဖို့လည်းအ
စီအစဉ်မရှိဘူး သူကကျွန်တော့်အတွက်သူငယ်ချင်းပဲ "
" မင်းမှာသူငယ်ချင်းဆိုတာမရှိဘူး ဘာလဲ မင်းရည်း
စားကိုမပြစ်ချင်လို့မလား ဒါကြောင့် အကြောင်းပြချက်တွေပေးနေတာမလား "
ဝုန်း.......... အမေကသူ့စားပွဲပေါ်ကပစ္စည်းတွေကိုရိုက်ချလိုက်တယ် တစ်အိမ်လုံးကလူတွေလည်းကြောက်လန့်နေလောက်ပြီ ကျွန်တော်တို့ရန်ဖြစ်တဲ့အသံကကျယ်လောင်လွန်းလို့လေ အမေ့ကိုပြန်ခံပြီးပြောနေရတာလည်းကျွန်တော့်အ
တွက်အဆင်မပြေတော့ဘူး ဒီနေရာကနေတစ်နေရာရာကိုအ
မြန်ထွက်သွားတာပဲကောင်းလိမ့်မယ် ကျွန်တော်ချက်ချင်းအ
မေ့အခန်းထဲကနေထွက်လာခဲ့တယ်
တီ တီ ........... အဲ့အချိန်မှာပဲဝင်လာတဲ့ Saint ရဲ့ဖုန်းသံ
" ဘာဖြစ်တာလဲ အခုဘယ်မှာလဲ ကိုချက်ချင်းလာခဲ့မယ် "
ယာဥိ်မောင်းလိုင်စင်မရှိသေးပေမယ့်လည်း သူ့ဆီကိုအမြန်
သွားဖို့ကလိုအပ်လာပြီ Saint ရဲ့ငိုသံကကျွန်တော့်ရဲ့အသိ
စိတ်တွေကိုပျောက်ရှသွားစေတယ် ကျွန်တော်သူ့ကိုအရမ်းစိုး
ရိမ်လွန်းလို့ချိတ်ထားတဲ့ကားသော့ကိုဖြုတ်သွားလိုက်တယ်
" သခင်လေး ကားယူပြီးဘယ်သွားမလို့လဲ ဦးလေးလိုက်ပို့
ပေးမယ်လေ "
" ရတယ် ကျွန်တော့်ဘာသာသွားနိုင်တယ် "
ဘယ်သူ့စကားကိုမှနားမထောင်ဘဲတစ်ယောက်ထဲမောင်း
လာခဲ့တယ်
တီ တီ .... Saint ပဲထပ်ဆက်တာလားဆိုပြီးကိုင်လိုက်တယ်
" Perth Perth "
အသံကဝိုးတိုးဝါးတားနဲ့ အသက်ရှူသံပုံမှန်မဟုတ်သလိုပဲ
" ဘယ်သူလဲ ဘယ်သူပြောနေတာလဲ "
" Ming ငါ Ming ကယ်ပါ "
" Ming လား ငါသေချာမကြားရဘူး နင်ဘာပြောချင်တာ
လဲ ဟယ်လို "
ကားကိုခဏရပ်ပြီးအသံကိုသေချာနားထောင်လိုက်တယ်
" တော တောလမ်း နင့်အိမ်နား "
သူမပြေးရင်းနဲ့ဖုန်းဆက်နေတာလား သူ့အသံကမသဲကွဲတော့
ကို့ဘာသာစဉ်းစားလိုက်မိတယ် ငါ့အိမ်နားကလမ်းလား ကားမှန်ကိုချပြီးကြည့်လိုက်တော့မှ ကျွန်တော့်ကားကသူပြောသလိုတောလမ်းနားကိုရောက်နေတာပဲ ကားကိုဘေးကပ်ရပ်ပြီး
ကားပေါ်ကဆင်းကြည့်လိုက်တယ် လမ်းမီးတိုင်တွေကလည်း
အလင်းရောင်သိပ်မရ လကွယ်ညလည်းဖြစ်နေတော့ သေချာ
မမြင်နိုင်ဘူး
" Perth လား " မလှမ်းမကမ်းနေရာကနေ မိန်းကလေး
တစ်ယောက်ပြေးလာတာကို မြင်တော့သေချာကြည့်လိုက်
တော့မှ Ming ပဲ သူကျွန်တော့်ဆီပြေးလာရင်းနဲ့ချော်လဲမလို
တောင်ဖြစ်လို့ ကိုယ်တိုင်ပဲလမ်းတစ်ဖက်ကိုကူးပြီးသူ့ကိုသွား
ထူလိုက်ရတယ် သူမလက်တွေကကျွန်တော့်ပခုံးကိုအားကိုး
တကြီးကိုဆုပ်ကိုင်ထားတာ
" Ming Ming ဘာဖြစ်လာတာလဲ ဟေး ငါပြောတာကြား
လား "
" သူလိုက်လာတယ် သူငါ့နောက်ကိုလိုက်လာတယ် ငါ့ကို
ကယ်ပါ ကယ်ပါ "
သူမကျွန်တော့်မျက်လုံးတွေကိုတောင်မကြည့်ဘဲ ကယောင်
ကတမ်းတွေပြောနေတာပဲ ဘာတွေများသူအရမ်းထိတ်လန့်နေတာလဲ
" Ming အင်းပါ ငါရှိနေတယ်လေ နင်ချွေးတွေလည်းအရမ်းထွက်နေတယ် လာ ငါ့ကားကဟိုမှာ "
သူ့ကိုထူပေးပြီးလမ်းတစ်ဖက်က ကားဆီကိုပြန်လျှောက်လာ
ခဲ့တယ် သူမလမ်းကိုတောင်ကောင်းကောင်းမလျှောက်နိုင်
တော့ဘူး သူမခြေထောက်တွေကယိမ်းယိုင်နေခဲ့တယ် တစ်ခ
ဏအတွင်းရောက်နိုင်တဲ့လမ်းတစ်ဖက်ကိုကူးဖို့တောင်မနည်း
အချိန်ယူခဲ့ရတယ်
တီ................. အလင်းရောင်စူးစူးနဲ့အသံစူးစူးကို ကြားလိုက်ရတယ် ကျွန်တော်နောက်ဆုံးမြင်လိုက်တာကကားတစ်စီး
ဖြစ်ဖို့များတယ် အလင်းရောင်စူးစူးကကျွန်တော့်မျက်လုံးကို
ထိုးလိုက်လို့ဘာကိုမှတော့သေချာမမြင်ခဲ့ရဘူး နောက်ဆုံးသိ
လိုက်တဲ့အသိက Ming ကိုကျွန်တော်ဖက်ပြီးကာကွယ်ထားဖို့
တွေးလိုက်တယ်
" ဥက္ကဌ ဥက္ကဌ သတိထားပါဦး "
" ငါ့သားရော Perth ရော ငါမေးတာဖြေလေ Perth
ဘယ်မှာလဲ ဘယ်မှာလဲလို့ "
" အရေးပေါ်ခွဲစိတ်ခန်းဝင်နေရပါတယ် ကားတိုက်မှုက
ပြင်းထန်သွားတယ် သခင်လေးရော Ming ရော ခွဲစိတ်ခန်းဝင်
ထားရပါတယ် "
အမေတစ်ယောက်ရဲ့သောကကြောင့် ခြေထောက်တောင်ခိုင်
ခိုင်မရပ်နိုင်တော့ဘူး
" မဟုတ်ဘူး ခုနကတင်အမေနဲ့စကားများပြီးထွက်သွား
တာ ချက်ချင်းကားတိုက်မှုကဘယ်လိုဖြစ်တာလဲ "
" ဥက္ကဌ စိတ်ကိုအေးအေးထားပါ "
ခွဲစိတ်ခန်းကနေ ဆရာဝန်ကထွက်လာတယ်
" ဒေါက်တာ ကျွန်မသားလေးအခြေအနေ "
" ကားတိုက်မှုကပြင်းထန်ခဲ့တယ် သွေးထွက်လွန်ပြီးသူ့
ဦးခေါင်းကိုထိသွားတာပြင်းတယ် "
" သူတစ်ခုခုများ မဟုတ်ဘူး မဖြစ်နိုင်ပါဘူး "
" ခွဲစိတ်ထားပေမယ့်ခေါင်းကိုပြင်းပြင်းထန်ထန်ထိမိသွား
တာကြောင့် ရလဒ်ကချက်ချင်းမပြောနိုင်သေးဘူး ပြန်နိုးလာ
တာလည်းဖြစ်နိုင်ပေမယ့် မနိုးထလာတော့တာလည်းဖြစ်နိုင်
ချေများပါတယ် "
  " ဘုရား ဘုရား ငါ့သားလေး "
" ဥက္ကဌ အိမ်မှာခဏလောက်ပြန်နားလိုက်ပါ ဒီတိုင်းဆို
ဥက္ကဌပါလဲသွားလိမ့်မယ် "
ကျွန်တော်အမှောင်ကမ္ဘာထဲကိုချက်ချင်းရောက်သွားသလိုပါပဲ
ဒါပေမယ့် စိုးရိမ်နေမိတာက Saint ဘာတွေများဖြစ်နေပြီလဲ
သူအခုဘယ်ရောက်နေလဲ သူအဆင်ပြေရဲ့လား အခွင့်အရေး
လေးသာထပ်ရှ်ိခဲ့ရင် သူ့ကိုထပ်တွေ့ချင်မိပါတယ်
" Ming Ming သတိရလာပြီလား "
Ming နိုးလာတဲ့အချိန်မှာ ပထမဆုံးမြင်လိုက်ရတာ Zee ရဲ့အ
ဖေပါလား
" ဦးလေး " Zee ရဲ့အဖေကိုမြင်လိုက်တာနဲ့ သူအင်အား
ရှိသလောက်သုံးပြီးထလိုက်တယ်
" Ming သမီးအဆင်ပြေလို့တော်သေးတာပေါ့ "
" အကိုရော အကို Zee ရော သမီးဆေးရုံရောက်နေတာ
သူသိသွားပြီလား "
" ဘာလို့သမီးအကိုကိုမေးနေတာလဲ သူမနေ့ညထဲက
အိမ်ပြန်မရောက်သေးဘူး "
Ming ကသူ့ဦးလေးလက်ကိုဆုပ်ကိုင်ထားလိုက်တယ်
" ဦးလေး သမီးကို Perth နဲ့လက်ထပ်ပေးဖို့ရည်ရွယ်ပြီး
သားမဟုတ်လား ဒါဆို သမီးကိုတစ်ခုပဲနောက်ဆုံးကူညီပေးပါ
ဒီနေ့ကစပြီး Ming ဆိုတာသေလူတစ်ယောက်လ်ိုသတ်မှတ်
ပေးပါ သမီးကိုသေစာရင်းသွင်းပေးပါ ပြီးတော့ သမီးကို အကို
မမြင်နိုင်တဲ့နေရာမှာဖွက်ထားပေးပါ ကျေးဇူးပြုပြီး နောက်ဆုံး
ကူညီပေးပါ "
Perth အခန်းထဲကိုယိုင်တိုင်တိုင်နဲ့သွားခဲ့တယ် လဲလျောင်းနေတဲ့သူ့ကိုမြင်လိုက်ရတာ အရမ်းပင်ပန်းလွန်းတယ် အဲ့ဒါသူ
နဲ့မသက်ဆိုင်တဲ့ ကျွန်မကြောင့်ဖြစ်ခဲ့ရတာ
" တောင်းပန်ပါတယ် ငါ့ကြောင့်ဖြစ်ခဲ့တာပါ တောငိးပန်ပါ
တယ် Perth ကျေးဇူးပြုပြီးနိုးထခဲ့ပေးပါ "
သူ့လက်ကိုဆုပ်ကိုင်ပြီးငိုကြွေးခဲ့ရုံကလွဲရင်ဘာမှမလုပ်ပေး
နိုင်ခဲ့ဘူး အဲ့ထဲကသာ သူ့မှာ Saint ရှိတယ်ဆိုတာသိခဲ့ရင်အခုလိုပြသနာတွေဖြစ်လာမှာမဟုတ်ဘူး တကယ်မသိခဲ့ဘူး
Perth အတွက် Saint ဆိုတဲ့ကောင်လေးရှိနေခဲ့တာကို ကျွန်
မတကယ်မသိခဲ့ဘူး အဲ့အတွက်သူနိုးထလာမယ့်အချိန်ကို
စောင့်နေခဲ့ရုံပဲရှိတော့တယ်
Zee ကကျွန်မကိုမှတ်မိမှာမဟုတ်တော့ဘူး ဆေးရုံမှာတစ်
ပတ်လောက်ပုန်းနေပြီးတာနဲ့ Ming ဆိုတဲ့ကောင်မလေးရဲ့
မျက်နှာကို တစ်ခြားမျက်နှာအဖြစ်ခွဲစိတ်လိုက်တယ် အဲ့ဒဏ်
ကဘယ်လောက်နာကျင်ရလဲသိရဲ့လား ဒါပေမယ့် အဲ့နာကျင်မှုထက် Zee ကျွန်မဘဝထဲပြန်ဝင်လာမှာပိုကြောက်တယ်
" ငါမေးနေတယ်လေ မင်းကဘယ်သူလဲ နာမည် မင်း
နာမည်ကဘာလဲ "
နားလည်လိုက်မိတာက ကျွန်မ ရ နှစ်လုံးရှောင်ပုန်းခဲ့ပြီးပြီ
Perth အိပ်စက်နေတဲ့အချိန်မှာသူနဲ့အတူပုန်းခဲ့တယ် အခု
Perth လည်းနိုးထလာသလို ကျွန်မလည်းနိုးထလာမှဖြစ်တော့မယ် ဒီထက်ပိုပြီးရှောင်ပြေးနေမိရင် Zee ကရိပ်မိသွား
လိမ့်မယ်
" ကျွန်မက Perth Tanapon ရဲ့အတွင်းရေးမှူး
Zoey လို့ခေါ်ပါတယ် "
" Zoey ပြင်သစ်နာမည်လား "
" ဟုတ်ကဲ့ မိတ်ဆက်တာနောက်ကျသွားလို့အားနာမိပါ
တယ် "
Saint က Perth နားကိုဖြည်းဖြညိးချင်းလျှောက်သွားရင်းဒီ
တိုင်းငေးကြည့်နေခဲ့တယ်
" ကိုမလိမ်ပါဘူး ကိုအချိန်ကြာကြီးကိုမာဝင်နေခဲ့တာပါ "
" မဖြစ်နိုင်တာ ဘာလို့ ဘာလို့အစောထဲကမပြောခဲ့တာ
လဲ ဘာလို့လဲ "
Saint ကစိတ်ကိုဖွင့်ချရင်းငိုကြွေးလိုက်ပြီးတော့မှ Perth ကို
တင်းတင်းကြပ်ကြပ်ပြေးဖက်ထားလိ်ုက်တယ်
" ကို့ကိုယုံကြည်တာလား "
" Perth ကိုလောကမှာအယုံကြည်ဆုံးပါ ဘာလို့အဲ့ဒါတွေကိုမပြောခဲ့ရတာလဲ ကျွန်တော်ညံ့ဖျင်းလွန်းတယ် ဘာမှမ
သိဘဲ Perth ကိုမုန်းနေခဲ့မိတယ် "
ပျော်လွန်းလို့ပိုပြီးငိုချလိုက်မိတယ် သူ့ကိုယုံကြည်ပေးတဲ့အ
တွက်ပိုုပြီးပျော်နေမိတယ်
Saint ကဖက်ထားရင်းနဲ့ Perth ပါးကိုတဖွဖွနမ်းလိုက်တယ်
" ကြောက်နေခဲ့တာ Perth ကျွန်တော့်ကိုပြစ်ထားတုန်း
ကကြောက်နေခဲ့တာ ဒါပေမယ့် အဲ့တုန်းကကျွန်တော့်ထပ်
Perth ကပိုပြီးပင်ပန်းခဲ့မှာ မသိခဲ့လို့တောင်းပန်ပါတယ် "
" Saint ကျေးဇူးတင်ပါတယ် ကို့ကိုယုံကြည်ပေးလို့
ကျေးဇူးတင်ပါတယ် သိရဲ့လား ကိုမင်းကိုအရမ်းချစ်တယ် "
မျက်ရည်တွေစီးကျနေတဲ့ Perth ရဲ့ပါးပေါ်ကမျက်ရည်စက်
တွေကို Saint ကသူ့လက်နဲ့သုတ်ပေးလိုက်တယ် လွန်ခဲ့တဲ့
ရ နှစ်ကအတိုင်းပြန်ပြီးအသက်ဝင်တဲ့အပြုံးနဲ့ပြုံးပြခဲ့တယ်
" ကျွန်တော်လည်း ချစ်လွန်းလို့တစ်ရက်မှမေ့လို့မရခဲ့
ပါဘူး "
Perth က Saint ပါးလေးကိုကိုင်ပြီး သူ့နှုတ်ခမ်းဖျားလေးတွေကိုစုပ်နမ်းလိုက်တယ်
Part 16 ( the end )

Love is ( complete)Where stories live. Discover now