Part 5

1.1K 135 4
                                    

" ဟဲ့ကောင် မင်းကဘာမို့လို့ငါ့ကိုဝင်တိုက်ရတာလဲ "
ကျောင်းသားတစ်စုက Saint အနားမှာဝိုင်းပြီး အနိုင်ကျင့်နေ
ကြတယ်
" အခြောက်ဒီဇိုင်းနဲ့ ဟဲ့ကောင် ဖြေလေ " ဘေးကရပ်ကြည့်
နေတဲ့ကျောင်းသားတွေကလည်းဝင်မထိန်းဘဲ ဒီတိုင်းရပ်
ကြည့်နေတယ်
" တောင်းပန်ပါတယ် မမြင်လိုက်လို့ပါ " ကြောက်လန့်နေတဲ့
Saint တစ်ယောက်ကတော့ဘာလုပ်လို့လုပ်ရမလဲကိုမသိဘူး
" ခွေးကောင် " အနောက်ကနေရောက်လာတဲ့ Perth က
Saint ကိုအော်နေတဲ့ကောင်ရဲ့မျက်နှာကိုဆွဲထိုးလိုက်တယ်
" ခွေးကောင် မင်းကများငါ့လူကို " နှစိယောက်သားရန်
ဖြစ်ပြီးထိုးကြိတ်နေလို့ဘေးကကျောင်းသားတွေကဝိုင်းဆွဲ
ထားရတယ်
" Perth Perth တော်ပါတော့ " Saint ကလည်းသူရှိသ
လောက်ခွန်အားနဲ့ Perth ကိုခါးကနေဖက်ပြီးတားထားလိုက်
တယ်
" အား "
" နာတယ်ပေါ့ ခုနကထိုးတော့မနာဘူးလား ဆေးလေးထည့်
မှလာသည်းမနေနဲ့ " Saint ကကျောင်းခေါင်မိုးထပ်ကခုံတန်း
ပေါ်မှာ Perth ဒဏ်ရာကိုဆေးထည့်ပေးနေတယ်
" တော်သေးတာပေါ့ ဆရာမတွေ့လို့ မဟုတ်ရင်ရုံးခန်း
ရောက်နေလောက်ပြီ ဘာလို့ဒေါသကိုနည်းနည်းတောင်မ
ထိန်းသိမ်းနိုင်တာလဲ "
Saint ကပွစိပွစိနဲ့ စကားကိုမရပ်တော့ဘဲပြောနေတော့တာပဲ
သူအဲ့လိုစိတ်တိုတိုနဲ့ပြောနေလည်းပဲ Perth ကသူ့ကိုပြုံးစိစိနဲ့
ကြည့်နေတော့ စိတ်ထဲမှာမတင်မကျနဲ့
" ဘာလို့အဲ့လိုကြည့်နေတာလဲ စိတ်ဆိုးနေတာ ဒီမှာစိတ်
ဆိုးနေတာလေ "
" ကို့ချစ်သူကို အနိုင်ကျင့်နေကြတာ ကိုကလက်ပိုက်ပြီး
ကြည့်နေရမှာလား မနေနိုင်ဘူးလေ "
Perth က Saint မျက်နှာနားလေးကိုကပ်သွားလိုက်တယ်
" ကို့ချစ်သူလေးကို တစ်စက်တောင်အထိမခံနိုင်ဘူးလေ "
Saint ကအောက်နှုတ်ခမ်းလေးကိုကိုက်ပြီး Perth ဒဏ်ရာကို
အားနဲ့ဖိပြီးဆေးထည့်လိုက်တယ်
" အား Saint နာတယ်လေ "
" ဟွန့် နာအောင်လုပ်တာ အမြင်ကတ်လို့ "
" ဟုတ်လို့လား မယုံပါဘူးနော် အမြင်ကတ်တာလား ချစ်မ
ဝတာလား "
Saint ကသက်ပြင်းချလိုက်မိတယ်
" Perth မနောက်နဲ့တော့ နောက်ဆိုအဲ့လိုကျွန်တော့်အ
တွက်ရန်မဖြစ်ပါနဲ့ ဆရာဆရာမတွေရှိနေတာပဲ ဘာမှမဖြစ်ပါ
ဘူး ရန်မဖြစ်ပါနဲ့နော် "
Perth မျက်နှာကဒဏ်ရာတွေကို အကြင်နာအကြည့်လေးနဲ့
ကြည့်နေခဲ့တယ်
" Perth မျက်နှာလေးမှာ ဒီလိုတွေဖြစ်နေတာ ကျွန်တော့်
ကြောင့်ဆိုတာ "
ပြွတ် ........ Perth ကပြောလက်စ Saint ရဲ့နှုတ်ခမ်းလေးကို
အသံမြည်အောင်ကိုဖိနမ်းလိုက်တယ်
" Perth "
Saint ရဲ့ပါးဖောင်းဖောင်းလေးနှစ်ဖက်ကို လက်နဲ့ဖိထားလိုက်
တယ်
" ဆကိမပြောနဲ့တော့ ကိုဘာဖြစ်ဖြစ်အဓိကကမင်းဘာမှမ
ဖြစ်ဖို့လိုတယ် မင်းအဆင်ပြေဖို့လိုတယ် ကြားလား "
Saint ကပြုံးပြီးခေါင်းညိမ့်လိုက်တော့ Perth ကသူကိုင်ထား
တဲ့ပါးလေးတွေကြားကစူထွက်နေတဲ့ Saint နှုတ်ခမ်းလေးကို
စုပ်ယူနမ်းရှိုက်လိုက်တယ်
ပထွေးနဲ့နေရတဲ့ ကျွန်တော့်မှာငယ်ငယ်ထဲကဆင်းရဲပင်ပန်းမှု
တွေကြားမှာကြီးပြင်းလာခဲ့ရတာ တစ်ဘဝလုံးပင်ပန်းခဲ့ရတယ်
ဒါပေမယ့် Perth နဲ့စတွေ့ဆုံပြီးထဲက ကို့ကိုယ်ကိုတစ်ယောက်ထဲလိုမတွေးနိုင်တော့ဘူး သူ့အနမ်းတွေကခွန်အားတွေ
ဖြစ်စေခဲ့တယ်လေ သူ့ကိုအရမ်းချစ်တယ်
" Hello Hello " စပီကာကအသံလည်းမဟုတ် ဒါပေမယ့်
တစ်ခန်းလုံးကိုပျံ့နှံ့နေတယ် ဘယ်ကအသံလည်း ဘယ်သူ
အော်နေတာလဲ တစ်ခန်းလုံးကလည်းစိတ်ဝင်စားပြီးအသံရှိ
ရာကိုရှာကြည့်တော့မှ ကျောင်းဆောင်အောက်မှာ Perth က
မိုက်တစ်လုံးနဲ့ Sound Box တစ်လုံးနဲ့
ကျောင်းဆောင်သုံးထပ် ပြတင်းပေါက်ကနေလှမ်းကြည့်လို့
Perth ကိုမြင်လိုက်ရတော့အံ့အားသင့်မိတယ် သူဘာလုပ်
ဖို့လဲ
" ဟေး သုံးလွှာ အတန်း A ကဖြူဖြူဖွေးဖွေးနဲ့ကောင်လေး
ဘာတွေကြောင်ကြည့်နေတာလဲ "
Perth ကြည့်နေတဲ့တညိ့တည့်ကိုအားလုံးကလိုက်ကြည့်
လိုက်တော့ Saint ဆီကိုအားလုံးရဲ့မျကိလုံးကရောက်သွားမိ
တယ်
" Perth ဘာတွေလုပ်နေတာလဲ "
" တစ်ကျောင်းလုံးကိုကြားအောင်ပြောစရာရှိတယ် အတန်း
A က Saint Suppapong ဆိုတဲ့ကောင်လေးကမင်းတို့အနိုင်
ကျင့်စရာအရုပ်မဟုတ်ဘူး သူကငါပိုင်တာ ငါ့လူ ငါ့ရဲ့ရည်းစား
ဒါကြောင့် နောက်ဆိုသူ့ကိုအနိုင်ကျင့်တာတွေ့တာနဲ့ ငါကဒီ
တိုင်းနေမှာမဟုတ်ဘူး "
Wow ....... တစ်ကျောင်းလုံးကသူတွေကဒါကိုကြားကြားချင်းယုံတောင်မယုံနိုင်ဘူး Perth ရဲ့ရည်းစားက Saint တဲ့လား Saint လည်းဘာမှတောင်ပြန်မပြောနိုင်ဘဲဆွံ့အနေခဲ့
တယ်
" ဟေး ချစ်သူလေး Saint ဘာလို့အဲ့လိုကြည့်နေတာလဲ မင်းကကို့ဆီမဆင်းလာတော့ တစ်ကျောင်းလုံးကကိုတို့ချစ်သူ
ဖြစ်တယ်ဆိုတာ ဘယ်လိုယုံမှာလဲ ဆငိးလာခဲ့ ကိုမင်းအ
ကြိုက်ဆုံးသီချင်းနဲ့စောင့်နေမယ် "
Perth ကသူ့ဂစ်တာကိုထုတ်လိုက်ပြီး ဂစ်တာကိုစတီးပြီး အချစ်သီချင်းကိုဆိုလိုက်တယ် သီချင်းဆိုရင်း Saint ကိုလည်းပြုံးပြီးကြည့်နေခဲ့တယ် Saint ကတော့အသံကိုနားထောင်
ရင်း Perth ပြုံးနေတာကိုကြည့်ရင်းနဲ့ကို မျက်ရည်တွေမဆည်
နိုင်အောင်ကိုကျလာခဲ့တယ် သူ့ခြေလှမ်းတွေတုန်လှုပ်နေလို့
တောင် အောက်ကိုပြေးဆင်းဖို့ကိုမေ့နေခဲ့တယ်
Perth ကသီချင်းဆိုနေရင်းနဲ့ " အရမ်းချစ်တယ် Saint "
ချစ်တယ်ဆိုတဲ့စကားကိုကြားတာနဲ့ Saint ကတုန်ရီနေတဲ့
ခြေလှမ်းတွေနဲ့အောက်ထပ်ကိုတစ်ထပ်ချင်း ပြေးဆင်းလာခဲ့
တယ် Saint ရောက်လာတာနဲ့ Perth ကဂစ်တာကိုဘေးချ
ထားလိုက်တယ်
" ဟင် ဘာလို့ငိုနေတာလဲ ကလေးလား ငိုနေရအောင် "
Saint ကထပ်ငိုပြီးတော့ Perth ကိုပြေးဖက်လိုက်တယ်
" ကျေးဇူးတင်ပါတယ် ချစ်တယ် အရမ်းချစ်တယ် Perth "
" Saint ဒါမင်းအတွက် "
Perth ကသူ့လက်ထဲကလက်စွပ်နှစ်ကွင်းထဲက တစ်ကွင်းကို
ချွတ်ပြီး Saint ရဲ့လက်သူကြွယ်မှာဝတ်ပေးလိုက်တယ်
" အခု ကိုတို့ကစေ့စပ်ထားတဲ့ချစ်သူတွေဖြစ်သွားပြီနော် "
Saint ရဲ့လက်စွပ်ဝတ်ထားတဲ့လက်လေးကို Perth ကနမ်း
ရှိုက်လိုက်တယ်
" Perth ကကျွန်တော့်ဘဝမှာအချစ်ရဆုံးသူပါ ဒီလက်စွပ်
လေးကိုထာဝရ ဝတ်ထားပါ့မယ် "
ကတိပေးခဲ့တယ် သူ့ကိုကတိပေးခဲ့ပေမယ့် သစ္စာဖောက်မှု
တစ်ရပ်ကြောင့် အဲ့လက်စွပ်ကိုချွတ်ပြစ်ခဲ့ရတယ် အခုတော့
နောက်ထပ်လက်စွပ်လေးတစ်ကွင်းကကျွန်တော့်ရှေ့မှာရောက်နေခဲ့ပြီ
" ကိုတို့ ထာဝရအတူနေရအောင် ဒါက Saint အတွက်ကို့ရဲ့
စေ့စပ်လက်စွပ်လေး လက်ခံပေးမယ်မလား "
P Zee ကဒီနေ့စားသောက်ဆိုင်တစ်ဆိုင်လုံးကိုငှားထားပြီး
ကျွန်တော့်ဆီက စေ့စပ်ခွင့်ကိုတောင်းခံနေတာပဲ သူပေးတဲ့
လက်စွပ်လေးကိုကျွန်တော့်လက်သူကြွယ်မှာဝတ်ပေးဖို့စောင့်
နေခဲ့တယ်
" Saint ဘာတွေစဉ်းစားနေတာလဲ ကိုတို့မဖြစ်နိုင်ဘူးလား "
" မဟုတ်ပါဘူး တစ်ခုခုကခေါင်းထဲဝင်လာလို့ပါ "
Zee ကအပြုံးနဲ့လက်ကမ်းပေးလိုက်တော့ Saint ကသူ့လက်ကိုပေးလိုက်တယ် Saint ရဲ့လက်ကိုကိုင်ပြီးလက်
စွပ်လေးကိုလက်သူကြွယ်မှာဝတ်ပေးလိုက်တယ်
" အရမ်းလိုက်ဖက်တာပဲ ကျေးဇူးတင်ပါတယ် Saint ကို့ကို
လက်ခံပေးလို့လေ "
" ကျွန်တော်ကလည်း အကို့ကိုကျေးဇူးတင်ပါတယ် "
" ထာဝရလက်တွဲမဖြုတ်ဘူးမလား "
Saint ကမျက်ရည်တွေဝဲလာခဲ့တယ် သူ့လက်ထဲကလက်စွပ်
ကိုပဲကြည့်နေခဲ့တယ်
" ဟုတ်ကဲ့ ထာဝရလက်တွဲသွားပါ့မယ် အကိုနဲ့ထာဝရ အတူနေပေးပါ့မယ် "
Saint စကားအဆုံးမှာပဲ မျက်ရည်တစ်စက်ကသူ့လက်စွပ်ပေါ်
ကိုကျဆင်းခဲ့တယ်..............
Part 5 ( the end )

Love is ( complete)Where stories live. Discover now