Part 9

1K 144 7
                                    

တစ်ယောက်နဲ့တစ်ယောက်မျက်နှာချင်းဆိုင်ကြည့်နေရာကနေပတ်ဝန်းကျင်ဆိုတာကိုသတ်ိမထားနိုင်တော့ဘူး မသိ
တော့ဘူး ရုတ်တရက်ကျွန်တော့်လက်ကိုတစ်ယောက်ယောက်ကဖမ်းဆွဲလိုက်တယ် ကို့ကိုယ်ကိုတိုင်မသိလိုက်ဘဲအဲ့လူရဲ့
ခေါ်ဆောင်ရာနောက်ကိုပါသွားခဲ့တာ စင်အောက်ရောက်တဲံ့ထိပဲ
" Zee "
Perth ကလည်းပြေးဆင်းလာပြီး ကျန်တဲ့လက်တစ်ဖက်ကိုဆွဲ
ထားလိုက်တယ်
" မင်းအခုဘာလုပ်နေတာလဲ "
" အဲ့ဒါမင်းကိုမေးရမှာ မင်းကဘာလို့ Saint လက်ကိုကိုင်
ထားရတာလဲ "
တစ်ဖက်ဆီကနေင်္ပြီး အခြေအတင်စကားများနေတဲ့သူနှစ်
ယောက်ကြားမှာ ဘာလုပ်ရမှန်းမသိတော့ဘူး
" Saint ကငါ့လူ သူ့လက်ကိုလွှတ်လိုက် သူကငါပိုင်တာ
သူ့ကိုလွှတ်လိုက် "
" Zee ပိုင်တယ်ဆိုတာဘယ်လိုမျိုးလဲ သူ့ကိုကုန်ပစ္စည်းလို
ပိုင်ဆိုင်တာလား ဒါမှမဟုတ် တစ်ခြားပိုင်ဆိုင်မှုလိုလား တန်ဖိုးဖြတ်ရအောင်သူကသက်မဲ့မဟုတ်ဘူး "
Zee က " တောက် " ခေါက်ပြီး Perth ရဲ့ကော်လံကနေကိုင်
ပြီးဆွဲထိုးလိုက်တယ်
" အား " Saint မြင်လိုက်ရတဲ့ရုတ်တရက်မြင်ကွင်းကြောင့်
သူလန့်ပြီး အော်လိုက်မိတယ်
" မင်းလိုကောင်ကိုငါကဒီလိုကိုထိုးချင်နေတာ "
Perth ကိုနောက်တစ်ခါထပ်ထိုးမယ်ပြင်လိုက်ချိန်မှာ Saint ကကြားကနေဝင်ကာထားလိုက်တယ်
" P Zee အခုဘာလုပ်နေတာလဲ မလုပ်ပါနဲ့ "
" Saint မင်းကပါမင်းအကောင်ဘက်ကပါတာလား "
Zee ကတစ်ခါမှဒီလောက်ဒေါသမထွက်ဖူးတော့ ပိုပြီးလန့်နေမိတာ ပြောတဲ့စကားတွေတောင်တုန်တယ်
" မ မဟုတ် မဟုတ်ပါဘူး ကျွန်တော်က အက်ိုပိုင်တာပါ
ဒါကြောင့် သူ့ကိုလွှတ်ပေးလိုက်ပါ "
" Saint မင်းငါ့ကိုကာနေဖို့မလိုဘူး "
" မကာဘူး ဘာလို့ကာပေးရမှာလဲ ကျွန်တော်တို့က ဘာ
များသက်ဆိုင်လို့လဲ ကျွန်တော့်သူဌေးကို ဘာမဟုတ်တာလေးကြောင့်ဒေါသမထွက်စေချင်လို့ပါ "
" Saint "
" ဟုတ်တယ် ငါနဲ့မင်းပဲရှင်းရမယ် လိုက်ခဲ့ " Zee ကအ
တင်း Saint လက်ကိုဆွဲခေါ်သွားလိုက်တယ် Perth ကထပြီး
လိုက်ဖို့လုပ်လိုက်ပေမယ့် Ming ကရှေ့ကနေတားထားလိုက်
တယ်
" ဘာလုပ်တာလဲ "
" လွှတ်ထားလိုက် ဒါမှ သူနားလည်မှာ ဘယ်သူကစစ်မှန်
လည်းဆိုတာအဲ့ဒါမှ Saint သိမှာ "
ကြားကနေကျွန်တော်ပဲခါးစည်းခံမယ် Perth ကိုလည်းမနာ
ကျင်စေချင်သလို P Zee ကိုလည်းကြမ်းတမ်းတဲ့သူမဖြစ်စေ
ချင်ဘူး နှစ်ယောက်လုံးကကျွန်တော်နဲ့ပတ်သတ်တဲ့သူတွေမို့
လို့ကျွန်တော်ပဲရင်ဆိုင်မယ်
" ခွမ်း " .......... Zee ကသူ့တိုက်ခန်းရောက်တာနဲ့တွေ့တဲ့ဖန်ခွက်ကိုနံရံဆီပြစ်ခွဲလိုက်တယ် သူ့အကြည့်တွေကကြောက်
ဖို့ကောင်းလွန်းလို့ ကျွန်တော်တုန်လှုပ်နေမိတယ် P Zee နဲ့သိ
ခဲ့တဲ့နှစ်တွေမှာ သူကအရမ်းတည်ကြည်တဲ့သူတစ်ယောက်ဖြစ်ခဲ့တာ အခုသူဘာလို့ဒီလောက်ကြမ်းတမ်းနေရတာလဲ နားမ
လည်တော့ဘူး နားလည်လိုက်တာတစ်ခုပဲ ကျွန်တော်အရမ်း
ကြောက်နေမိတယ် သူ့အကြည့်တွေကကျွန်တော့်ဘက်လှည့်
လာခဲ့တယ်
" ပြော မင်းနဲ့သူကဘာလဲ ပြောလေ "
" P ဘာဖြစ်နေတာလဲ ကျွန်တော်ကြောက်တယ် ဘာလို့
အခုလိုဖြစ်နေတာလဲ "
" ငါမင်းကိုမေးနေတာကိုဖြေ မင်းနဲ့သူကဘာလဲ မင်းသီချင်းကောင်းကောင်းဆိုတတ်တာ ငါတောင်မသိဘဲ အဲ့ကောင်
ကဘာလို့သိနေရတာလဲ "
Zee ရဲ့အသံကတစ်ဖြည်းဖြည်းကျယ်လောင်ပြီးခက်ထန်လာ
တော့ Saint မျက်လုံးကိုစုံသာမှိတ်ထားလိုက်မိတယ် သူ့ရင်ထဲမှာအတော်ကိုမွန်းကြပ်နေပြီ
" ငါမေးနေတယ်လေ ဘာလဲလို့ "
" ကျွန်တော်တို့က ငယ်ငယ်ကတွဲခဲ့ဖူးပါတယ် "
" ဘာ "
ဝုန်း........ Zee ကသူ့အားနဲ့ Saint ကိုနံရံဆီတွန်းပြီးမလှုပ်နိုင်
အောင်ချုပ်ကိုင်ထားလိုက်တယ်
" P ကျွန်တော် နာတယ် "
" မင်းဒီရက်ပိုင်းငါ့ကိုမနမ်းနိုင်တာ အဲ့ကောင်ကြောင့်လား
ဟမ် မေးနေတာဖြေလေ "
Saint လန့်လွန်းလို့ဘာမှတောင်ပြန်မဖြေနိုင်တော့ဘူး သူခေါင်းပဲခါနိုင်တော့တယ်
" မဟုတ်ဘူးပေါ့ ဒါဆို အခုငါ့ကိုနမ်း "
Zee ကအတင်းကို Saint နှုတ်ခမ်းတွေကိုစုပ်နမ်းလိုက်တယ်
သူရှောင်ပြေးလို့်လည်းမလွတ်နိုင်တော့ဘူး သူ့နှုတ်ခမ်းတွေရဲ့
ဖွင့်ဟချိန်က်ို Zee ကရသွားပြီလေ ဒီအနမ်းကကြမ်းတမ်းတယ် သူမလိုချင်တော့ဘူး Zee ကိုအတတ်နိုင်ဆုံးအတင်းတွန်း
ထုတ်ပေမယ့်လည်းအင်အားချင်းကမညီဘူး ရုန်းကန်ရင်းနဲ့
သူ့လက်တွေကနံရံကိုအားပြင်းပြင်းနဲ့ရိုက်မိသွားတယ်
" အား " လက်ကဒဏ်ကနာကျင်တာထက် သူ့နှုတ်ခမ်းတွေကိုစုပ်နမ်းခံနေရတဲ့ဒဏ်ကပိုနာကျင်ရတယ်
" Saint ဒီညမင်းကိုငါပိုင်အောင်လုပ်ပြမယ် မင်းကငါ့လူ "
သိတယ် မင်းတို့ငယ်ငယ်ကကြိုက်ခဲ့ကြတာကိုငါသိတယ်
အဲ့အတွက်လည်းမင်းကိုငါ့လူဖြစ်အောင်လုပ်ခဲ့တာ မင်းကငါ့လူအနေနဲ့ပဲနေသွားရမယ် Perth Tanapon ဆိုတာမင်းကို
ကြည့်ရင်းနဲ့ကြေကွဲနေစေရမယ် ဒါငါအဖြစ်ချင်ဆုံးဆန္ဒပဲ
ကျေးဇူးပြုပြီး တစ်ယောက်ယောက်ကယ်ပေးပါ ဘယ်သူမှ
မကယ်နိုင်တော့ဘူးလား ကျွန်တော့်ခန္ဓာကိုယ်ကိုမပေးချင်ဘူး ဘုရားကယ်တင်ပေးပါ
တီ တီ .......... အိမ်ရှေ့ကဘဲလ်သံကြောင့် Zee ရပ်ပြီး CCTV ကိုကြည့်လိုက်တယ် သူ့အဖေပဲ
" အဖေလာတာ ဟန်မပျက်နေ မင်းမျက်ရည်ကိုသုတ်လိုက်တော့ "
Zee ရဲ့အဖေက အိမ်ထဲရောက်လာတာနဲ့ Zee မျက်နှာကိုထိုး
လိုက်တယ်
" မင်း Tanapon ကိုသွားထိတယ်ဆို မင်းရူးနေလား လုပ်
ငန်းအတွက်အရေးကြီးဆုံးလူကိုမင်းနားမလည်တာလား "
" အဖေ "
" ငါ့ကိုဘာဆင်ခြေမှမပေးနဲ့ မင်းအတွင်းရေးမှူးရှိနေတာနဲ့
အတော်ပဲ မနက်ဖြန်မင်းပွဲမှာဆိုရမယ် "
" အဖေ မဖြစ်နိုင်ဘူး "
" မင်းငါ့စိတ်ကိုသိတယ်မလား တစ်ခွန်းမှထပ်မပြောနဲ့တော့
မင်းကရော အခုထိမပြန်သေးဘဲဘာရပ်လုပိနေတာလဲ "
ဥက္ကဌ စကားကြောင့်အမြန်အခန်းကနေထွက်လာနိုင်ခဲ့တယိ
ဓာတ်လှေကားကခလုတ်ကိုနိုပ်တာတောင် လက်တွေကတုန်
နေအောင် လန့်နေခဲ့တယ်
ကားထဲဝင်လိုက်ပြီး ကားမောင်းတော့မယ်ဆိုပေမယ့် လက်ကဒဏ်ကနာကျက်နေတယ် ကားမောင်းဖို့တောင်အဆင်မပြေနိုုင်တော့ဘူး ကျွန်တော်လည်းကားထဲမှာအော်ပြီးသာ
ငိုချလိုက်မိတော့တယ် သူ့လက်ကအနီရောင်ဘကိတောင်
ပြောင်းသွားပြီ သူ့လက်ကိုကြည့်ရင်းခေါင်းထဲအတွေးတစ်ခု
ကစိုးမိုးလာခဲ့တယ်
" အား " Saint အသီးအရွက်လှီးရင်ဓားရှသွားပုံပဲ perth ကမြင်တာနဲ့ Saint ဆီပြေးလာခဲ့တယ်
" ဓားထိပြီ ဒါကြောင့် မလုပ်နဲ့လို့ကိုပြောသားပဲ "
ဓားရှတာသေးသေးလေးပါ သူအဲ့ဒါကိုလေတောင်မှုတ်ပေး
လိုက်သေးတယ်
" အဲ့လောက်မလိုပါဘူး Perth ရဲ့ "
" မရပါဘူးနော် မင်းပင်ပန်းရင်တောင်ကြည့်ရက်တာမ
ဟုတ်ဘူး အခုလိုသွေးစမြင်လိုက်တော့ ပိုဆိုးတယ် ရင်ထဲ
မှာပူလောင်ရတယ် ကိုမင်းကိုအဲ့လောကိထိချစ်တာ "
သိပါတယ် အရမ်းချစ်မှန်းသိတာပေါ့ ဒါပေမယ့် ဒီလမ်းကိုရွေး
ချယ်ပြီးသားကျွန်တော့်အတွက် Perth ဆီကိုပြန်လှည့်လာဖို့က ဖြစ်နိူင်ပါ့မလား.........,..
Part 9 ( the end )

Love is ( complete)Where stories live. Discover now