Part 18

1.2K 156 10
                                    

" Saint ကို့ကိုဒီနေရာမှာဘာလို့ချိန်းတာလဲ အိမ်ကိုလာ
လိုက်တာမဟုတ်ဘူး "
Zee ခုံမှာထိုင်ပြီးတာနဲ့ Saint ကသူ့ကိုလက်စွပ်ဘူးလေးတစ်
ဘူးကိုတွန်းပေးလိုက်တယ်
" ဒါကဘာလဲ "
" အကိုကကျွန်တော့်အပေါ်အရမ်းကောင်းခဲ့ပါတယ်
အချိန်အကြာကြီး နိမ့်ကျခဲ့တဲ့ကျွန်တော့်ကိုမြင့်တင်ပေးခဲ့တယ်
အခုမှကျွန်တော်သိလိုက်တာက အဲ့ဒါအချစ်တစ်ခုမဟုတ်ခဲ့
ဘူး အကို့ကိုကျွန်တော်မချစ်ခဲ့ဘူး "
Zee ရဲ့အကြည့်တွေကကြောက်ဖို့ကောင်းလာခဲ့တယ်
" မင်းငါ့ကို ဘာကိုပြောချင်တာလဲ သွယ်ဝိုက်မနေဘဲ မင်းပြောချငိတာကို ပွင့်ပွင့်လင်းလင်းပြောကြရအောင် "
" လမ်းခွဲကြရအောင် ၃ နှစ်ဆိုတဲ့အချိန်ကလုံလောက်
တာထပ်ပိုနေပြီထင်ပါတယ် "
" ငါမင်းကို အချိန်ကြာကြီးအေးဆေးနေနိုင်အောင်ဂရု
စိုက်ပေးခဲ့တာကို ဒီနည်းနဲ့ကျေးဇူးပြန်ဆပ်တာလား "
" အစက အကို့နားမှာနေတာ အကို့ကျေးဇူးတွေကိုပြန်
ဆပိတယ်လို့သဘောထားခဲ့ပါတယ် ဒါပေမယ့် အခုတော့အဲ့
ကျေးဇူးကိုတစ်ခြားနည်းနဲ့ဆပ်ပါရစေ အကို့လုပ်ငန်းအတွက်
ဒီထက်ပိုဝင်ငွေကောင်းအောင် ကြိုးစားပါ့မယ် "
ဝုန်း ....... Zee ကစားပွဲခုံကိုရိုက်ချလိုက်တယ်
" တော်တော့ မင်းငါ့ကိုဒီလိုတွေလာပြောနေတာ ဟို
ကောင်လက်ချက်မလား "
ကျွန်တော့်ကိုဘယ်လိုပဲပြောပြောသည်းခံနိုင်ပေမယ့် Perth ကိုထိခိုက်တာတော့ မခံစားနိုင်ဘူး Perth ကမှားခဲ့တဲ့သူမ
ဟုတ်ဘူးလေ
" သူ့ကိုစွဲမထည့်ပါနဲ့ ကျွန်တော်အကို့ကိုလာတွေ့တာ
တောင်သူမသိပါဘူး ပြီးတော့ အကို့ညီမလေးသေဆုံးသွားတာ သူနဲ့မဆိုင်ပါဘူး "
" တော်တော့ တော်တော့ မင်းကောင်ဘက်ကရပ်တည်ပြမနေနဲ့ အဲ့ကောင်က Ming ကိုငါ့လက်ထဲကနေလုယူ
သွားဖို့ကြံစည်ခဲ့တာ အဲ့ကောင်အမှားပဲ မင်းဘာသာကြိုက်
တာလုပ် ဒါပေမယ့် တစ်ခုမှတ်ထားဖို့ပြောလိုက်မယ် ငါဘယ်
တော့မှ Perth Tanapon ကိုကျေနပ်မှာမဟုတ်ဘူး "
Zee ကထထွက်သွားလိုက်တယ်
" နေဦး အကို ပြောစရာတစ်ခုရှိသေးတယ် အကိုဘာ
လို့ကျွန်တော်တို့လွန်ကျူးထားတယ်လို့ပြောခဲ့ရတာလဲ ကျွန်
တော်တို့အဲ့ညက ဘာမှမဖြစ်ခဲ့ကြဘူးလေ အကို့ကိုကျွန်တော်
ငြင်းဆန်ခဲ့တယ်လေ "
Zee က Saint စကားကိုလုံးဝပြန်လှည့်မဖြေဘဲ ထွက်သွား
ခဲ့တယ်
အိမ်ရောက်တာနဲ့ သူ့လျို့ဝှက်ခန်းကိုဖွင့်လိုက်တယ် နံရံမှာ
ကပ်ထားတဲ့ Perth နဲ့ Saint ရဲ့ဓာတ်ပုံကိုဆွဲဖြဲလိုက်တယ်
" ဖုုံးကွယ်ပြီးနောက်ကွယ်ကနေ Saint ကိုသုံးပြီးတိုက်
ဖို့မလိုတော့ဘူး အခုကမျက်နှာချင်းဆိုင်စစ်ပွဲနွှဲရမယ့်အချိန်
ရောက်ပြီ Perth Tanapon ငါချစ်တဲ့သူကိုဆုံးရှုံးလိုက်ရသလို
မင်းလည်း မင်းချစ်တဲ့သူကိုဆုံးရှုံးရမယ် "
တီ တီ ......... အိပ်နေရာကနေ နာရီကိုထကြည့်လိုက်တော့
မနက် ၂ နာရီ ဒီအချိန်ကြီးဘယ်သူဆက်တာပါလိမ့်
ဖုန်းနာမည်ကိုတွေ့လိုက်ရတော့ Saint ဆက်တာပဲ ချက်ချင်း
ထကိုင်လိုက်ရတယ် သူဒီအချိန်ကြီးတစ်ခုခုဖြစ်နေလို့များလားဆိုတဲ့အတွေးနဲ့ စိုးရိမ်မိသွားတယ်
" Saint "
" Perth အိပ်နေတာမလား အနှောင့်အယှက်ဖြစ်သွား
လားမသိဘူး "
" မဖြစ်ပါဘူး ကိုမအိပ်ပါဘူး ထူးထူးဆန်းဆန်းဒီနေ့မှ
အိပ်မပျော်ဘူးဖြစ်နေတာ ဒါနဲ့ တစ်ခုခုဖြစ်လို့လား "
" Perth အိမ်ရှေ့ကိုရောက်နေတာ "
" ဘာ "
Perth ကမန်းကတမ်းဘဲ ပြတင်းပေါက်နားပြေးသွားပြီးလိုက်
ကာကိုဆွဲဖွင့်ကြည့်လိုက်တယ် ခြံရှေ့မှာရပ်ထားတဲ့ကားတစ်စီး
" ဒီတိုင်းနေ ကိုဆင်းလာပြီ "
Perthလာတာမြင်တာနဲ့Saint ကကားတံခါးကိုဖွင့်လိုက်တယ်
" ဒီအချိန်ကြီးဘာလို့ကားမောင်းပြီးရောက်လာတာလဲ
မျက်နှာလည်းမကောင်းဘူး "
Saint ကမပြုံးချငိပြုံးချင်နဲ့ ပြုံးပြလိုက်တယ်
" Perth ဘာလို့လိမ်တာလဲ "
" ကိုလား ကိုဘာလိမ်လို့လဲ "
" အိပ်နေရာကနေလန့်နိုးသွားတာမလား ဘာလို့အိပ်မ
ပျော်ဘူးပြောတာလဲ ကျွန်တော်စိတ်မကောင်းမှာစိုးလို့မလား"
Saint ကအကုန်ထုတ်ပြောသွားတော့ ဘာပြောရမှန်းမသိဘဲ
စကားလမ်းကြောင်းလွှဲလိုက်ရတယ်
" ဒါနဲ့ ပြောပါဦး ဒီအချိန်ကြီးဘာလာလုပ်တာလဲ "
" လွမ်းလို့ "
Perth မျက်လုံးလေးပြူးပြီး Saint ကိုကြောင်ကြည့်နေပြီးတော့မှရီပြလိုက်တယ်
" မဖြစ်နိုင်တာ မျက်နှာကစတွေ့ထဲကမသာယာတာကို
သတိထားမိပါတယ် တစ်ခုခုဖြစ်လာတယ်မလား "
Perth ကိုဘယ်အရာမှလိမ်လို့မရနိုင်ပါဘူး သူကကျွန်တော့်
မျက်နှာကိုကြည့်လိုက်တာနဲ့ စိတ်ထဲရှိနေတဲ့အရာကိုတွေးနိုင်
တဲ့သူမျိုးလေ
" ကျွန်တော် အမှန်တော့လေ P Zee နဲ့တွေ့ခဲ့တာ "
Zee နဲ့တွေ့ခဲ့တယ်ဆိုထဲက Perth မျက်နှာထားကချက်ချင်း
တင်းမာသွားတယ်
" ဘာလို့လဲ ဘာလို့ကို့ကိုမပြောဘဲတစ်ယောက်ထဲသွားရတာလဲ ပြောလေ "
" ဘာလို့အဲ့လောက်စိတ်ဆိုးနေတာလဲ "
" စိတ်ဆိုးတာမဟုတ်ဘူး စိတ်ပူတာ မင်းကိုအဲ့ကောင်
တစ်ခုခုလုပ်လိုက်မှာ စိတ်ပူနေတာ "
Saint က Perth လက်ကိုကိုင်ထားလိုက်တယ်
" Perth သူကကျွန်တော်နဲ့အချိန်ကြာကြီးသိခဲ့တာပါ
အဲ့လောက်ကြီးဆိုးတဲ့သူမဟုတ်ပါဘူး "
" Saint မင်းဘာမှမသိဘူး သူ့အကြောင်းမင်းဘာမှမသိသေးဘူး သူကမင်းကိုမချစ်ခဲ့ဘူး "
" Perth ဘာတွေပြောနေတာလဲ သူ့အကြောင်းကိုဘာ
တွေသိထားလို့လဲ "
Perth က Saint ပါးလေးကိုကိုင်ထားပြီးသေချာကြည့်နေလိုက်တယ် သူ့မျက်ဝန်းထဲမှာအချစ်စိတ်တွေအပြည့်ဆိုတာခံစား
လို့ရတယ်
" Saint ကိုတို့အတူရှိနေတာမင်းအတွက်ပိုလုံခြုံပါ
တယ် တစ်နေ့နေ့ကျရင် မင်းအားလုံးကိုနားလည်လာမှာပါ
ဒါကြောင့် ကို့နားမှာပဲနေပါနော် ကို့ကိုမမေးဘဲမင်းကိုယ်တိုင်
သိလာတာကိုပိုလိုချင်တယ် ထပ်မမေးဘဲနဲ့ကို့နားမှာပဲနေဖို့
ကတိပေးပါနော် "
Saint ထပ်ပြီးအတင်းအကြပ်ပြန်မေးမယ်လို့ထင်ခဲ့မိပေမယ့်
သူ့ဆီကအပြုံးလေးတစ်ပွင့်ကိုပဲပြန်ရခဲ့တယ် သူဘာမေးခွန်းမှ
ဆက်မမေးတော့ဘူး
" မမေးတော့ပါဘူး အပြည့်အဝယုံကြည်ပါတယ်
Perth ကိုအပြည့်အဝယုံကြည်တဲ့အတွက် Perth နားမှာပဲနေ
တော့မယ်နော် "
Perth ဆီကဘာသံမှပြန်မကြားရတော့ပေမယ့် Perth ကသူ့
ကိုမျက်လုံးတစ်စုံနဲ့ပဲကြည့်နေခဲ့တယ်
" ဘာလို့ပြန်မပြောဘဲ အဲ့လိုကြီးကြည့်နေရတာလဲ "
" ချစ်လွန်းလို့ နမ်းချင်လွန်းလို့ "
ဟားဟား ........ Saint အရမ်းသဘောကျလို့ရီလိုက်မိတယ်
" Perth ရဲ့အခုလိုကလေးမျက်နှာလေးကိုမမြင်ရတာ
သိပ်ကြာခဲ့ပြီပဲ အခုမှပြန်မြင်ရတော့တယ် ချစ်ဖို့ကောင်းလိုက်
တာ "
" ချစ်ဖို့ကောင်းတာလား ဒါဆို "
Perth က Saintမျက်နှာနားကိုချက်ချင်းပဲပြေးကပ်လိုက်တယ်
သူတို့မျက်နှာချင်းက အရမ်းနီးကပ်သွားပြီ
" နမ်းလို့ရလား "
Saint ကစကားနဲ့နမ်းပါ လို့ ပြန်မဖြေတော့ဘူး သူကိုယ်တိုင်
ပဲ Perth ပါးနှစ်ဖက်ကိုကိုင်ပြီး နမ်းလိုက်တယ်
Saint ဆီကချိုလွန်းတဲ့အနမ်းလေးတွေကို မစုပ်ယူရတာဘယ်လောက်ကြာနေပြီလဲ ဒီညတော့သူ့အနမ်းတွေကိုအလွတ်လပ်ဆုံး ပြန်ခံစားကြည့်ချင်တယ်
" ချစ်တယ် Perth "
" ထပ်မပြောနဲ့တော့ မဟုတ်ရင် ငါမင်းကိုတစ်ညလုံး
နမ်းနေမိလိမ့်မယ် ချစ်လွန်းလို့ "
Perth ကချက်ချင်းပဲ Saint နှုတ်ခမ်းတွေကိုဆက်ပြီးစုပ်နမ်း
လိုက်တယ်
" Perth ကျွန်တော်တို့တိုက်ခန်းလေးကိုသွားကြမလား ဒီညပျော်စရာတစ်ခုခုကိုရှာကြည့်ကြမလား "
   " ဘာပျော်စရာလဲ "
" Perth တန်ဖိုးထားတဲ့အရာကို Perth ကိုယ်တိုင်ပဲ
ဖွင့်ကြည့်စေချင်လို့ ဒီလိုညမျိုးကိုစောင့်နေခဲ့တာ အခုတော့
အချိန်ကျပြီထင်တယ် Perth ကျွန်တော့်ကိုပိုင်ဆိုင်တယ်ဆို
တာသက်သေပြလိုက်ပါလား "
" သွားရအောင် ကိုတို့တိုက်ခန်းလေးဆီကို "
Part 18 ( the end )

Love is ( complete)Where stories live. Discover now