Part 12

1.1K 140 14
                                    

       " Perth Perth "
Ming အခန်းထဲပြေးဝင်လာတဲ့အချိန်မှာ Perth ကရုပ်သေတစ်ရုပ်တိုငး်ပဲ နံရံကိုမှီပြီးထိုင်နေခဲ့တယ်
     " Perth နင်အဆင်ပြေရဲ့လား Saint ထွက်သွားတာငါ
တွေ့လိုက်တယ် "
Ming ကစိတ်ပျက်လက်ပျက်ထိုင်နေတဲ့ Perth ရဲ့ပခုံးလေးကိုဆုပ်ကိုင်လိုက်တယ် အဲ့အချိန်မှကျလာတဲ့သူ့ရဲ့မျက်ရည်
စက်တွေ
    " Perth ငါမေးတာဖြေလေ "
     " Ming ငါအရမ်းပင်ပန်းနေပြီ ငါစွန့်လွှတ်လိုက်ချင်ပြီ
ငါအားလုံးကိုမေ့ထားလိုက်ချင်ပြီ "
Perth က Ming ရဲ့ရင်ခွင်ထဲမှာခိုလှုံပြီးငိုချလိုက်တယ်
Saint ကကားတစ်စီးထဲကိုဝင်ထိုင်လိုက်တယ်
    " အဆင်ပြေရဲ့လား Saint "
    " ကျွန်တော်အဆင်ပြေပါတယ် "
Zee ဖက်ကိုလှည့်ပြီးပြုံးပြလိုက်တယ်
     " တကယ်အဆင်ပြေနေပါတယ် P ကျွန်တော်တို့အိမ်ပြန်
ရအောင် "
Saintကအခန်းကိုပြန်ရောက်တာနဲ့ပုံမှန်တိုင်းပဲနေလိုက်တယ်
     " P ဗိုက်ဆာနေပြီလား တစ်ခုခုလုပ်ပေးရမလား "
Saint ကရေခဲသေတ္တာထဲကအသီးအရွက်တွေကိုထုတ်လိုက်
တယ် သူမသိလိုက်ချိန်မှာသူ့အနောက်ကနေ Zee ကဖက်
ထားလိုက်တယ်
     " ကိုမင်းကိုအရမ်းချစ်တာ သိတယ်မလား မင်းကို့ကိုဘယ်
တော့မှမထားခဲ့ပါနဲ့နော် "
Zee ကသူ့အတွက်ချစ်စကားတွေပြောနေပေမယ့်လည်း သူ့
မျက်လုံးထဲမြင်ယောင်နေခဲ့တာ Perth ရဲ့ပုံရိပ်တွေ
      " Saint Saint "
      " ဟုတ်ကဲ့ "
Zee က Saint ကိုသူ့ရှေ့တည့်တည့်ကိုဆွဲလှည့်လိုက်တယ်
      " ကို့ကိုသေချာကြည့် မင်းအခုထိဟိုကောင့်ကိုသတိရနေ
တုန်းမလား မေ့ထားကြရအောင် Saint ကိုရော မင်းရောက
Perth ရဲ့သစ္စာဖောက်ခြင်းက်ိုခံခဲ့ရတာ ကိုတို့ကနစ်နာသူတွေ
ဒါပေမယ့်လေ ကိုသူ့ကိုမမုန်းဘူး လက်စားချေဖို့ထိမတွေးခဲ့ဘူး ဘာလို့လဲဆိုတော့ ကို့မှာမင်းရှိနေရင်ကိုပြည့်စုံနေပြီ "
Zee က Saint ကိုသေချာဖက်ထားလိုက်တယ်
      " Perth ကကျွန်တော့်ကိုအရမ်းချစ်တယ်ထင်ခဲ့တာ "
      " မဟုတ်ဘူး အဲ့အတွေးကိုဖယ်ထားလိုက်တော့ သူမင်းကို
မချစ်ခဲ့ဘူး သူ့ရဲ့ပျော်ရွှင်မှုအတွက်မင်းကိုအသုံးချခဲ့တာ သူ
တကယ်ချစ်တဲ့မိန်းကလေးနဲ့ သူနိုင်ငံခြားကိုထွက်သွားတာ
မင်းလည်းသိတာပဲ သူမင်းကိုထားခဲ့တာလေ မင်းသိရဲ့သားနဲ့
ဘာလို့အခုထိသူ့ကိုချစ်နေသေးတာလဲ "
Zee ရဲ့စကားတွေကိုနားထောင်ရင်းမျက်ရည်တွေကျလာခဲ့
တယ်
      " သူ သူကျွန်တော့်ကိုချစ်ခဲ့တယ်လို့ပဲ ထင်နေမိတယ် "
      " အဲ့စိတ်တွေကိုမေ့ပျောက်နိုင်အောင် ကိုကူညီပေးမယ် "
Zee က Saint မျက်နှာနားကို ကပ်သွားပြီးသူ့နှုတ်ခမ်းတွေကို
နမ်းလိုက်တယ် ဒီအနမ်းကိုရုန်းကန်ဖို့စဉ်းစားလိုက်ပေမယ့်
သူမရုန်းကန်ဘဲ လက်ခံခဲ့တယ် Perth ကိုမေ့နိုင်ဖို့ Zee ကိုပဲ
သူ့စိတိထဲမှာထားဖို့ သူဒီအနမ်းကိုတကယ်လက်ခံခဲ့တယ်
အတိတ်ကိုအတိတ်မှာထားခဲ့ပြီး လက်တွေ့ကိုပဲဖြတ်သန်းဖို့
ကိုစဥိးစားလိုက်တော့တယ်
      " Saint ကိုမင်းကိုအရမ်းချစ်တယ် ကိုတို့ဒီတစ်ညတာကို
အတူတူဖြတ်သန်းကြရအောင် "
အခုချိန်မှာ အရမ်းစိတ်ဒဏ်ရာရထားတဲ့အတွက်ဘာကိုမှစဉ်း
စားနိုင်စွမ်းမရှိတဲ့အချိန်ဖြစ်နေပြီ သူ့ကိုချစ်နေတဲ့သူတစ်
ယောက်အတွက် အားလုံးကိုလက်ခံပေးဖို့စဉ်းစားမိတဲ့အချိန်
ဖြစိနေပြီ
       " Saint ထတော့လေ ကိုတို့ဒီနေ့စာချုပ်ကိစ္စသွားဆွေး
နွေးရမယ်လေ "
Zee ကဘေးမှာအိပ်ပျော်နေတဲ့ကောင်လေးကိုလှုပ်နိုးလိုက်
တယ်
      " Perth Perth " မနေ့ညကအရက်တွေသောက်ပြီးအိပ်
သွားလိုက်တာ အနားမှာအမေလာနှိုးတာတောင်မနည်းထရ
တယ်
      " ထတော့လေ ဒီနေ့အလုပ်အစည်းအဝေးရှိတာကို မင်း
ဘာလို့အဲ့လောက်သောက်ထားရတာလဲ "
      " ဟုတ်ကဲ့ ကျွန်တော်ထပါပြီ  " ရုံးနောက်ကျနေတာမို့လို့
အမြန်ပြင်ပြီးထွက်လာရတယ် အစည်းအဝေးခန်းက်ိုလာမယ့်
လမ်းမှာ Zee နဲ့မျက်နှာချင်းဆိုင်သွားဆုံမိတယ် နှစ်ယောက်
လုံးကြည့်နေတဲ့အကြည့်ကကြောက်ဖို့ကောင်းလွန်းတယ်
Perth ကသူ့ကိုကျော်ပြီးထွက်သွားပေမယ့်
      " Perth Tanapon ငါမင်းနဲ့ပြောစရာရှိတယ် "
      " ပြောစရာလား ဘာလဲ ငါကတော့ပြောစရာမရှိဘူး "
      " Saint နဲ့ပတ်သတ်တာဆိုရင် ရှိလာမှာပါ "
Saint ဆိုတဲ့နာမည်ကိုကြားတာနဲ့ Perth ရဲ့အကြည့်ကပိုပြီး
ခက်ထန်လာခဲ့တယ်
       " သူ့နာမည်ကိုမင်းလိုကောင်ရဲ့နှုတ်ကနေ မခေါ်နဲ့ ရွံလွန်း
လို့ Zee "
       " ဟုတ်လား ငါ့က်ိုသာမင်းကရွံတာ မင်းကောင်လေးကမ
ရွံဘူး မင်းသိရဲ့လား သူ့ကိုငါသိမ်းပြီးပြီဆိုတာ "
      " ခွေးမသား " Perth က Zee ကိုနံရံဆီတွန်းချလိုက်တယ်
      " ထပ်မပြောနဲ့ သူ့နာမည် သူ့အကြောင်း မင်းမပြောနဲ့ "
      " မင်းကငါ့ကိုထိုးဖို့လား ထိုးလည်းငါကပြောရမှာပဲ သိလား မင်းကောင်လေးကအရသာအရမ်းရှိတာပဲ "
တောက်......... Perth ကတောက်ခေါက်ပြီးတော့ အားပြင်း
တဲ့လက်သီးတစ်ချက်နဲ့ Zee မျက်နှာကိုဆွဲထိုးလိုက်တယ်
       " မင်းလိုကောင်ကို ငါသတ်ချင်နေတာ မင်းရောသိရဲ့လား
မင်းကြောင့် Ming သေခဲ့တာကို "
Ming ဆိုတဲ့နာမည်ကိုကြားတာနဲ့ Zee က Perth ကိုပြန်ထိုး
လိုက်တယ်
       " ငါ့ကြောင့်မဟုတ်ဘူး မင်းကြောငိ့ မင်းသူ့ကိုငါ့လက်ထဲ
ကလုယူခဲ့တာ ဒါကြောင့် မင်းကောင်ကိုလည်းငါပြန်လုယူ
တယ် အဲ့တော့ မင်းဘာဖြစ်ချင်လဲ "
တစ်ယောက်ကိုတစ်ယောက် မကျေနပ်ချက် မုနး်တီးချက်တွေ
ကများလာတော့ အကြီးအကျယ်ကိုရန်ဖြစ်ကြတယ်
      " ရပ်လိုက်တော့ ရပ်တော့ " စူးစူးဝါးဝါးအော်သံကြောင့်
နှစိယောက်လုံးရပ်တန့်လိုက်ကြတယ် Saint ကသူတို့ရန်
ဖြစ်နေတဲ့နေရာကိုရောက်လာတာပဲ
     " ဘာဖြစ်ကြတာလဲ ရုံးမှာဘာဖြစ်နေတာလဲ "
     " Saint "
     " ဘာမှမပြောနဲ့ ကျွန်တော်နဲ့ Perth ကစာချုပ်ချုပ်ဆိုထား
ပေမယ့် အလုပ်သဘောအရပဲ ကျွန်တော်တို့ကဘာမှမသက်
ဆိုင်တော့ဘူး "
Saint က Zee ကိုထူပေးလိုက်ပြီး ထွက်သွားဖို့ပြင်လိုက်တယ်
      " နေဦး Saint မင်းကိုဘယ်လိုအကြောင်းအရာတွေနဲ့သူ
ဆွဲထားလည်းငါမသိဘူး ငါစိတ်လည်းမဝင်စားဘူး နောက်ဆုံး
မှန်တဲ့အရာပဲအနိုင်ရမှာ သေချာတယ် "
      " မှန်တဲ့အရာလား Perth ကကျွန်တော့်အပေါ်အရမ်းမှန်
ကန်ခဲ့တယ်ထင်တယ်ပေါ့ ကျွန်တော့်ကိုလွန်ခဲ့တဲ့ ရ နှစ်က
ပြစ်ချခဲ့ပြီး တစ်ခြားမိန်းကလေးတစ်ယောက်နဲ့နိုင်ငံခြားမှာစေ့
စပ်လိုက်တဲ့ သူကမှန်ကန်တယ်လား "
       " မင်းဘာတွေပြောနေတာလဲ "
        " လာလိမ်မနေပါနဲ့ အဲ့နေ့ကချိန်းတဲ့နေရာကို Perth
ရောက်မလာခဲ့လို့ အရဲစွန့်ပြီး Perth အိမ်ကိုလိုက်လာခဲ့တယ်
ဘယ်သူ့စကားကိုမှနားယောင်နေတာမဟုတ်ဘူး ကိုယ်တိုင်
ကြားခဲ့ရတာ "    
Perth ကခဏကြာတဲ့အထိ သေချာစဉ်းစားနေပြီးမှ သူကား
ပါကင်ကိုအမြန်ပြေးထွက်သွားလိုက်တယ်
ကားကိုအရှိန်တင်ပြီးတော့ကိုမောင်းထွက်သွားလိုက်တယ်
        " အကိုလေး ပြန်ရောက်လာတာမြန်လိုက်တာ "
        " အမေရော "
သူ့အမေရဲ့အခန်းတံခါးကို အားနဲ့တွန်းဖွင့်ပြီးကိုဝင်သွားတယ်
        " Perth ဘာလို့ပြန်လာတာလဲ "
        " ဘာတွေပြောလိုက်တာလဲ သူသားဆီလာခဲ့တယ်ဆို "
        " မင်းဘာတွေပြောနေတာလဲ "
        " မသိချင်ယောင်မဆောငိပါနဲ့တော့ အမေ Saint ကို
ဘယ်လိုပြောပြီးနှငိထုတ်ခဲ့တာလဲ သူကျွန်တော့်ဆီရောက်
လာခဲ့တယ်ဆို ဘာပြောလိုက်လဲလို့ "
                                        Part 12 ( the end )

Love is ( complete)Where stories live. Discover now