Part 13

1K 133 6
                                    

       " ဟယ်လို Perth လား " ဖုန်းထဲကနေကြားနေရတဲ့ Saint ရဲ့အသံကတောင်စိုးရိမ်စိတ်လွန်ကဲစေတယ် သူ့အသံ
တွေကတုန်ရီနေပြီး ငိုကြွေးနေတဲ့ပုံပေါက်နေခဲ့တယ် ဖုန်း
လာတဲ့အချိန်ကလဲည ၉ နာရီထိုးတော့မယ်
     " Saint ဘာဖြစ်တာလဲ ငိုနေတာလား "
     " Perth Perth ကျွန်တော့်ကိုကယ်ပါဦး ကျွန်တော့်ပထွေး
ကကျွန်တော့်ကိုအိမ်ပေါ်ကနှင်ချလိုက်တယ် "
     " ဘာ မင်းအခုဘယ်မှာလဲ မင်းအရိုက်ခံထားရသေးလဲ
ကိုလာခေါ်မယ် အဲ့မှာစောင့်နေ မင်းဘယ်မှာလဲ Saint "
Perth ကိုကားမှတ်တိုင်မှာစောင့်နေခဲ့တယ် နည်းနည်းပါးပါး
အရိုက်ခံထားရတော့ ဘေးကလူတွေကကျွန်တော့်ကိုလှမ်း
လှမ်းကြည့်ကြတာ ရှက်တောင်ရှက်မိပါတယ် ဒါပေမယ့် Perth လာမယ်ဆိုလို့အားတင်းပြီးစောင့်ဆိုင်းနေခဲ့တယ်
အချိန်တွေကုန်လွန်သွားလိုက်တာ လမ်းမမှာကားတွေတောင်
အလာကျဲသွားပြီ အခုထိ Perth ရောက်မလာသေးဘူး
      " Perth ဘာလို့မလာသေးတာလဲ " ဖုန်းဆက်ကြည့်
တော့လည်းသူ့ဖုန်းကစက်ပိတ်ထားတယ်ပဲပြောနေခဲ့တယ်
တစ်ခုခုများဖြစ်နေလို့အခုထိရောက်မလာသေးတာလား
အချိန်တွေတဖြည်းဖြည်းကုန်ဆုံးသွားတာ နေထွက်ခါစ
တောင်ပြုလာပြီ သူ့ကိုအရိပ်တောင်မမြင်ခဲ့ရဘူး အဲ့ဒါကြောင့်
ငိုချလိုက်မိတယ် Perth ဘာလို့ငါ့ဆီကိုမလာခဲ့တာလဲဆိုတဲ့
အားငယ်စိတ်လေးနဲ့ ဒါပေမယ့်လည်း Perth အဲ့လိုငါ့ကိုပြစ်
ထားမှာမဟုတ်ဘူး သူတစ်ခုခုဖြစ်နေတာဖြစ်နိုင်တယ်ဆိုတဲ့
အတွေးကြောင့် ဒဏ်ရာတွေနဲ့သူ့အိမ်ကိုလမ်းလျှောက်လာခဲ့
တယ် အိမ်ကဝေးတော့လမ်းလျှောက်ရတာလည်းမောပန်းနေ
ပြီ ဒါပေမယ့် သူ့ကိုမမြင်ရတဲ့စိတ်ကပိုပင်ပန်းတယ်လေ ဒါ
ကြောင့်ရအောင်အားတင်းပြီးလျှောက်ခဲ့တယ်
      " Perth Perth "
အိမ်ရှေ့ကနေအော်ခေါ်လိုက်တော့ ဦးလေးကြီးတစ်ယောက်
ကထွက်လာတယ်
     " ကလေး ဘယ်သူနဲ့တွေ့ချင်လို့လဲ "
     " ဟိုလေ ဒီအိမ်က Perth နဲ့တွေ့ချင်လို့ပါ သူရှိလား "
    " ဒီအိမ်ကသားလား သူညက "
ဦးလေးကြီးဆီက ပြောလာမှာကိုစိတ်ဝင်တစားစောင့်မျှော်နေ
တဲ့အချိန်ကျမှ
      " ဦးကြီး ဘယ်သူလဲ အိမ်ရှေ့မှာရှုပ်ရှပ်ယှက်ယှက် "
အိမ်အဝင်တံခါးမကြီးကနေ ခက်မာမာအော်လိုက်တဲ့အမျိုးသ
မီးကြီး ဒါ Perth ရဲ့အမေပဲ
      " ဒီကလေးက Perth ရဲ့သူငယ်ချင်းဆိုလို့ပါ "
" ဘယ်သူလဲ "
" ကျွန်တော်က Saint လို့ခေါ်ပါတယ် Perth နဲ့ညကချိန်းထားတာသူမရောကိလာလို့ပါ တစ်ခုခုများဖြစ်နေလားလို့
လာမေးတာပါ "
" Saint လား သူ့ကိုတံခါးဖွင့်ပေးလိုက် "
ဧည့်ခန်းထဲမှာ Saint ကိုကော်ဖီနဲ့သေချာဧည့်ခံလိုက်တယ်
" သောက်လေ သားက Perth သူငယ်ချင်းလား တစ်ခါမှ
မဆုံကြဘူးနော် "
" ဟုတ်ကဲ့ ဒါနဲ့ Perth ရော "
Perth ကိုစိတ်ပူနေတာနဲ့ တစ်ခြားအကြောင်းအရာဘာမှကို
မပြောနိုင်ခဲ့ဘူး
" Perth လား သူသားနဲ့ညကချိန်းထားတယ်ဆိုလို့ အန်
တီကစဉ်းစားနေတာ ညကပဲသူနဲ့သူ့ကောင်မလေးစေ့စပ်ဖို့
ကိစ္စကြောင့်နိုင်ငံခြားထွက်သွားတယ်လေ "
ကောင်မလေးတဲ့လား စေ့စပ်ဖို့တဲ့လား မဖြစ်နိုင်ဘူး Perth ကအဲ့လိုလုပ်မှာမဟုတ်ဘူး
" အန်တီတောင်ခဏနေလေယာဉ်နဲ့လိုက်သွားရမှာ သူကတော့အရမ်းကိုစိတ်တွေလှုပိရှားနေတာ စေ့စပ်ပွဲကိုမြန်
မြန်လုပ်ချင်နေတာလေ ဒါကြောင့် ညကချက်ချင်းထသွားတာ အော် ပြောရင်းနဲ့လေယာဉ်ချိန်တောင်နီးနေပြီ အန်တီ
သွားလိုက်ဦးမယ်နော် "
Perth ရဲ့အမေထွက်သွားတဲ့ထိ အဲ့နေရာမှာရုပ်သေတစ်ရုပ်လိုထိုင်နေဆဲပဲ မယုံကြည်နိုင်သေးဘူး Perth ပြစ်ချထား
ခဲ့မယ်ဆိုတာအခုထိမယုံကြည်နိုင်သေးဘူး
ကျွန်တော့်မှာအိ်မ်ပေါ်လည်းပြန်မသွားနိုင်ခဲ့တော့ တစ်ပတ်
လောက်သူငယ်ချင်းအိမ်မှာနေခဲ့ရတယ် အစားအသောက်
ဆင်းဆင်းရဲရဲနဲ့ ဒါပေမယ့်လည်း Perth ကိုစောင့်နေခဲ့ဆဲပဲ
စိတ်ကသာစောင့်နေခဲ့တာ Perth ကကျောင်းပြောင်းစာပါ
ထုတ်သွားခဲ့တယ်
" ငါပြောသားပဲ Perth လိုလူကသူ့လိုအညတရကိုတ
ကယ်မချစ်ပါဘူးဆိုတာ "
" ဟုတ်ပါ့ဟယ် သနားစရာ "
" ဘာကိုသနားနေတာလဲ သူက Perth ကိုပိုက်ဆံ
ကြောင့်ကပ်နေခဲ့တာပဲဖြစ်မှာ အခု Perth ကပြစ်ချခဲ့ပြီလေ "
Perth ရဲ့အာဏာကြောင့် ကျွန်တော့်ဘဝကဆိုးဝါးခဲ့ပေမယ့်
ကျောင်းမှာအေးဆေးနေနိုင်ခဲ့တယ် ပျော်ပျော်နေနိုင်ခဲ့တယ်
အခုတော့ Perth ကအနားမှာမရှိတော့ဘူးလေ အားလုံးက
ကျွန်တော့်ကိုကစားစရာအရုပ်လေးလို နိုမ့်ချလိုက်ကြပြီ
" မင်းလား Saint ဆိုတာ အလကားကောင် ငါနဲ့တွဲမလား
ဘယ်လောက်ပေးရမလဲ မင်းကြေးဘယ်လောက်လဲ "
စကားတွေကမျိုးစုံပါပဲ ဒါပေမယ့်လည်း သည်းခံရုံကအပြင်
ဘာလုပ်နိုင်မှာလဲ ကျွန်တော့်ကိုကာကွယ်ပေးမယ့်သူမရှိ
တော့ဘူးလေ သူထွက်သွားပြီ တကယ်ထွက်သွားပြီ
ကျွန်တော်အတတ်နိုင်ဆုံးပျော်အောင်နေပေမယ့်လည်း သူ့ကို
လွမ်းတဲ့စိတ်ကြောင့် ရင်ထဲမှာဒဏ်ရာခဏခဏရခဲ့တယ်
အဲ့လိုအချိန်တစ်လလောက်ထိ နေထိုင်လာခဲ့ရာကနေ P Zee
နဲ့ဆုံတွေ့ခဲ့ရတယ်
မနက်ခင်း အစားအသောက်ပို့တဲ့အလုပ်လုပ်ရင်းနဲ့ဆိုင်ကယ်
ကိုစပြီးမောင်းနှင်လိုက်တာ
တီ ........... ရုတ်တရက်လမ်းကြားကနေထွက်လာတဲ့ကား
တစ်စီးကကျွန်တော့်ကိုမထိတထိလေးဝင်တိုက်မိတော့ ဆိုင်
ကယ်ပါမှောက်သွားခဲ့တယ်
" သူ့လက်အရိုးထိသွားတာ တစ်လလောက်တော့ ပတ်
တီးစည်းထားရမှာ "
" တစ်လတောင်လား မဖြစ်ဘူး ဒေါက်တာ ကျွန်တော်
အလုပ်လုပ်မှရမှာမို့လို့ပါ "
" ရပါတယ် ဒေါက်တာပြောတဲ့အတိုင်းလိုက်နာပါ့မယ် "
ကျွန်တော့်စကားကိုကြားဖြတ်ပြီးဝင်ပြောလိုက်တဲ့သူက ကား
နဲ့တိုက်ခဲ့တဲ့သူပဲ
" အကို့နာမည်က Zee လို့ခေါ်ပါတယ် အကိုကြောင့်ဖြစ်
တယ်ဆိုတော့လေ အကို့ဘက်ကနေတစ်ခုခုလုပ်ပေးပါရစေ "
" ရပါတယ် ကျွန်တော်အဲ့လောက်မထိပါဘူး "
" တစ်လတောင် ပတ်တီးစည်းရမှာ မထိဘူးတဲ့လား အကို
တစ်ခုခုလုပ်ပေးပါရစေ မင်းဘယ်မှာနေတာလဲ "
Saint ကခေါင်းလေးကိုအောက်ကိုပဲငုံ့ထားရှာတယ် သူတစ်ခု
ခုကိုလေးလေးနက်နက်စဥိးစားနေပုံပဲ
" ကျွန်တော့်ကို အလုပ်လေးတစ်ခုလောက်ပဲခဏပေးပါ
လား ကျွန်တော်အလုပ်ရှိမှရမှာမို့လို့ပါ "
" ဟားဟား ..... မင်းကမာနရှိသားပဲ စိတ်ချပါ အကိုမင်း
ကိုနေမကောင်းတဲ့အချိန်အတွင်းမှာ အလုပ်တစ်ခုစီစဉ်ပေး
မှာပါ အကို့ကိုတစ်ခုခုပြန်ပေးခွင့်ပေးတာနဲ့ပဲကျေးဇူးတင်ပါ
တယ် "
P Zee ကစတွေ့ဆုံထဲက ကျွန်တော့်အပေါ်ညီလေးတစ်
ယောက်လိုကို ဂရုစိုက်ပေးခဲ့တယ် သူကအရမ်းအနေအေးပြီး
လူကြီးလူကောင်းဆန်တယ်လို့မြင်မိတယ် အချိန်တွေကြာတဲ့
အထိကျွန်တော့်အရည်အချင်းကိုအသိအမှတိပြုပြီးသူ့ဘေးမှာကောင်းမွန်တဲ့အလုပ်တစ်ခုကိုပေးခဲ့တာနဲ့တငိ ကျေးဇူးကြီး
လှပါပြီ
အဲ့လိုလူတစ်ယောက်ကိုကျွန်တော်လက်တွဲပြီး Perth လို
ပြစ်ထားခဲ့တဲ့လူတစ်ယောက်ကိုနာကျည်းနေမိတာ ကျွန်တော်
မှားနေလို့လား ......
Part 13 ( the end )

Love is ( complete)Where stories live. Discover now