Part 10

1.1K 145 8
                                    

     " Saint "
     " ဟုတ်ကဲ့ ဥက္ကဌ " 
     " အကောင်းဆုံးလုပ်ပါ မင်းသာအကောင်းဆုံးဖြစ်မယ်ဆိုု
ရင်ဒီလိုစတိတ်ပေါ်ရပ်နိုင်အောင်မင်းကို လမ်းပြပေးမယ် "  
Zee ရဲ့အဖေဆီက ကတိတစ်ခုကြောင့်သူအကောင်းဆုံးဆို
တာကိုကြိုးစားယူမှဖြစ်မယ် အနည်းဆုံးတော့ Zee အနားက
လွတ်မြောက်နိုင်မယ့်လမ်းဖြစ်နိုင်လိမ့်မယ်
     " Saint " 
ဒီအသံက P Zee အသံပဲ သူအနောက်ကိုတောင်လှည့်မ
ကြည့်ရဲတော့ဘူး အသံကသူ့အနောက်ဘက်ကလာနေတာ  
    " Saint ကို့ကိုလှည့်မကြည့်တော့ဘူးလား ကို ကိုတောင်း
ပန်ပါတယ် " 
Saint ကအနောက်ကိုလှည့်ကြည့်လိုက်မိတယ်
    " ကျွန်တော်အတတ်နိုင်ဆုံး နားလည်ဖို့ကြိုးစားခဲ့တယ် "
    " ကိုပြောတာနားထောင်ပါဦး ခဏလေးပါ ကို့ဘက်ကစဉ်း
စားပေးပါ ၂ နှစ်ကြာတွဲလာတဲ့ကိုကအဲ့အကြောင်းကိုမသိနိုင်
တာမဖြစ်သင့်ဘူးမလား ကိုစိတ်ဆိုးတာထပ်စိတ်ထိခိုက်မိတာ
အဲ့အတွက်ကို့ဘက်ကမှားသွားမိတယ် ကိုတောင်းပန်ပါတယ်
စိတ်တွေတည်ငြိမ်သွားတော့မှ ကိုလုပ်တာမှားသွားတာသိ
လိုက်ရတယ် ကို့ကိုတစ်ခါလေးပဲခွင့်မလွှတ်နိုင်ဘူးလား "  
Saint က Zee ကိုသေချာစိုက်ကြည့်လိုက်တယ်
" နောက်မှပြောကြရအောင် ကျွန်တော်သီချင်းမဆိုတာ
ကြာပြီ မလိုအပ်တဲ့စိတ်ရှုပ်စရာတွေကိုရင်ထဲမထားချင်သေး
ဘူး "
" Saint Saint "
Saint ကိုထပ်ပြီးအော်ခေါ်လိုက်ပေမယ့်လည်း သူလှည့်မ
ကြည့်ဘဲအဝတ်လဲခန်းထဲကိုဝင်သွားလိုက်တယ်
" သေချာပြင်ဆင်လိုက်တော့လည်း Saint ရုပ်လေးက
တော်တော်ပုံကောင်းထွက်တာပဲ မိတ်ကပ်နဲ့လိုက်တယ် "
Ming က Saint မျက်နှာက်ိုုမိတ်ကပ်လိမ်းပေးရင်းနဲ့ တစိမ့်စိမ့်
ကြည့်နေလိုက်တယ်
" အတွင်းရေးမှူးက ဘာလို့ကျွန်တော့်ကိုမိတ်ကပ်ပြင်ပေး
နေတာလဲ "
Ming က Saint ကိုအပြုံးလေးနဲ့ပဲကြည့်နေလိုက်တယ်
" အကိုလေးပွဲတွေရှိရင်သူ့မျက်နှာကိုတို့တစ်ယောက်ပဲပြင်
ပေးရတာလေ တစ်ခြားပြင်တဲ့သူမခေါ်ဘူး အခုလည်းသူက
Saint ကိုသူများနဲ့မတူအောင် သေချာပြင်ပေးပါဆိုလို့လေ "
" အတွင်းရေးမှူးက ဘက်စုံတော်တယ်နော် ဒါကြောင့်
Perth ရဲ့လက်စွဲဖြစ်နေတာမလား "
" မပြောတတ်ပါဘူး "
ကျွီ......... တံခါးပွင့်သံကြောင့် နှစ်ယောက်လုံးအရှေ့ကမှန်ထဲ
ကနေ ကြည့်လိုက်မိတယ် အခန်းထဲကိုဝင်လာတာ Zee ဖြစ်
နေတယ် Ming လည်းထပြီးသူ့ကိုအရိုအသေပြုလိုက်တယ်
" မင်းက Perth ရဲ့အတွင်းရေးမှူးမလား ဘာလို့ဒီအခန်း
ကိုရောက်နေတာလဲ "
" သူကမိတ်ကပ်လာပြင်ပေးတာပါ "
Ming လည်းခေါင်းကိုပဲငုံ့နေလိုက်တယ် Saint ကသူ့အစား
ပြောပေးနေတယ်လေ
" ဒါဆို ကျွန်မကိုခွင့်ပြုပါဦး "
" နေဦး မင်းခေါင်းမော့ မင်းမျက်နှာကိုသေချာကြည့်ချင်
တယ် ခေါင်းကိုမော့လိုက် "
" P Zee ဘာလုပ်ဦးမလို့လဲ "
Ming လည်းခေါင်းမော့ပြီး Zee ကိုသေချာစိုက်ကြည့်လိုက်
တယ်
" ဘာကိစ္စများရှိလို့ပါလဲ "
" ဘာ ဘာမှမဟုတ်ပါဘူး ငါသိတဲ့သူတစ်ယောက်ယောက်နဲ့တူနေလို့ပါ မင်းသွားလို့ရပြီ "
Saint ကလည်းထသွားဖို့ပြင်လိုက်ချိန်မှာပဲ Zee ကသူ့ကိုပြန်
ထိုင်ခိုင်းလိုက်တယ်
" ခဏနေပါဦး "
" ကျွန်တော် Rehearsal ကျင့်ဖို့ရှိသေးတယ် အကောင်းဆုံးဖြစ်အောင်လုပ်ရမယ်လေ "
" ကို့ကိုစိတ်ဆိုးနေတုန်းပဲမလား ဆိုးပါ မင်းကိုကိုစောင့်
နိုင်ပါတယ် ဆိုးသင့်တာပဲလေ ဒါပေမယ့် စတိတ်ပေါ်မတက်
ခင် မင်းကိုဒါလေးလိုက်ဖက်နေအောင်ပေးချင်လို့ "
Zee က Saint ရဲ့လက်ကောက်ဝတ်မှာ ဟန်းချိန်းလေးကို
တပ်ပေးလိုက်တယ်
" လက်မှာဘာမှမပါဘဲကြည့်မကောင်းဘူးလေ ဒါလေး
ဝတ်ထားနော် ကို့ကောင်လေးကိုတောက်ပနေတာကြည့်ရ
တော့မှာမို့ကိုကအရမ်းပျော်နေတာ "
Zee ကမနေ့တစ်နေ့ကနဲ့တစ်ခြားစီပဲ မနေ့ကဒေါသနဲ့ဒီနေ့အ
ပြုံးဘာကိုဘယ်လို ယုံကြည်ရမှာလဲ
ဒေါက် ဒေါက် ..........
" CEO ဒီရောက်နေတာပဲ ဟိုဘက်က enter မှာပြသနာ
လေးတစ်ခုဖြစ်နေလို့လာကြည့်ပေးပါဦး "
" ကိုသွားကြည့်လိုက်ဦးမယ်နော် "
သူမသွားခင် Saint ရဲ့ခေါင်းလေးကိုပုတ်သတ်လိုက်တယ်
Saint ကလက်ကောက်ဝတ်က ဟန်းချိန်းကြိုးလေးကိုသေ
ချာကိုကြည့်နေမိတယ် ဒါကိုဝတ်ပြီးစတိတ်ပေါ်တက်ရမလား
" Saint "
သူအတွေးတွေများနေတာနဲ့ပဲ Perth သူ့အနောက်မှာရောက်
နေတာမသိခဲ့ဘူး
" မင်္ဂလာပါ "
အခုထိ မင်္ဂလာပါ လို့နှုတ်ဆက်နေတုန်းပဲလား ဘယ်အချိန်ထိ
သူစိမ်းဆန်နေဦးမှာလဲ Saint ရယ်
" အငိး ထိုင်ပါ အဲ့လိုထပြီးအရိုအသေပေးဖ်ို့မလိုပါဘူး "
Saint ရဲ့နီရဲနေတဲ့လက်ကိုသူဆွဲကိုင်လိုက်တယ် ဒဏ်ရာရနေတဲ့သူ့ခန္ဓာကိုယ်အစိတ်အပိုင်းကို Perth ကိုမမြင်စေချင်တဲ့ပုံ
ပါပဲ သူ့လက်ကိုအတင်းပြန်ဆွဲထုတ်ဖို့ကြိုးစားလိုက်ပေမယ့်
လက်ကဒဏ်ရာကနာနေတယ်
" အား "
" မရုန်းနဲ့ ပိုနာလိမ့်မယ် "
Perth ကသူယူလာတဲ့ဆေးဘူးကိုဖွင့်ပြီး လက်ပေါ်ကိုဖြည်း
ဖြည်းချင်းသုတ်လိမ်းပေးလိုက်တယ်
" အတွင်းရေးမှူးပြောလို့အကုန်သိထားတယ် မင်းလက်
နာနေတယ် ဒဏ်ရာရထားတယ်ဆ်ိုတာကို ဆေးသေချာလိမ်း
မှပေါ့ ဒီတိုင်းထားနေရင်ပျောက်မလား "
ဖူး ဖူး .......... Perth ကဂရုတစိုက်နဲ့ကို သူ့လက်လေးကိုလေ
နဲ့မနာကျင်အောင် မှုတ်ပေးလိုက်တယ်
Saint ရဲ့မျက်ဝန်းတွေက Perth ကိုပဲကြည့်နေခဲ့တယ်
Perth ပြန်မော့ကြည့်လိုက်တဲ့အချိန်မှာ သူတို့နှစ်ယောက်ရဲ့
အသက်ရှူသံကိုကြားရလောက်တဲ့ထိ သူတို့မျက်နှာတွေကနီး
ကပ်သွားခဲ့တယ် လွန်ခဲ့တဲ့ ရ နှစ်ကအတိုင်းပဲ သူတို့ချစ်ခဲ့တဲ့
အချိန်ကအတိုင်းပဲ လေးနက်တဲ့အကြည့်တွေကပြောင်းလဲမ
သွားသေးဘူး
Perth ရဲ့လက်တစ်ဖက်က Saint ရဲ့ပါးလေးကိုကိုင်လိုက်တယ် သူ့ကိုအောက်ကနေမော့ကြည့်နေတဲ့ ကောင်လေးရဲ့မျက်
နှာနားကိုဖြည်းဖြည်းချင်းကပ်သွားလိုက်တယ် Saint လည်းမ
ရုန်းကန်ဘဲ ဒီတိုင်းပဲငြိမ်နေပြီးသူ့မျက်လုံးကိုစုံမှိတ်ထားလိုက်
တယ် Perth လည်းသူ့မျက်လုံးတစ်စုံကိုမှိတ်လိုက်ပြီး
Saint ရဲ့နှုတ်ခမ်းနီဆိုးထားတဲ့ နှုတ်ခမ်းဖျားနီနီလေးကိုထိနမ်း
လိုက်တယ် ထိနမ်းရာကနေ ဖြည်းဖြည်းချင်းအလိုက်သင့် စုပ်
နမ်းလိုက်တယ် Saint ကလည်းအဆင်သင့်သူ့ပါးစပ်ကိုဖွင့်ဟ
ထားပေးလိုက်တယ် နှစ်ယောက်လုံးအတွက်ပထမအနမ်းမ
ဟုတ်ပေမယ့်လည်း ရင်ခုန်သံတွေကအသစ်အတိုင်းပဲ
ရင်ခုန်သံဆိုတာ နှစ်ယောက်လုံးရဲ့ရင်ထဲမှာတဒိုင်းဒိုင်းနဲ့က်ို
ခုန်နေခဲ့တယ်
" ချစ်တယ် ပြန်လိုချင်တယ် ပြန်လာခွင့်ပေးပါ " အဲ့လိုစ
ကားလုံးလှလှလေးတွေကိုမလိုအပ်ဘူး စစ်မှန်တဲ့အချစ်ကိုပိုင်
ဆိုင်ထားတဲ့သူနှစ်ယောက်လုံးအတွက် အဲ့လိုစကားသံတွေကိုဖွင့်ဟပြောနေစရာမလိုပါဘူး ဒီလိုအနမ်းတစ်ပွင့်နဲ့တင်
နှစ်ယောက်လုံးရဲ့ရင်ထဲကစကားသံကိုကြားနိုင်လို့ပါ
Perth ရဲ့အနမ်းကတစ်ခြားဘယ်သူ့အနမ်းနဲ့မှမတူဘူး
သူ့အနမ်းဆိုတာ လောကမှာကျွန်တော့်အတွက်အချိုမြိန်ဆုံး
အနမ်းတွေပဲ ဒီအနမ်းကိုအမြဲတမ်းလိုချင်တောင့်တခဲ့မိတယ်
အခုတော့ပြန်ပိုင်ဆိုင်ခွင့်ရပြီပေါ့နော်
Saint ကနမ်းနေရင်းနဲ့ သူ့လက်ထဲကဟန်းချိန်းကိုသူကိုယ်တိုင်ဖြုတ်လိုက်တယ် သူ့အတွက်ဒါတွေမလိုအပ်တော့ဘူး အခုလိုအပ်နေတာ Perth တစ်ယောက်ထဲပဲ .............
Part 10 ( the end )
Part 11 ( Spoiler )
Perth : ဘာတွေဖြစ်ကုန်တာလဲ Saint ဘာတွေဖြစ်နေတာ
လဲ
Saint : မုန်းတယ် သူ့ကိုအရမ်းမုန်းတယ်
Zee : ဘယ်တော့မှ Perth ကိုအနိုင်ယူခွင့်မပေးနိုင်ဘူး
Ming : Zee ဆိုတဲ့သူကသူလိုချင်တာကိုရအောင်ယူမှာပဲ
Next Episode Coming Soon

Love is ( complete)Where stories live. Discover now