Part 6

1.1K 145 8
                                    

" ရောက်ပါပြီ " Zee က Saint ကိုရုံးရှေ့မှာ ကားရပ်ပေး
လိုက်တယ်
" ကျေးဇူးပါ အကိုလည်းဂရုစိုက်မောင်းသွားဦးနော် "
" ခဏလေး Saint " Zee က Saint ရဲ့လက်တစ်ဖက်ကို
ကိုင်ပြီးသေချာကြည့်နေမိတယ် မျက်နှာမှာလည်းအပြုံးတွေနဲ့
" ဘာဖြစ်လို့လဲ အကို "
" မင်းလက်နုနုလေးထဲမှာ ဒီလက်စွပ်လေးမြင်နေရတာ
ကိုအရမ်းပျော်မိလို့ပါ လှလိုက်တာ မင်းနဲ့အရမ်းလိုက်ဖက်
တယ် "
P Zee ရဲ့အပြုံးတွေနဲ့ ထပ်တူကျွန်တော် Perth ရဲ့အပြုံးတွေကိုမြင်ယောင်နေမိတယ်
" Saint ကိုပျင်းလာပြီ စာမလုပ်ချင်တော့ဘူး "
" မရဘူး လုပ် စာမေးပွဲကနီးနေပြီ "
Perth ကကုတင်ပေါ်အိပ်ချလိုက်ပြီးဘေးမှာစာထိုင်ကြည့်နေတဲ့ Saint ကိုပြုံးစိစိနဲ့ ငေးကြည့်နေတယ်
" အဲ့ဒါဘာဖြစ်နေတာလဲ မျက်နှာပိုးကမသတ်နိုင်ဘူး "
Perth ကစာအုပ်ကိုင်ထားတဲ့ Saint လက်လေးကိုယူပြီးနှစ်
ချက်သုံးချက်လောက် နမ်းရှိုက်လိုက်တယ်
မွ မွ မွ ......... ပြီးတော့မှ Saint ကိုစပ်ဖြဲဖြဲနဲ့ရီပြနေတယ်
" အဲ့ဒါဘာဖြစ်နေတာလဲ လုပ်ချင်တာလုပ်ပြီးရင်အမြဲအဲ့
ရုပ်နဲ့ "
" ကိုကချစ်တာပါနော် လက်စွပ်လေးကအခုမှအရောင်
တွေတောက်နေတော့ချစ်မိလွန်းလို့ လက်စွပ်လေးကိုနမ်းချင်လွန်းလို့ "
" အော် ကျွန်တော့်ကိုနမ်းချင်တာမဟုတ်ဘဲ လက်စွပ်ကို
နမ်းချင်တာပေါ့လေ ရတယ် သွား အနားမလာနဲ့တော့ "
Saint ရဲ့ဖြစ်သွားတဲ့စူပုပ်ပုပ်မျက်နှာလေးကိုအသည်းယားလို့
Perth ကသူ့ပါးတွေကိုအတင်းဖက်နမ်းလိုက်တယ်
" Perth Perth မလုပ်နဲ့တော့ "
" မရဘူးကွာ အသည်းယားလာပြီ အဲ့ပါးတွေကိုအသည်း
ယားတယ် နမ်းမှာပဲ "
" Perth နော် Perth "
နောက်ဆုံးတော့လည်း ကျွန်တော်လည်းပြန်ပြုံးမိသွားတာပါပဲ
" Saint Saint "
" ဟုတ်ကဲ့ "
" ဘာတွေတွေးနေတာလဲ ဆင်းတော့လေ နောက်ကျနေ
မယ် "
ပုံမှန်အတိုင်းပဲ ကို့စိတ်ကူးတွေကိုရပ်ပြစ်ပြီးအခန်းထဲကို
လျှောက်လှမ်းလာခဲ့တယ် Perth ကအမြဲတမ်းကျွန်တော့်ထက်စောရောက်နေတတ်တယ်
" မင်္ဂလာပါ "
" အင်း ရောက်လာပြီလား မနေ့ကဖိုင်လေးပေးပါဦး အဆို
တော်ရွေးမယ့်စာရင်းလေး "
Saint လည်း Perth ခိုင်းတဲ့အတိုင်းစာရင်းဖိုင်ကိုယူပြီးအနား
ကိုလာပေးလိုက်တယ် Perth ကစာရင်းဖိုင်က်ိုမယူဘဲသူ့လက်
ကိုအကြာကြီးစိုက်ကြည့်နေခဲ့တယ်
Saint ရဲ့လက်ကိုုဆတ်ခနဲဆွဲကိုင်ထားလိုက်တော့ ဖိုင်တွေ
တောင်အောက်ပြုတ်ကျသွားတယ်
" ဘာလုပ်တာလဲ လွှတ်ပေးပါ "
" ဒါကဘာလဲ ငါမေးနေတယ်လေ ဒါကဘာလဲလို့ " Perth အသံကပြောနေရာကနေတဖြည်းဖြည်းကျယ်လာတယ်
သူဘယ်လောက်ဒေါသထွက်နေလဲဆိုတာ သူ့မျက်နှာမှာတင်
မြင်နေရတယ်
" ကျွန်တော့် ရည်းစားပေးထားတဲ့လက်ဆောင်ပါ အဲ့ဒါသူ
ဌေးနဲ့ဆိုင်လို့လား "
Perth ကဖြည်းဖြည်းချင်းမတ်တပ်ရပ်လိုက်တယ် သူ့အကြည့်
တွေကလုံးဝ Saint ဆီမှာပဲ Saint လည်းချုပ်ခံထားရတဲ့လက်
ကိုအတင်းရုန်းပေမယ့် မရဘူး
ဝုန်း ........ Perth ဒေါသထွက်ပြီး Saint ကိုနံရံဆီပြေးတွန်း
လိုက်တယ်
" အား " နံရံနဲ့ကျောပြင်နဲ့ထိသွားတဲ့အသံတောင်ကျယ်
လောင်တာ Saint လည်းနာသွားတာပေါ့
" အရူး မင်းကအရူးပဲ အဲ့ကောင်ပြောသမျှ ကြိုးဆွဲရာက
နေရတဲ့အရူးပဲ "
" ကျွန်တော့်လူကို မစော်ကားပါနဲ့ "
" တော်တော့ " Perth ကဒေါသတကြီးထအော်လိုက်တာ
Saint တောင်လန့်နေမိတယ် သူ့အသက်ရှူတောင်မဝနိုင်
လောက်အောင်ကြောက်လန့်နေမိတယ်
" လွှတ်ပေးပါ အခုလိုလုပ်တာ မသင့်တော်ပါဘူး "
" ငါပြောတာပဲနားထောင် Saint ငါမင်းကိုဘယ်လောက်
ချစ်ခဲ့လဲ ဘယ်လောက်ဂရုစိုက်ခဲ့လဲ ဘယ်လောက်တန်ဖိုးထားခဲ့လဲ မငိးဘာလို့အဲ့လိုလုပ်ရက်တာလဲ ငါ့အပေါ်ဘာလို့
ဒီလိုလုပ်ရက်ရတာလဲ "
Perth မျက်ဝန်းကနေမျက်ရည်တွေကအတိုင်းအဆမရှိကျဆင်းလာခဲ့တယ်
" အဲ့ဒါဆို Perth ကရော ကျွန်တော့်အပေါ်ဘာမှမလုပ်ခဲ့
လို့လား ကို့ချစ်သူဒုက္ခရောက်နေတဲ့အချိန်မှာ သူ့ကိုလာကယ်ရမယ့်အစား ရှောင်ပြေးခဲ့တယ် အဲ့လိုချစ်သူမျိုးကိုမေ့ပစ်ပြီး
အသစ်ရှာတဲ့ကျွန်တော်က မှားနေလား "
Saint ရဲ့မာန်ပါတဲ့အကြည့်တွေကိုခံနိုင်ရည်မရှိနိုင်လို့ Perth
သူ့လက်ကိုလွှတ်ပေးလိုက်တယ်
" အခု Zee ဆိုတာကျွန်တော့်ချစ်သူပဲ သူသာကျွန်တော့်
ကိုကယ်တင်ခဲ့တာ "
ဟားဟားဟား .......... Perth ကမျက်ရည်တွေအပြည့်နဲ့ထရီ
လိုက်တယ်
" အေးပေါ့ အဲ့ကောင်ကမင်းကိုပိုင်တယ် မင်းသူလိုချင်
တာကိုပေးလိုက်ပြီးပြီနေမှာပေါ့ ဘယ်လိုလဲ ပထမဆုံးအတွေ့
အကြုံကအရသာကောင်းရဲ့လား "
Perth ရဲ့ခပ်ရွဲ့ရွဲ့စကားတွေက သူ့သိက္ခာကိုထိပါးလာတယ်
သူ့ခန္ဓာကိုယ်ကို သူဘယ်လောက်တန်ဖိုးထားခဲ့လဲ Perth အ
တွက်သူဘယ်လောက်တန်ဖိုးထားခဲ့လဲ မသိပေမယ့် ပြောနေတဲ့အဲ့စကားသံတွေကိုမုန်းမိတယ်
" ဘာလဲ အနာပေါ်တုတ်ကျလို့ ဘာမှမပြောနိုင်တော့ဘူး
လား မင်းရဲ့ကောင်နဲ့အတူနေတာလား ဒါဆ်ို ညတိုင်းညတိုင်း
အတူအိပ်နေမှာပေါ့ "
ဆက်မသည်းခံနိုင်တော့ဘူး တစ်ခြားသူပြောရင်တောင်သည်းခံနိုင်ပေမယ့် Perth ဆီကလာတဲ့အဲ့စကားတွေကိုသည်းမခံနိုင်ဘူး
ဖြန်း.......... Saint ကအားနဲ့ Perth ရဲ့ပါးကိုရိုက်ချလိုက်တယ်
" မင်း " ပါးကိုရိုက်လိုက်လို့အသားနာတာ ဘာမှမဖြစ်ပါဘူး
ဒါပေမယ့် သူအမြတ်တနိုးနဲ့အမြဲနမ်းခဲ့တဲ့ ဒီပါးကိုနာအောင်
လုပ်လိုက်တဲ့ခံစားချက်က ရင်ထဲမှာစူးနစ်နေတာပဲ
ဒါပေမယ့် သူ့က်ိုစိတ်မဆိုးရက်ဘူး ဘာလို့လဲဆိုတော့ သူစိတ်
တိုပြီးသူ့အောက်နှုတ်ခမ်းကိုကိုက်ထားတာ သွေးတွေစီးကျ
လာနေပြီ သူ့ကိုအရမ်းစိတ်ပူသွားမိတယ်
" Saint တောင်းပန်ပါတယ် ကိုတောင်းပန်ပါတယ် ဆက်
မကိုက်ထားပါနဲ့တော့ မင်းနှုတ်ခမ်းကသွေးတွေထွက်နေပြီ
ဆက်မလုပ်ပါနဲ့တော့ "
Perth ကငိုချပြီးတော့ကိုတောင်းပန်လိုက်တယ်
" မုန်းမိပါတယ် အခုမှတကယ်မုန်းမိသွားတယ် အရင်ကနာကျည်းခဲ့ရုံပဲ အခုတော့မုန်းတယ် Perth အတွက်ကျွန်တော်
အခုထိဖြူစင်အောင်နေခဲ့တဲ့ခန္ဓာကိုယ်အတွက် အခုမှနောင်တရမိတယ် အစထဲက Perth အတွက်အဲ့လိုမစောင့်ထိန်း
သင့်ဘူး ဒီခန္ဓာကိုယ်ကိုကြိုက်သလိုစားသုံးခွင့်ပဲပေးလိုက်တော့မယ် "
Perth ကချက်ချင်းဒူးထောက်ချလိုက်တယ်
" တောင်းပန်ပါတယ် အဲ့လိုတွေမပြောပါနဲ့လား ကို့က်ို
နောက်ဆုံးအနေနဲ့ အဲ့တစ်ခုလေးပဲထပ်မပြောပါနဲ့ စိတ်ချပါ
နောက်ဆိုမင်းစိတ်ညစ်စေရတာဘာမှမလုပ်ပါဘူး ကိုဘာမှ
မင်းနဲ့မင်းချစ်သူကြားဝင်မပါတော့ပါဘူး ဒါနောက်ဆုံးပါ ဒါ
နောက်ဆုံးအကြိမ်ပါ ရိုက်ပါ စိတ်ပြေသွားတဲ့အထိရိုက်လိုက်ပါ "
Saint ကအသက်ကိုဝအောင်ရှူလိုက်ပြီးတော့မှ
" ခဏလောက်အပြင်ထွက်ပါရစေ မွန်းကြပ်နေပြီ ဒါနောက်ဆုံး ကျွန်တော်တို့အတိတ်ကိုပြန်သတိရခြင်းပဲ နောက်နေ့
ကစပြီး ကျွန်တော်တို့ကဘာမှမသက်ဆိုင်တော့ဘူး "
Saint ကအပြင်ကိုပြေးထွက်သွားလိုက်တယ် Perth လည်း
တစ်ယောက်ထဲဒူးထောက်လျက်ပဲငိုပြီးကျန်နေခဲ့တယ်
Saint ကခေါင်မိုးထပ်ကိုတက်သွားပြီး ထောင့်လေးတစ်နေရာ
မှာထိုင်ချပြီးငိုကြွေးနေခဲ့တယ် သူ့လက်ဖဝါးကိုပြန်ကြည့်ပြီးပို
ငိုချမိတယ်
ဘာလို့ရိုက်ခဲ့မိတာလဲ အဲ့ပါးကိုဘာလို့ရိုက်ခဲ့တာလဲ အမြဲတမ်း
ချစ်လွန်းလို့နမ်းခဲ့တဲ့ပါးကို ဘာလို့ရိုက်လိုက်ရတာလဲ
Part 6 ( the end )

Love is ( complete)Where stories live. Discover now