HERO ( Prologue )
Unicode
" ဟေ့ ... ဟေ့ ဒါဘယ်လဲ "
လာပြန်ပြီ ဒီနှာဘူးကြီး ။
မကြာချင်ယောင်ဆောင်ပြီး ခြေလှမ်းကိုခပ်သုတ်သုတ်
လျှောက်လိုက်သည် ။" ဟေ့ နေဦးလို့ပြောနေတယ်လေ "
လေသံခပ်မာမာနဲ့အော်လိုက်တာကြောင့် လန့်သွားမိ
တာတော့အမှန် ။
ဒါကြောင့် ခြေလှမ်းတွေကိုရပ်လိုက်သည် ။" ဟင်းဟင်း ... "
ရယ်သံကိုက လူယုတ်မာရယ်သံနဲ့ သူ့ကိုကြောက်နေပြီ
မလားဆိုတဲ့ပုံ ။" မင်းကလည်း ငါ့ကိုတွေ့ရင်ရှောင်နေတော့တာပဲနော် "
" ဒီမှာ နှာဘူးကြီး.... နေ့တိုင်းနေ့တိုင်း ဒုက္ခပေးနေရတာ
မဝသေးဘူးလား "" ဒုက္ခပေးတာမဟုတ်ပါဘူး ချစ်လို့ပါကွာ "
" ဘာချစ်တာလဲ ဆွဲထိုးလိုက်မှာနော် ယောကျာ်ချင်းချင်း
ကြီးကို ဘာတွေလာပြောနေတာလဲ နှာဘူးကြီးရဲ့ "" ဟဟဟ ... အဲ့ဒါတွေချစ်တာကွာ အူယားလိုက်တာ
အဲ့လိုကတ်ကတ်လန်ပြန်ပြောနေတာလေးကိုက ကိုယ်
မင်းနားက မခွာနိုင်တဲ့အချက်ဖြစ်နေတာ "" သေလိုက် နှာဘူးကြီး "
ဟော ပြောပြီးလှည့်ထွက်သွားပြီ ။
ဟုတ်ပါတယ် သူပြောသလိုနှာဘူးကြီးပါပဲ ချစ်ပါတယ်ဆို
ဗျာ ဘူးမှာပေါ့ .... ။//
အခန်းတစ်ခုလုံး တိတ်ဆိတ်လျက် နာရီလက်တံရွေ့
လျားသံကိုသာကြားရသည် ။ကျွန်တော်အိပ်မပျော်ပါ ။
အရင်တွေတုန်းက သူ့အကြောင်းကို ခေါင်းထဲတွေး
မနေမိခဲ့ ။
ဒီရက်ပိုင်း ဒီနှာဘူးအကြောင်းကို ဘာလို့တွေးနေမိပါလိမ့် ။
![](https://img.wattpad.com/cover/192379268-288-k785774.jpg)
YOU ARE READING
HERO • Kookmin || COMPLETED ||