- 31 -

5.2K 605 67
                                    

HERO ( 31 )

Unicode

ဂျောင်ကု စကားကြောင့် ဂျီမင်းက အတော်လေး
အံ့သြသွားသည်

" ဘာပြောတယ် !!!! "

" အယ် တိုးတိုးပြောလေ .... "

" အဆုံးသတ်မယ်ဆို ! "

" အင်းလေ အခုလိုနေနေရတာကြီးကို အဆုံးသတ်
တော့မယ်လို့ပြောတာလေ "

" အာ မောင်ကလည်း လန့်သွားတာပေါ့ ထား
ခဲ့တော့မယ်ထင်လို့ ဟင့် ဟင့် ... "

" အော်ဟော် ! ဒီလိုမျိုးထင်သွားတာလား ဟဟဟဟ
ဆောရီးပါ ကြက်ပေါက်လေးရယ် အမလေး မျက်ရည်
တွေတောင်ဝဲနေတာကိုး ကလေးက "

" ရုတ်တရက်ကြီး အဲ့လိုအတွေးမျိုးကို ဘာလို့လဲ "

" ဘာပဲဖြစ်ဖြစ် မောင်မင်းကို ထပ်ပြီးလက်မလွှတ်
ချင်တော့လို့ မလိုက်ရဲဘူးလား "

" လိုက်မှာပေါ့ မောင်ရယ် "

" အမလေး ! တော်သေးတာပေါ့ "

ဂျောင်ကုက ရင်ထဲက အလုံးကြီးကျသွားပုံဖြင့်
ဂျီမင်းကို ခပ်တင်းတင်းဆွဲဖက်လိုက်သည်

" တော်သေးတာပေါ့ ငြင်းရင်ဘယ်လိုလုပ်
မလဲလို့ "

" မောင်က သတ္တိရှိရှိ ပြောလာတာပဲမလား ဒီက
လည်း သတ္တိရှိရမှာပေါ့ "

" အခု သွားရအောင် "

" ဘယ်ကိုလဲ "

" မောင့်အိမ်ကိုပဲပေါ့ "

ဂျီမင်း နည်းနည်းလေးမှ ကြောက်မနေခဲ့သလို
စိုးရိမ်စိတ်လဲမရှိခဲ့ပါ ဘာမှကိုမတွေးဘဲ ဒီတိုင်း
ဂျောင်ကု လက်ကို ဆုပ်ကိုင်လိုက်ကတည်းက
ပြည့်စုံနေခဲ့ပြီလို့ တွေးခဲ့လို့

HERO • Kookmin || COMPLETED || Where stories live. Discover now