HERO ( 7)
Unicode
ကျောင်းပြန်လမ်းလေး တစ်လျှောက် ကောင်လေး
နှစ်ယောက်လမ်းလျှောက်လာကြသည် ။
" ဂျီမင်း ? ဒီနေ့ ကျောင်းပြန်တာနောက်ကျတယ်နော် "
" အင်း စာမေးပွဲကနီးနေတော့ အချိန်ပိုသင်နေလို့ "
" အော် ... "
" ဘာလို့လဲ "
" ကိုယ် ခုလို လာလာကြိုနေတာ အနှောင့်အယှက်
ဖြစ်လားဟင် "
ဂျီမင်းတစ်ယောက် ဘယ်လိုဖြေရမယ်မသိ ။
မဖြစ်ဘူးဆိုရင် သဘောကျတာ အရမ်းသိသာသွာမလား ။
" ဖြစ်တယ်လို့ပြောလို့လား "
" မဟုတ်ပါဘူး ။ ဂျီမင်းကမပြောပါဘူး ။ ကိုယ်က
ထင်တာပါ ။ ကိုယ်က သက်သက်မဲ့ ဂျီမင်းဘေးမှာ
ကပ်တွယ်နေမိသလားလို့ "
ဘာလဲ ။ သူက ဒီလိုပုံစံနဲ့ ငါ့ကိုခွာချင်နေတာလား ။
" ကပ်တွယ်တယ်ရောပြောလို့လား ။ မချစ်နိုင်တော့လို့
ဂွင်ဆင်နေတာမလား "
" အမလေးဗျာ ။ အဲ့လောက်တောင်တွေးလိုက်တာလား ။
မဟုတ်ရပါဘူး ။ ဒီတိုင်း ကိုယ်က စိတ်ညစ်စရာတစ်ခု
ဖြစ်နေသလား ... လို့ .... "
" စိတ်ညစ်တယ်ပြောလို့လား ပြောလို့လား
ပြောလို့လား !!!!! "
ဂျီမင်းရဲ့ အော်သံကြောင့် လမ်းသွားလမ်းလာတွေတောင်
စိုက်ကြည့်ကုန်ကြသည် ။
" ဟောဗျာ !! ဘာတွေဒီလောက်စိတ်တိုနေရတာတုန်း "
" မတိုပါဘူး ။ "
" ဘာလဲ ? ဒါဆို ကိုယ်က စိတ်ညစ်စရာမဟုတ်ဘဲ စိတ်ချမ်း
သာစရာလေးဖြစ်နေတာပေါ့ "
YOU ARE READING
HERO • Kookmin || COMPLETED ||