- 18 -

5.4K 651 23
                                    

HERO ( 18 )

Unicode

ဆိုင်ထဲကလူတွေရဲ့ အကြည့်က ကျွန်တော်တို့ ဝိုင်းဆီ
ရောက်လာသည်
ဂျီမင်းကလည်း မျက်ရည်တွေဝဲတက်လာလို့ပေါ့ ~

" ဂျီမင်း မင်းဘာတွေပြောနေလဲမသိပေမယ့် မောင်
အခု အပျော်ကစားနေတာမဟုတ်ဘူးနော် မင်းလည်း
သိသားနဲ့ ဘာလို့ အဲ့လိုပြောရတာလဲ စဉ်းစားမရဘူး "

" မသိတော့ဘူး တစ်ခါတစ်လေကျ မောင်ကအမြဲ
တွေဝေစရာတွေလုပ်နေခဲ့တာကို "

ဆံပင်တွေကို ထိုးဖွလိုက်ပြီး ခေါင်းကိုငုံရင်း ဂျီမင်းက
ပြောသည် အသံတွေကလည်း တုန်ယင်လို့ ~

" ဘာကိုလဲ ? သူဌေးကို အမှန်တိုင်းမပြောခဲ့လို့လား "

ဂျီမင်းက ခေါင်းတစ်ချက်မော့လာပြီး ဂျောင်ကုကို
ကြည့်သည်

" မောင်သိပါတယ် အဲ့ဒါ ဘာမှမှမဟုတ်ဘဲ ...  "

" ဘာမှမဟုတ်ဘူး ? မောင့်အတွက် ဘာမှမဟုတ်ဘူး
လား ဘယ်လိုလုပ် ....  ဘယ်လိုလုပ်ပြီး "

" မဟုတ်ဘူး မောင်ပြောတာက အခု အဲ့ဒါက အရေး
ကြီးဆုံးမဟုတ်သေးဘူး ဒီ့ထက် မောင်တို့ရင်ဆိုင်ရမှာ
တွေလာဦးမှာ အခုချိန်မှာ မောင်တို့နှစ်ယောက်ရင်း
နှီးတယ်ဆိုတဲ့ လမ်းစတောင်ပြလို့မဖြစ်ဘူး ကောင်လေး
ရဲ့ စောလွန်းသေးတယ် မောင်တို့အများကြီးပြင်ဆင်
ရဦးမှာ မောင်ရော မောင်ဘေးနားမှာရှိမယ့် သူကပါ
အများကြီးပြင်ဆင်ရမှာ အဲ့ဒါသိလား "

ဂျီမင်း အနည်းငယ် တွေဝေသွားသည်
အဲ့လောက်မလွယ်တာသိပေမယ့် အဲ့လောက်ခက်နေ
မယ်လို့လည်း မထင်ထားဘူး

HERO • Kookmin || COMPLETED || Where stories live. Discover now