HERO ( 26 )
Unicode
" ဂျီမင်း အဆင်သင့်ဖြစ်ပြီလား "
" ဟုတ် အဖေ "
တည်တည်ငြိမ်ငြိမ်နဲ့ ကောင်လေးတစ်ယောက်ကို
မောင်မြင်ရင် ဘာတွေပြောဦးမယ်မသိဘူး ။သိပ်တော့ မပျော်ပါဘူး မောင်ရယ် ။ ဒါပေမဲ့ ပျော်ရာမှာ
မနေ တော်ရာမှာ နေရမယ်မလား ။
တာဝန်တစ်ခုလို သဘောထားပြီး ကျေအောင်လုပ်
နေတယ် မောင် ။
မောင့်ကို အချိန်တိုင်း သတိရနေတာကတော့ ချွင်းချက် ။ကားပေါ်ကို တက်ပြီး ဂီယာကို ကိုင်လိုက်တော့
မောင့် သတိပေးသံလေး နားထဲကြားမိတယ် ။" အရှိန်အရမ်းများတယ် လျှော့ဦး " တဲ့ ။
" သား ထွက်လေ ။ လူကြီးတွေနဲ့သွားတွေ့မှာ
နောက်ကျလို့မကောင်းဘူး "" ဟုတ် "
ဝင်သက်ထွက်သက် တွေမှာ မောင့်နာမည်ကိုရေရွတ်
နေပေမယ့် မောင်ဘယ်ရောက်နေလဲဆိုတာ လေညင်း
တွေက မပြောပြပါဘူး ။
မောင်ကြားမယ်ဆိုလေ .... ။တွေးရင်း ဆီဂိတ်ကိုကြည့်မိမှ " သေစမ်း ဆီမထည့်
လာမိဘူးပဲ " ။" အဖေ ဒီနားမှာ ဆီဆိုင်မရှိဘူးလား ။ ကျွန်တော်ဆီ
ထည့်ဖို့မေ့လာတယ် ။ "" အော် ! ကဲ ဂျီမင်းတို့ကလုပ်ပြီ ။ နမော်နမဲ့နဲ့ ။
ရှေ့နားရောက်ရင် လမ်းမကြီးအတိုင်းသွားပြီး ညာ
ချိုးလိုက် အဲ့နားမှာမြင်မိသလိုပဲ "ဆီဂိတ်က ကပ်နေတော့ ဖြည်းဖြည်းချင်းထိန်းမောင်း
ရင်း ကံကောင်းလို့ ဆီဆိုင်ကိုရောက်လာသည် ။
YOU ARE READING
HERO • Kookmin || COMPLETED ||