- 33 -

5.5K 592 27
                                    

HERO ( 33 )

Unicode

" ဒါဘယ်ကို မောင်းနေတာလဲ "

မိုးတွေက သည်းသထက် သည်းလာသည်
ဘေးပတ်ဝန်းကျင်ကလည်း ဝိုးတိုးဝါးတား

" ခင်ဗျား ဘယ်ကိုမောင်းနေလဲလို့ မေးနေတယ်နော် "

ထူးဆန်းသည်ထက် ပိုပို ထူးဆန်းလာသည်
အဖေဖြစ်သူက ဂျောင်ကုနဲ့အတူ ကျန်ခဲ့သည်က
ပိုထူးဆန်းနေသည်

" ခဏလောက် ရပ်ပေးလို့ရမလား "

ထိုသူက နောက်ကြည့်မှန်မှ တစ်ဆင့် လှမ်းကြည့်သည်

" ကျန်းမာရေးလေဗျ "

" မိုးတွေရွာနေတယ် နောက်မှပဲ ...  "

မိုးတွေရွာနေတာကို အကြောင်းပြပြီး ကားပေါ်က
မဆင်းစေချင်တဲ့ပုံ
ဒီလိုနဲ့နောက်အကြောင်းတစ်ခု ထပ်ရှာရသည်

" ဟဲလို အဖေလား ? ပြန်လာရမှာလား အဲ့ဒီကို ? "

ထိုလူကား နောက်ကြည့်မှန်ကနေဆက်တိုက် မသင်္ကာ
သလို ကြည့်နေပုံမှာ ဂျီမင်းမြင်လိုက်တိုင်း ကြက်သီးထ
သည်

" အော်  ...  အဲ့လိုလား ? အဲ့ကိုပြန်လာခဲ့မယ်နော် "

တကယ်တမ်းက ရဲစခန်းကိုဖုန်ခေါ်ပြီး စကားပြောနေ
ခြင်းပင်

" အဲ့ဒီနေရာက  ....  "

လိပ်စာကို ပြောနေတော့ ထိုလူက ပိုမယုံကြည်ဖြစ်
လာသည်

" မင်း ဘာလို့လိပ်စာပြောနေတာလဲ "

" အဖေမေးနေလို့ "

" အဟက် ! လိမ်နေတယ် မဖြစ်နိုင်တာ "

ထို့နောက် ပုံမှန်ထက်ပိုမြန်သော အရှိန်ကို တင်လိုက်
ပြီး ကားကို မောင်းလိုက်သည်

HERO • Kookmin || COMPLETED || Where stories live. Discover now