HERO ( 16 )
Unicode
ထုံးစံအတိုင်း Favour Club ဥက္ကဌ Club ရှေ့ကား
ဆိုက်တာနဲ့ အားလုံးက ရုတ်ရုတ်သဲသဲကြိုဆိုကြသည် ။" ဆရာ !! ရောက်ပြီလား ဘာလိုအပ် ... ? "
" မြန်မြန် !! ဂျွန်ဂျောင်ကု ကို ငါ့အခန်းကိုခေါ်လာခဲ့ "
" ခင်ဗျာ ? အာ ဟုတ် အခုခေါ်လာခဲ့ပါမယ် "
//
သူ့အခန်းကို မရောက်ခဲ့တာ နှစ်ချီနေခဲ့ပြီ ။
သူ့ရဲ့ ရေမွှေးနံ့ ။ ခုံမှာထိုင်နေရင်း ခြေထောက်ချိတ်
ထားတဲ့ အမူအရာ ။ ဆေးလိပ်နံ့ ။
အားလုံးကို ကျွန်တော် မုန်းနှင့်ပြီးသား ။" ကျွန်တော့်ကိုခေါ်တယ်ဆို "
မနေ့တစ်နေ့ကလိုပဲ ။ ဒီလူက ဘာမှမပြောင်းလဲပါဘူး ။
သူသောက်နေကျ ဆေးလိပ်ကို လက်ကြားညှပ်ရင်းပေါ့ ။" လာ ဒီမှာထိုင် "
ပုံမှန်ဆို Club ရောက်တာနဲ့ မိန်းမတွေတစ်ပျော်ကြီးနဲ့
မူးရူးနေတဲ့သူက ခုတည်တည်ကြည်ကြည်နဲ့ ဖြစ်နေတော့
ဂျောင်ကု အတန်ကြာ စိုက်ကြည့်လိုက်မိသည် ။" ဘာလုပ်နေတာလဲ ဒီမှာထိုင်လေ "
ခုံမှာဝင်ထိုင်ရင်း အင်္ကျီရှပ်ကြယ်သီးကို တစ်လုံး
နှစ်လုံး ဖြုတ်လိုက်သည် ။
စိတ်ကျဥ်းကျပ်တာကြောင့်လည်းပါသည် ။" ငါတို့စကားမပြောရတာကြာပြီပဲ "
" ဟုတ်ပါတယ် ။ အခု ဘာကိစ္စ .... ? "
" မင်း ဒီမှာ မလုပ်ချင်တော့ဘူးလား ? "
ရုတ်တရက်မေးလာသော မေးခွန်းအတွက် ဂျောင်ကု
မှာအဖြေမရှိ ။
YOU ARE READING
HERO • Kookmin || COMPLETED ||