- 8 -

7.1K 882 36
                                    

HERO ( 8 )

Unicode

သူက သိုဝှက်သည် သူက ရက်စက်သည်
နောက်ဆုံးတွေ့ခဲ့တဲ့ ရက်ကစလို့ ဒီနေ့ထိ ဖုန်းလေးတစ်
ချက်တောင် ဆက်မလာခဲ့

နေနိုင်လိုက်သူရယ် ဘယ်လိုစိတ်မျိုးနဲ့ နေနိုင်ရက်
တာလဲ တစ်ခါတစ်လေ တကယ်မှချစ်ရဲ့လားလို့
သံသယဝင်မိတယ် ဟုတ်ပါတယ် ခင်ဗျား ကျွန်တော့်
ကိုမချစ်ပါဘူး

" သား ဘာတွေတွေးနေတာလဲ "

အခန်းထဲကို ဝင်လာသော အမေက ကိုယ့်ဆီကိုလာ
ရင်း မေးသည်

" အမေကလည်း တံခါးလေးဘာလေးမခေါက်ဘူး "

" မေမေခေါက်ပါတယ် သားကမကြားတာ !! ကဲ
သား ဖေဖေ ပြောတာစဥ်းစားပြီးပြီလား "

" အာ သား သား  ....  "

ဘာတွေတွန့်ဆုတ်နေတာလဲ ? ဟိုလူကိုတော့
သွားမယ်လို့တောင်ပြောခဲ့ပြီးပြီကို

" သား စဥ်းစားချင်သေးလည်း စဥ်းစား သားမသွားချင်လည်း
မေမေက ဖေဖေ့ကိုပြောပေးမှာပေါ့ "

" ဟုတ် ကျေးဇူးပါ မေမေ "

" ကဲကဲ သားသေချာစဥ်းစား မေမေ လုပ်စရာရှိတာ
သွားလုပ်လိုက်ဦးမယ် "

" ဟုတ် ဟုတ် "

ကျွန်တော် တကယ် စဥ်းစားဖို့လိုလာပြီ
ကျွန်တော် မသွားချင်ပါဘူး စမ်းသပ်ရုံသက်သက်သွားမယ်လို့
ပြောလိုက်တာကို သူကတော့ "သွား" တဲ့

ခံပြင်းသလို ခံစားချက်ကြီးက ရင်ထဲမှာ မရိုးမရွ
ဘာလုပ်သင့်တယ်ဆိုတာလဲ ဝေခွဲမရ

HERO • Kookmin || COMPLETED || Where stories live. Discover now