HERO ( 17 )
Unicode
" ဒီမှာ မှာထားတာရပါပြီ ။ ကောင်းကောင်းသွားပါ "
Coffee ခွက်နှစ်ခွက်ကို ဧည့်သည်ကိုလှမ်းပေးရင်း
အချိုဆုံးအပြုံးနဲ့ နှုတ်ဆက်လိုက်သည် ။မလွယ်လိုက်တာ ။ Customer နဲ့အဆင်ပြေအောင်
နေရထိုင်ရတာ တကယ်ကိုမလွယ်ဘူး ။ တစ်ချို့က
အကြောတင်းတော့ ပတ်ဂျီမင်း စိတ်နဲ့ပိုမလွယ်ဘူး ။ပတ်ဂျီမင်းဆိုသည်မှာ ဂျွန်ဂျောင်ကုအတွက်ပဲ ပြုံးနေ
ချင်တာမျိုး ။" အမေရိကာနို နှစ်ခွက်ပေးပါ "
ငိုင်နေတဲ့ ဂျီမင်းကို ဘေးက သူငယ်ချင်းက ပုခုံးကို
ထိလိုက်ရင်း -" ဂျီမင်း ah , ဧည့်သည်ရောက်နေတယ်လေ "
" အော် အေး အေး ဟုတ်သားပဲ "
နာရီကိုလည်း လှမ်းလှမ်းကြည့်ရသည် ။
ညကိုးနာရီထိုးရင် အလုပ်ဆင်းရတော့မှာမို့ ။
နာရီကလည်း အလုပ်လုပ်နေရရင်နှေးပြီ ။
မောင်နဲ့ ဖုန်းပြောရရင်ခဏလေး ။
ပိတ်ထုလိုက်ရ ။" Yahh ပတ်ဂျီမင်း နာရီကို ဘာလို့လဲ "
" အား အ အယ် ဟိုဟာ ငါယောင်သွားတာ ဟဲ ဟီး ~ "
//
လူနည်းနည်းပါးချိန်မို့သာ ခဏထိုင်ချိန်ရသည် ။
ရတဲ့လစာနဲ့တောင် ပင်ပန်းတာက မကာမိတော့ ။
အစကပျော်ပေမယ့် ပင်ပန်းတော့ မပျော်လာတော့ဘူး ။
မောင့် မျက်နှာလေးပဲမြင်ယောင် အားတင်းထားရတာ ။" ဟာ မောင် ဖုန်းခေါ်ပြီ "
ပင်ပန်းတဲ့အရိပ်အယောင်တောင် မမြင်ရလောက်
အောင် ပျော်သွားတဲ့ ကောင်လေး ။
လူအလစ်လည်း ချောင်းရသေးတယ် ။
ဖုန်းပြောရင် ဖြီးနေတဲ့မျက်နှာကြီးကို သူများရီမှာ
စိုးလို့ရယ် ။
YOU ARE READING
HERO • Kookmin || COMPLETED ||