HERO ( 20 )
Unicode
" အဲ့တော့ မင်းတို့က ငယ်ငယ်လေးထဲက သိတာပေါ့ "
" သိတယ်လို့လည်းမဟုတ်သေးဘူးကွ !! ငါတို့က ဘာမှ
မပတ်သက်ခဲ့တာဘဲ "" အာ !! ရေစက်ဆိုတာ ဒီလိုမျိုးပဲကို "
" ငါ အစက သူ့ကိုမမှတ်မိဘူး ။ ငါစောစောသိခဲ့ရင်
ပညာတော်သင် ဘယ်သွားမလဲ ။ ငါနိုင်ငံခြားကိုပညာ
တော်သင်သွားပြီး ပြန်လာမှ သိတာ ။ "Club ကို ပထမဆုံးရောက်ခဲ့ရတဲ့ အိပ်မက်ဆိုးမှာပေါ့ ။
" ဒါဆို သူကရော ? "
" ငါ့ကိုတော့ သူက သိနေမှာပါ ။ ငါက သူပြောဖူးသလို
မှတ်ဥာဏ်မကောင်းဘူးလေ ဟဟ ။ သူက ငါ့ကိုဟိုအရင်ထဲက
ချစ်နေတယ် ဆိုတာ အခုမှ သူ့မျက်လုံးတွေကိုကြည့်
လိုက်ရင် ငါပိုပိုသဘောပေါက်လာတယ် ။ ငါ့ကို အိမ်စာ
တွက်ပြပေးသွားတုန်းက အကြည့်တွေက အခုနဲ့တစ်ပုံစံ
တည်းပဲလေ ။ သူကြုံရင် ငါ့ကိုပြောပြမှာပါ "ဂျီမင်း ရဲ့ မျက်နှာမှာ မပြုံးနေပေမယ့် ပြုံးနေသလို
ပျော်နေဟန်ပုံရိပ်ရှိသည် ။
ဂျောင်ကု အကြောင်းပြောလိုက်ရင်ကို ရင်တွေခုန်ပြီး
သတိရလာတာမျိုးပေါ့ ။" အဲ့လိုရေစက်မျိုးရှိတာပဲ ။ မင်းတို့ ဘယ်လိုအခြေ
အနေမှာပဲ ဖြစ်ဖြစ် ကံကြမ္မာကပြန်ဆုံပေးနေတာပဲ ။
ခဏလေးပဲ စောင့်လိုက်ရင် မင်းတို့ နှစ်ယောက် အဆင်
ပြေမှာပါ "" ငါလဲအဲ့လိုယုံကြည်တာပါပဲ ။ ဒါပေမဲ့ သူငါ့ကို နောက်
ထပ်ဖုံးကွယ်ထားတာရှိသေးတယ် ။ "
" ဘာကိုလဲ ? "
![](https://img.wattpad.com/cover/192379268-288-k785774.jpg)
YOU ARE READING
HERO • Kookmin || COMPLETED ||