- 21 -

5K 604 9
                                    

HERO ( 21 )

Unicode

တစ်ခါမှမငြင်းဖူးပေမယ့် အရဲစွန့်ကာငြင်းလိုက်မိသည်

" သူဌေး ဘာလို့လဲ ? "

" ဟဟဟဟ !! မင်းတောင်အရွယ်ရောက်လာပြီကိုး
ဟုတ်တယ် ငါကမေ့နေတာပဲ မင်း အရွယ်ရောက်လာ
တာကိုး အရင်လို ငါပြောတာချည်းပဲ ဘယ်နားထောင်
တော့မလဲ "

" သူဌေး ! "

" ငါကနောက်တာပါ ဟဟ !! မင်း ...  မင်းရဲ့ ဟန်းဖုန်း
ကို လဲပေးချင်လို့ပါ "

" ဗျာ ??? ရုတ်တရက်ကြီး "

" အဟက် !! ရုတ်တရက်ကြီးလား ? အင်း ရုတ်တရက်
ထင်တယ် မင်းရဲ့ ဟန်းဖုန်းကိုကြည့်လိုက်တာ ဟောင်း
နေသလားလို့ ဘာလို့လဲ ? သဘောမကျလို့လား "

" အဲ့လိုမဟုတ် ...  "

" အဲ့ဒါဆိုလည်း လက်ခံလိုက်လေ အစကတည်းက
မင်းက ငါ့လက်အောက်မှာကြီးပြင်းလာတာပဲကို "

ငါ့လက်အောက်မှာကြီးပြင်းလာတာပဲ ငါပေးတာယူဆို
တဲ့ပုံစံ
အဲ့လိုမဟုတ်ဘူး အဲ့လိုခြယ်လှယ်မှုအောက်က လှောင်
ပိတ်ထားတာမျိုးမဟုတ်ဘူး

" သူဌေး ကျွန်တော်  ....  "

" အော် ဒီမှာပဲ "

လက်ထဲက ဖုန်းကိုဆွဲယူသွားပြီး အမှိုက်ပုံးထဲကို
ထည့်လိုက်သည်

" စိတ်ပူမနေပါနဲ့ ဒီဖုန်းထဲမှာရှိနေမယ့် မင်းရဲ့ ကိုယ်
ရေးကိုယ်တာတွေ ငါလုံးဝမကြည့်ပါဘူး ငါ အဲ့လောက်
တော့ လူကြီးလူကောင်းဆန်ပါတယ် "

ဂျောင်ကုရဲ့ ပုခုံးကို ကလေးတစ်ယောက်ကို
ပုတ်သလိုလာပုတ်ရင်း-

HERO • Kookmin || COMPLETED || Where stories live. Discover now