- 11 -

6.9K 831 83
                                    

HERO ( 11 )

Unicode

မတတ်နိုင်သည့်အဆုံး ဦးလေးယူ ကောင်းမှုနဲ့
Favour ကိုရောက်လာခဲ့သည်

" ကဲ ပြောပါဦး မင်းသိချင်တာကို "

" VIP List က ဝန်ထမ်းတစ်ယောက်အကြောင်း "

" ဟေ !! ဘယ်သူလဲ ? မင်းလိုချင်တဲ့ ဒီစာအုပ်ထဲမှာက
ကိုယ်ရေးအကျဥ်းလောက်ပဲပါတာနော် "

" အိမ်လိပ်စာလောက်တော့ပါတယ်မလား ဦးလေးယူ "

" အင်း ပါတယ် "

ဂျီမင်းက စာအုပ်ပေါ်က စာမျက်နှာတွေကို ဆက်တိုက်
လှန်လိုက်သည်

" အင်း တွေ့ပြီ "

ဦးလေးယူက ဂျီမင်းနဲ့အတူ စာအုပ်ကိုလာကြည့်ရင်း -

" ဟင် ဂျောင်ကုပဲ !! "

" ဦးလေးယူ သိလို့လား "

" အင်း !! သူ့အကြောင်းဃဃနနတော့မသိဘူး ဒီတိုင်း
ငါက သူနဲ့ တွေ့နေတာဆိုတော့ ....  "

" သိသလောက်ပြောပြပါလား "

" အဲ့ဒါက အဲ့ဒါက သူ့ကိုယ်ရေးကိုယ်တာတွေမလား
ငါပြောလို့ဘယ်ဖြစ်မလဲ "

" ရပါတယ် ဦးလေးယူ မသိပါဘူး !! ပြောပါ သိသလောက်
ကျွန်တော်က ဒီ Club သူဌေးရဲ့သားလေ ဒီ Club ကသူ
အကြောင်းသိတာဘာဖြစ်တာမို့လဲ "

ပတ်ဂျီမင်းတို့ပြောရင် ဦးလေးယူတို့ ငြင်းလို့ရတာမရှိ

" ငါသိသလောက်က သူက ဒီကိုရောက်တာတစ်နှစ်လောက်
ပဲရှိဦးမယ် သူက အရာရာပြည့်စုံတော့ ဒီ Club ရဲ့
နှင်းဆီဖြစ်နေတာ "

" နှင်းဆီ ? "

" အင်း သူ့နာမည်ပြောင်က နှင်းဆီ ဆူးရှိပြီးလှတဲ့
ပန်းလေးပေါ့ သူ့ကို မိန်းမတိုင်းက အပိုင်လိုချင်ကြတယ်
သူကလည်းလိုချင်စဖွယ်ကို သူနဲ့အတူတူဆယ်မိနစ်
လောက်နေရဖို့တောင် အဲ့အမျိုးသမီးတွေက ပိုက်ဆံ
အများကြီးပေးကြတာကွ "

HERO • Kookmin || COMPLETED || Where stories live. Discover now