- 5 -

7.4K 896 47
                                    


HERO ( 5 )

Unicode

လွမ်းရတဲ့ဝေဒနာဆိုတာ ပတ်ဂျီမင်းတို့အခုမှပဲ သေချာ
သိတော့သည် ။  လွမ်းတယ်မဆိုချင်ပေမယ့် လွမ်းသည်  ။
ဒီလူကြီးဟာ မပေးသောအနမ်းတို့ကိုအတင်းယူသွား
ပြီး အလွမ်းတို့ကိုထားခဲ့သည် ။

ဒီလိုနဲ့ တစ်လဆိုတဲ့အချိန်ကြီးပြည့်ခဲ့သည် ။

" ဟိတ် !! "

အရင်လိုသူရှိနေကျနေရာလေးမှာပဲ သူရောက်နေသည် ။

" ခင်ဗျား ရောက်လာတယ် ? "

" ဒီနေ့ကတစ်လပြည့်ပြီလေ ဂျီမင်းလေးရဲ့ "

အဟက် !!

အသံထွက်အောင် တစ်ချက်ရယ်မိသည် ။

" တကယ်ကိုတစ်လပဲ "

" ကိုယ်က ကတိတည်တယ်လေ အဲ့ကတိတွေက
မင်းအပေါ်ထားတဲ့အချစ်တွေလိုပဲ သိရဲ့လား "

ကိုယ့်နဖူးကို သူ့လက်ချောင်းသွယ်သွယ်လေးဖြင့်
တို့ထိတော့ သဘောကျမိသည် ။

ဘာမှတော့ပြန်မပြောမိပေမယ့် ဂျီမင်းသဘောကျသည်
ကိုဂျောင်ကုသိသည် ။

                                      //

ပန်းခြံထဲကဒန်းလေးနှစ်စီး အသာအယာလွှဲခတ်နေသည် ။
ဂျီမင်းနဲ့ဂျောင်ကုတို့ရဲ့ခြေစုံတို့ဟာလဲ ဒန်းလွှဲမှုစည်းချက်
နဲ့အတူ ရွေ့လျားလျက် ။

" ဒီမှာ !! "

ဂျီမင်းက မဝံ့မရဲဖြင့် ဂျောင်ကု ကိုလှမ်းကြည့်သည် ။

" ခင်ဗျား ခင်ဗျားကိုမေးစရာရှိလို့ "

" မေးလေ ဘေဘီရဲ့ "

" တစ်လကြာတယ်ဆိုတာလေ ခင်ဗျားဘယ်သွားတာ
လဲဟင် "

ဂျောင်ကုမျက်နှာသိသိသာသာ ပျက်သွားသည်ကို
ဂျီမင်းသိသည် ။

" မမေးဘူးလို့နေမလို့ပါပဲ ဒါပေမဲ့...  "

" ရပါတယ် မေးလို့ မင်းမှာ ကိုယ်နဲ့ပတ်သက်တာဘာ
မဆို အခွင့်အရေးရှိပါတယ် "

" ဒါဆို...  "

" ဒါပေမဲ့ အခုတော့မပြောပြသေးဘူး "

" ဟွန့် "

နှုတ်ခမ်းလေးအနည်းငယ်ထော်ထွက်သွားသည်မှာ
ဂျောင်ကု၏ အားနည်းချက်ပင် ။

HERO • Kookmin || COMPLETED || Where stories live. Discover now