HERO ( 28 )
Unicode
" ဘာဖြစ်ဒယ် !!!!!!!!!!!!!!! "
ရင်ခေါင်းသံကြီးနဲ့ မင်ဆော့ အော်ထည့်လိုက်တာများ
ဂျီမင်း Laptop နဲ့ခပ်ဝေးဝေးနောက်ကို ရောက်သွားသည် ။" မင်ဆော့ရယ် ! အဲ့ဘက်နိုင်ငံကနေ ကိုရီးယားကို
မင်း ပါးစပ်ကြီး လွင့်လာပါဦးမယ်ကွာ "" နေစမ်းပါဦး ။ အဲ့တော့ မင်းတို့ပြန်တွဲနေကြတာလား
ဘယ်လောက်ကြာပြီလဲ "" တစ်ပတ် "
" တစ်ပတ် !!!!!!!!!! "
" ဟာ !! မင်ဆော့ရာ ငါတကယ်လွင့်ထွက်သွား
တော့မှာပဲကွာ "" တစ်ပတ်တောင်ကြာပြီပေါ့ ပြန်တွဲနေတာ "
အေးအေးဆေးဆေးဖြစ်နေသော ဂျီမင်းပုံကို မင်ဆော့က
အံ့သြနေမိသည် ။
ဂျီမင်းက ဘာမှမသိသလို မျက်နှာပေးလေးနဲ့ မျက်လုံး
ပုတ်ခတ်ပုတ်ခတ်လုပ်ကာ -" ပြန်တွဲတယ်မပြောပါနဲ့ ။ အစကတည်းက ငါတို့က
မပြီးသေးတာကို "" အမယ် ငါဒီက ပိတ်ပေါက်လို့ရရင်ပိတ်ပေါက်တယ် ။
ပုတ်ခတ်ပုတ်ခတ်လုပ်ပြမနေနဲ့ ။ တစ်သက်လုံး မတွေ့
ကြတော့မယ့် လူတွေလို ငါ့ရှေ့မှာ ကြေကွဲနေပြီးတော့ ။
ငါ့မှာတော့ သနားလိုက်ရတာ ။ "" ဟာ ! မင်းကလည်း ဒီလိုဖြစ်မယ်လို့မသိဘူးလေ ။
သူလဲ ခံစားခဲ့ရတာပဲကို "" ငါစဉ်းစားနေတာ ။ သူဘာလို့ အဲ့လိုခံစားနေရတာကို
များ မင်းလဲနာကျင် သူလဲနာကျင်ရမယ့်ကိစ္စမျိုး လုပ်
တာလဲ "" အစကတော့ ငါလည်း အဲ့လိုပြောလိုက်မိသေးတယ် ။
ဒါပေမဲ့ သူမှန်တယ် မင်ဆော့ ။ ငါသာဆိုရင်ရော ....
မင်းဆိုရင်ရော .... ကိုယ့်ကိုတစ်သက်လုံး ဒုက္ခပေးလာ
တဲ့သူ ကိုယ့်အမေထိပါမကျန် ဒုက္ခပေးတဲ့သူရဲ့ သားကို
ဘယ်လိုစိတ်နဲ့ ဆက်ပတ်သက်မလဲ "
YOU ARE READING
HERO • Kookmin || COMPLETED ||