- 12 -

6.8K 842 49
                                    

HERO ( 12 )

Unicode

" ကျွန်တော်တို့ ဒီညတွေ့လို့မရဘူးလား "

" ဆောရီးပါ ကိုယ့်ကလေးရယ် အလုပ်က ...  "

" အဲ့အလုပ်ကြီးထွက်လိုက်ပါလားဗျာ "

" ဟူး !! ဂျီမင်းလေး သေချာနားထောင်နော် အဲ့ဒီမှာ
အလုပ်လုပ်နေတယ်ဆိုတာလေ ဂျီမင်းလေးမျက်နှာလဲ
ရှိတာမို့ "

" ဟင် ဘာဆိုင်လို့ "

" အင်း ဂျီမင်းလေးမသိသေးတဲ့အကြောင်းတွေရှိသေး
တာကို ခင်ဗျားလေးရဲ့ အဖေက ကိုယ့်ကို ဘူဆန်ကနေ
ဆိုးလ်ရောက်အောင်ခေါ်လာတဲ့တစ်ဦးတည်းသောသူပဲ "

" ဒါဆို ခင်ဗျားက ဆိုးလ်ကမဟုတ်ဘူးပေါ့ "

" မဟုတ်ဘူး ကိုယ်က အဖေရော အမေရော မတော်
တဆနဲ့ဆုံးသွားကတည်းက တစ်ယောက်တည်း ဘာလုပ်
ရမယ်မသိဘဲ ဖြစ်နေခဲ့တာ မင်းလေးရဲ့ အဖေက ကိုယ့်
ကိုခေါ်လာပေးပြီး ပြုစုစောင့်ရှောက်ပေးခဲ့တာ အဲ့တုန်း
က ကိုယ့်ရဲ့ဒီပိစိလေးက အလယ်တန်းကျောင်းတက်နေ
တာလေ "

" ဒါဆို ကျွန်တော်တို့က ငယ်ငယ်ကတည်းက သိကြ
တာပေါ့ "

" မင်းက ကိုယ့်ကိုမသိပါဘူး ကိုယ်ကပဲသိတာ အဲ့
အချိန်ကတည်းက ဒီပိစိလေးကိုမြင်ရင် ဘယ်လိုအသည်း
ယားမှန်းမသိတာ "

" စောစောစီးစီးကတည်းက သူများကိုနှာဘူးထနေတာပေါ့ "

" ဟဟ မဟုတ်ရပါဘူးကွာ !! အဲ့လိုကနေ ကိုယ်အဲ့
Club မှာ မင်းအဖေကျေးဇူးနဲ့ အလုပ်ရတယ် အဲ့ကနေ
ကိုယ်အဲ့မှာ အလုပ်လုပ်ဖြစ်နေတာပဲ "

HERO • Kookmin || COMPLETED || Where stories live. Discover now