HERO ( 2 )
Zawgyi
" သားရေ မအိပ်သေးဘူးလား "
" ဟုတ် သား ဒီနေ့စာနည်းနည်းကျက်မလို့ "
" အေးအေး အရမ်းနောက်မကျစေနဲ့နော် "
" ဟုတ် "
စာကျက်ဖို့ကို အာရုံစိုက်လိုက်ပေမယ့် ဘာကြောင့်
များ ဟိုလူ့ဆီ အာရုံရောက်သွားပါလိမ့် ။အဆင်မှပြေရဲ့လား ။
ငါ့ကိုစိတ်ညစ်အောင် လုပ်နေတာပဲ ။
အစထဲက သူမပေါ်လာခဲ့ဘူးဆိုရင် ငါဒီလိုစိတ်ရှုပ်
ရမှာမဟုတ်ဘူး ။
အစထဲက သူငါ့ကိုမနမ်းခဲ့ဘူးဆိုရင် ။မနက်ဖြန် ကျောင်းဆင်းရင် သူရှိဦးမှာလား ။
ငါက ပေါ်မလာနဲ့တော့လို့ ပြောထားတာ ။
သူလာမှာ မဟုတ်လောက်ဘူး ။//
" ဂျီမင်း ဒီနေ့ ငါတို့မုန့်သွားစားကြမယ်လေ "
" ဒီနေ့တော့ မဟုတ်သေးဘူး နောက်မှပေါ့ "
" ဘာလို့လဲ မင်းတစ်ခုခုဖြစ်နေတာလား "
" မဟုတ်ပါဘူး နည်းနည်းစိတ်ညစ်နေလို့ပါ "
" ဘာကိစ္စလဲမသိပေမယ့် အဆင်ပြေမှာပါကွာ
အေးဆေးပေါ့ "" အေးပါကွာ ကျေးဇူးပါ ဒါဆိုငါသွားတော့မယ် "
" အေးနောက်နေ့တွေ့မယ် "
စိတ်ထဲမှာ ဘယ်လိုခံစားချက်လဲဆိုတာ ဖော်မပြ
တတ်ဘူး ။ သူများ အရင်နေရာလေးမှာရှိမနေခဲ့ရင် ?ခြေလှမ်းတွေက အရင်နေ့ကထက်နှေးနေဆဲ ။
အဲ့နေရာလေးရောက်တော့ ခြေလှမ်းတို့က သူ့
အလိုလိုရပ်သွားခဲ့သည် ။မသိစိတ်က သူရှိများရှိနေမလားဆိုတဲ့စိတ်တွေ ။
သူမရှိဘူးပဲ ။ သူရောက်မလာခဲ့ဘူး ။
ဒီနေရာမှာ ရပ်နေတာကိုတောင် သူရောက်မလာခဲ့ဘူး ။ကိုယ် လွန်သွားပြီလား ။ အမှန်ဆို အဲ့လောက်
ထိဖြစ်သွားဖို့မရည်ရွယ်ပါဘူး ။အမှန်တော့ သူ့ကိုပေါ်မလာစေချင်တာ ငါလေ ။
ခုငါက ဘာလို့ သူ့ကိုမျှော်နေရတာလဲ ။
ငါကပျော်ရမှာလေ ။
YOU ARE READING
HERO • Kookmin || COMPLETED ||