HERO ( 34 )
Unicode
နှလုံးခုန်သံတွေက ပုံမှန်တိုင်းမြည်နေပေမယ့်
လက်ချောင်းတွေက မသိမသာ လှုပ်ရှားလာသည် ။တစ်ကိုယ်လုံး မလှုပ်မယှက်နဲ့ ကုတင်ပေါ်မှာ လှဲလျောင်း
နေတဲ့ ကောင်လေးရဲ့ မျက်တောင် စဥ်းစဥ်းလေးတွေက
ယိမ်းယိုင် နေသယောင် ။လက်ညိုးနဲ့လက်ခလယ် လက်ချောင်းလေးတွေက
အပေါ်အောက် လှုပ်ရှားနေသည် ။
အခန်းထဲမှာ သူကလွဲ၍ မည်သူမျှမရှိ ။နှုတ်ခမ်းဖျားတွေက တစ်ခုခုပြောဖို့ကြိုးစားနေပေမယ့်
မျက်လုံးဖွင့်ဖို့တောင် မနည်းအားယူနေရဟန် ။ကောင်လေးက တစ်ခုခုပြောဖို့ကို ရုန်းကန်နေရသည် ။
တစ်ပြိုင်နက် အာရုံတို့ အလုပ်လုပ်ချိန်မှာ မျက်လုံး
အစုံတို့ ပွင့်လာပြီး နှုတ်မှ ရုန်းကန်နေရတဲ့စကားလုံး
လေးထွက်လာခဲ့သည် ။" ဂျီမင်း ... "
//
*ဒုန်း*
တရားရုံးထဲ ကျယ်လောင်စွာပေါ်ထွက်လာသော
အသံက မကြာခင်အမိန့်ချမှတ်မည်ဆိုတာရဲ့ ရှေ့ပြေး ။ဂျီမင်းတစ်ယောက် လက်နှစ်ဖက်ကို ကျစ်ကျစ်ပါအောင်
ဆုပ်ထားရင်း အမေ့မျက်နှာကို တစ်ချက်ကြည့်လိုက်သည် ။မျက်ရည်မကျအောင် တင်းခံပြီးထိန်းထားတဲ့ အမေ့ပုံစံက
ဂျီမင်း ရဲ့ ခေါင်းထဲကို " ငါအမှားလုပ်မိတာလား " ဆိုတဲ့
အတွေးတွေကို ဆက်တိုက်ဝင်နေစေသည် ။အမေ့လက်ကို ဆွဲကိုင်လိုက်တော့ " အမေ အဆင်ပြေပါ
တယ် " တဲ့ ။အမိန့်ချသံကိုစောင့်နေရင်း ကြားလိုက်ရတာက " ဆယ်နှစ် "
ဆိုတာ ... ။
YOU ARE READING
HERO • Kookmin || COMPLETED ||