HERO ( 23 )
Unicode
ခြေဖျားလက်ဖျားတွေအေးရင်း တစ်ယောက်တည်း
ကယောင်ကတမ်းနဲ့ ။
ကိုယ့်လက်ကို အတင်းဆုပ်ကိုင်ထားပြီး နှုတ်ခမ်းကို
လည်း အသေဖိကိုက်ထားမိသည် ။ခဏကြာတော့ မောင် က အခန်းထဲကထွက်လာသည် ။
" မောင် ဘာတဲ့လဲ ? အမေက ဘာတဲ့လဲ ? "
ဂျောင်ကုက အသံမြည်အောင် တစ်ချက်ရီသည် ။
ပြီးတော့ မီးဖိုချောင်ထဲဝင်သွားသည် ။
ဂျီမင်းက ပိုပြီးသိချင်စိတ်ပြင်းပြလာသည် ။" ဘာလဲ ပြောပါဆိုနေ "
မီးဖိုချောင်ထဲထိ လိုက်သွားတဲ့ ဂျီမင်းကို ဂျောင်ကုက
ဆက်တိုက်ရယ်နေရင်း -" မောင် ရေဆာလို့ ရေတောင်မသောက်ရတော့
ဘူးလား "" ဘာလဲကွာ ? လူကို ပိုသိချင်အောင် "
ဂျောင်ကုက ရေကိုတမင်တကာ တစ်ငုံချင်းသောက်
ပြနေသည် ။" မောင် !!! တကယ် နောက်တာမရပ်ဘူးလား ?
မောင်က အဲ့လိုမျိုး မောင့်အမေဆီက အကျင့်ပါလာ
တာကိုး "" ဟင် ဘာကိုလဲ "
" လူကိုသိချင်အောင်လုပ်တာလေ ။ အမေက ခုဏက
မောင်က တွဲနေကြတယ်လို့ပြောလိုက်တဲ့ချိန်မှာ ကျွန်တော့်
ကိုကျတော့ အပြင်ထွက်တဲ့ ။ မောင်နဲ့ကျ သက်သက်
စကားပြောမယ်တဲ့ ။ ပိုသိချင်အောင်မဟုတ်ဘူးလား "" ဟဟဟ !! ကဲပါ လာ ။ မောင်ပြောပြမယ် "
ဂျီမင်းရဲ့ ပုခုံးတို့ကို ဆွဲကိုင်ရင်း ဂျောင်ကုက မီးဖိုချောင်က
ထမင်းစားပွဲခုံလေးမှာ ထိုင်ခိုင်းလိုက်သည် ။
![](https://img.wattpad.com/cover/192379268-288-k785774.jpg)
YOU ARE READING
HERO • Kookmin || COMPLETED ||