HERO ( 13 )
Unicode
ဂျီမင်းက အရင်ကလို အိမ်ကပ်နေတဲ့ကောင်လေး
မဟုတ်တော့ ။
အမေကလည်း အလိုလိုက်ထားလို့ အဖေ့စကားကလည်း
လျစ်လျူရှုနေတဲ့သူမို့ အပြင်ကိုထွက်ချိန်တဲ့အချိန်ထွက်သည် ။အခုလည်း လွယ်အိတ် တစ်လုံး ကောက်ဆွဲရင်း စော
စောစီးစီး အပြင်သွားဖို့ကြံနေပြန်သည် ။" ခဏလောက် ထွက်ခဲ့လို့ရလား "
ဂျောင်ကုကို ဖုန်းဆက်ရင်းချိန်းရသည် ။
နှစ်ယောက်ကလည်း တွေ့ရတဲ့အချိန်က နည်းကြသည်မို့ ။" အခုတော့ ရပါတယ် ဘယ်ကိုလာရမလဲ "
" မလာနဲ့ ကျွန်တော်ပဲလာခဲ့မယ် "
ပြောပြီးပြီးချင်း ဖုန်းကိုအမြန်ချလိုက်လို့ ဂျောင်ကု
တစ်ယောက်တော့ ပွစိပွစိလုပ်နေတော့မည် ။
မဟုတ်လည်း သူကချည်း ဒိုင်ခံလာတွေ့နေသည်ကို ။မီးခံသေတ္တာထဲက ပိုက်ဆံအုပ်နှစ်အုပ်ကိုယူပြီး
ကျောပိုးအိတ်ထဲထည့်လိုက်သည် ။" သား !? "
ဂျီမင်း လန့်သွားသည် ။
" လန့်သွားတာပဲဗျာ ။ ရုတ်တရက် အသံမပေးဘာမပေးနဲ့ "
" သားကဘာတွေမဟုတ်တာလုပ်လို့ လန့်နေရတာလဲ "
" လူကို လာအစ်မနေပါနဲ့ ။ ကျွန်တော်မုန့်ဖိုးလိုလို့ယူတာ ။
အဖေပဲ ခွင့်တောင်းမနေနဲ့ဆို "" အဲ့ဒါက အရင်က ။ အခု ခွင့်တောင်းရမယ် "
" ဘယ်လို ? အခု ကျွန်တော့်ကိုလာနောက်နေတာလား "
" မင်းကို အခုစည်းစနစ်နဲ့ပြန်ထားရတော့မယ် ။ ငွေသုံး
တာလဲ အရင်နဲ့မတူဘူး များလာတယ် ။ ဘယ်လိုပဲများများ
သုံးရပါစေပေါ့ စည်းလေးကမ်းလေးတော့ရှိမှပေါ့ "
YOU ARE READING
HERO • Kookmin || COMPLETED ||