- 24 -

4.5K 572 18
                                    

HERO ( 24 )

Unicode

နံရံထောင့်ကိုသာ ခပ်ကြာကြာစိုက်ကြည့်နေရင်း
စိတ်ထဲမှာ လေဟာနယ်ဖြစ်သွားသည်

ဘာခံစားချက်မှမရှိတော့ သလို ဒီတိုင်းအလွတ်ကြီး

" မောင် ဒီတိုင်းနဲ့ တကယ် ရပ်လိုက်ရမလား "

                                     //

*ဒေါက် ဒေါက်*

" အမေ ဝင်လာမယ်နော် "

တုံ့ပြန်သံမကြားပေမယ့်လည်း တံခါးကိုဖွင့်ကာ
ဝင်သွားလိုက်သည်

" သား !? "

ဒီတိုင်း ငူငူကြီးနဲ့ ပြတင်းပေါက်တစ်နေရာကိုသာငေး
နေသော ဂျီမင်းကို အမေက တွေ့လိုက်ရသည်

" သား အဆင်ပြေရဲ့လား "

" အဆင်ပြေတယ်လို့ထင်တာပဲ "

" ကဲပါ အမေက သားထမင်းစားဖို့ယူလာခဲ့ပေးတယ်
လာစားလိုက်ဦး "

" မစားချင်လို့ပါ "

" သား မနေ့ကလည်း မစားဘူး !! ဒီလိုနဲ့ သားကျန်းမာ
ရေးထိခိုက်လိမ့်မယ် "

" အမေ ...  "

အားကိုးတကြီးနဲ့ခေါ်သော လေသံကြောင့် အမေက
စိုးရိမ်စွာ ထူးလိုက်သည်

" ဘာလို့လဲ ? အမေဘာလုပ်ပေးရမလဲ ? "

" လွှတ်ချလိုက်ရတော့မလား "

" ဘာကို ...  ပြော တာလဲ သား "

" ဒီတိုင်း ...  ပင်ပန်းလာရင် လွှတ်ချလိုက်ရင်
ရတယ်မလား "

အမေက သက်ပြင်းတစ်ချက်ချလိုက်ရင်း ဂျီမင်းကို
တင်းတင်းကျပ်ကျက်ဖက်ထားလိုက်သည်

HERO • Kookmin || COMPLETED || Where stories live. Discover now