- 30 -

5.1K 668 34
                                    

HERO ( 30 )

Unicode

တစ်နေရာကို စိုက်ကြည့်နေရင်း စိတ်ရှုပ်ဟန်ပေါ်နေ
သော ဂျီမင်းကို ဂျောင်ကု က လှမ်းခေါ်လိုက်သည်

" ဟေ့ ! ဘာတွေတွေးနေတာတုန်း "

စိတ်ထဲမှာ မတင်မကျဖြစ်နေတဲ့ ညက ကိစ္စကို ပြောပြရင်
ကောင်းလား မကောင်းဘူးလား မသိပေမယ့် ပြောလည်း
ဘာမှထူးမှာမဟုတ်လို့ မပြောဖို့ဘဲဆုံးဖြတ်လိုက်သည်

" ဘာမှမဟုတ်ပါဘူး ဒီတိုင်း ဟိုဟိုဒီဒီ "

" အဲ့ဒါဆို ...  မြန်မြန်သောက် ပြီးရင် သွားရအောင် "

" အင်းအင်း "

နှစ်ယောက်သားက ကော်ဖီ Date လုပ်တာက
များသည်
လူမြင်မှာတွေကြောင့် အပြင်ကိုအများကြီး မသွားဖြစ်
တာလည်းပါသည်

" ဂျီမင်း ကျောပေါ်တက် "

" ဟမ် ? "

" တက်လေ "

" ရုတ်တရက်ကြီး ဘာဖြစ်တာလဲ "

" တက်မှာသာ တက်စမ်းပါ "

" မောင် ! ရှက်စရာကြီး ! "

" တက်ဆို !! "

ဂျီမင်းက ဟိုကြည့်ဒီကြည့်နဲ့ လုပ်နေတော့ ဂျောင်ကုက
ကိုယ်ကိုနိမ့်လိုက်ပြီး " မြန်မြန် " လို့ထပ်ပြောလိုက်သည်

ဂျီမင်းက  ဟန်ပြင်တုန်းပဲရှိသေးသည်
ဂျောင်ကုက မတ်တပ်ရပ်လိုက်တာကြောင့် စွေ့ခနဲ
ကျောပေါ်ကို ရောက်သွားသည်

" အာရီဂူး မောင့် ကလေးလေးက သေးသေးလေး
ထင်တာ အများကြီးစားထားတာပဲ "

" အာ မောင်ကလည်း "

" မောင် ကုန်းပိုးနိုင်ပါတယ်နော် အထင်မသေးနဲ့ "

HERO • Kookmin || COMPLETED || Where stories live. Discover now