- 10 -

6.8K 856 35
                                    

HERO ( 10 )

Unicode

အချိန်တစ်ခုထိ လွန်ခဲ့ပါပြီ
မှတ်ဥာဏ်တွေက တစ်ပိုင်းတစ်စဆီ .... 

အင်း ခဏလေးပဲဆိုပေမယ့် ရင်ထဲထိ ရောက်ခဲ့တဲ့သူ
တစ်ယောက်ရှိခဲ့ဖူးပါတယ်

ဂျွန်ဂျောင်ကု ခင်ဗျားကိုလွမ်းတယ်

                                      //

နောက်ဆုံးတော့ အရင်က အငွေ့အသက်တွေကို
ပြန်ရစေမယ့် ဒီမြေကိုပြန်နင်းခဲ့ပြီပေါ့
ခင်ဗျားနဲ့ တွေ့ဖို့ ပြန်လာတာမဟုတ်ပေမယ့် ခင်ဗျားရှိ
နေမယ့် ဒီမြေကိုလာရတာ ကျွန်တော်ပျော်နေတယ်

" ကြည့်စမ်း ပတ်ဂျီမင်းတို့များ ဟိုရေသောက်ဟိုမြေမှာ
ခဏလေးကြီးတာတောင် စောက်ရမ်းမိုက်နေပြီ "

" ဟေ့ကောင် မင်ဆော့ အပိုတွေမပြောနဲ့ မင်းမှာတဲ့
ပစ္စည်းတွေပါတယ် လာဖားမနေနဲ့ "

" ဖားစရာလားကွ မင်းကလည်း စိတ်ကြီးပဲ "

" ကဲကဲ သားပင်ပန်းလာရောပေါ့ အိမ်မြန်မြန်ပြန်ကြမယ်
မင်ဆော့ရေ မင်းသူငယ်ချင်းအထုပ်တွေနည်းနည်းကူသယ်
ပါကွယ် "

" ဟုတ်ဟုတ် အန်တီ "

ခင်ဗျားဒီနေရာမှာရှိနေရင် ကျွန်တော်ပိုပျော်နေရမလား
ဂျွန်ဂျောင်ကုရှိ

                                      //

" ငါ့သားကြီး !! အဖေ့သားက ကလေးမဟုတ်တော့ဘူးပဲ
ကြည့်ပါဦး ထွားလာတာ ဟဟ "

" မဟုတ်ပါဘူး ဒီတိုင်းပါပဲ "

မျက်နှာတည်တည်နဲ့ပဲ ပြောလိုက်သော ဂျီမင်းကြောင့်
ထမင်းဝိုင်းမှာ အကုန်မျက်နှာပျက်သွားကြသည်

HERO • Kookmin || COMPLETED || Where stories live. Discover now