နှစ်၅၀ခန့်ကြာပြီးတဲ့အခါ သုံးလောကဟာ တိတ်ဆိတ်သွားသည်။ ဖရိုဖရဲဖြစ်နေတာမျိုးတွေမရှိတော့။ မိစ္ဆာတွေက ယခင်အတိုင်း ချုံခိုကာတိုက်ခိုက်မြဲဖြစ်သလို၊ လူသားတွေကိုလည်း နှောင့်ယှက်မြဲပေ။ နတ်တွေကတော့ တသီးခြားနေကာ အရေးကြုံမှသာ လူသားတွေကိုကယ်ဆယ်ခြင်းမျိုးလုပ်ကြသည်။ နှစ်၅၀အတွင်း ပျက်စီးဆုံးရှုံးမှုအများဆုံးက ကောင်းကင်နန်းတော်ဖြစ်သလို၊ အကျိုးအမြန်အများဆုံးရသွားတာကလည်း ကောင်းကင်နန်းတော်မှပင်။
စစ်ဝူရှဲ့နှင့်စေ့စပ်လိုက်သည့်နတ်ဝိဇ္ဇာလေးက ယင်နတ်ဘုရားလောင်းလျာမှန်း သိသွားကြတဲ့အခါ နတ်တွေက ကောင်းကင်နန်းတော်အား သိသိသာသာပင် မျက်နှာလာလုပ်ကြသည်။ တန်စိုးလက်ဆောင်တွေမှာလည်း ကောင်းကင်နန်းတော်မှာ ပြည့်လျှံနေပေပြီ။
စစ်ဝူရှဲ့ကတော့ ကောင်းကင်ဂူတွင် တစ်ဦးတည်းနေကာ ကျင့်ကြံနေ၏။ သူ့အတွက်မှာ နတ်ဘုရားအဆင့်ရောက်ဖို့က အမှန်ပင် အရေးကြီးနေပေပြီ။ ကျူးယင်၏ပြစ်ဒဏ်ကာလမပြီးဆုံးမီ နတ်ဘုရားအဖြစ်သို့ကူးပြောင်းနိုင်မှ သူစိတ်အေးရပေမည်။ ကျူးယင် ပြစ်ဒဏ်ကာလပြီးလျှင် အနားမှာ သူကအတူရှိနေမှ စိတ်ချရမည်။ ယင်နတ်ဘုရားလောင်းလျာဆိုသည့်သတင်းက သုံးလောကကိုအတော်ပင် ဆူပွက်စေခဲ့သည်ပဲ။ ယခုငြိမ်သက်နေကြသည်က ကျူးယင်၏ပြစ်ဒဏ်ကာလမို့လည်းဖြစ်နိုင်သည်။ နတ်တွေက ယင်နတ်ဘုရားကိုခစားကြမည်ပဲဆိုဆို လက်ရှိမှာ ကျူးယင်က ယင်နတ်ဘုရားမှ မဖြစ်သေးပေဘဲ မည်သို့ ခစားချင်ကြပါမည်နည်း။ ခစားမည်ဆိုဦးတော့ ကျူးယင်၏ပုံသွင်းလွယ်သောအခြေအနေကို အခွင့်ကောင်းယူကာ မကြံသင့်သည်ကိုကြံစည်လာကြနိုင်သည်။ ထို့အတွက် စစ်ဝူရှဲ့မှာ ကျူးယင်ကိုသွားမတွေ့နိုင်တော့ဘဲ နတ်စွမ်းအားကိုသာတိုးတက်အောင်၊ နတ်ဘုရားအဆင့်ကိုချိုးဖျက်ဝင်ရောက်နိုင်အောင် ကြိုးစားနေရသည်။
သီနတ်ဘုရား၏သတင်းကတော့ အမှန်ပင် ပျောက်ရှုနေ၏။ လွန်ခဲ့သည့် နှစ်၅၀ကတည်းက သီနတ်ဘုရားမှာ အခြားသူများရှေ့တွင် ပေါ်ထွက်လာခြင်းမရှိကြတော့ပေ။ မီးနန်းတော်မှ အားကောင်းသည့်အရှိန်အ၀ါတွေက အနီးအနားဝန်းကျင်မှ နတ်တွေကို မနေရဲအောင်ဖြစ်ရကာ ထိုနေရာမှ ပြောင်းပြေးကြသူတွေ အတော်များလာနေသည်။ အစေခံတွေ၏ပြောပြချက်အရ သီနတ်ဘုရားဟာ လွန်ခဲ့သည့်နှစ်၅၀လောက်က အတော်ပင် ဒေါသကြီးနေခဲ့သည်တဲ့။ သို့သော် ၁၀နှစ်ခန့်ကြာချိန်တွင် တည်ငြိမ်သွားကာ တံခါးပိတ်ကာနေပြီး ထွက်မလာတော့ဟု ဆိုသည်။ ယခုတော့ မီးနန်းတော်ကိုပြင်ပလူမ၀င်နိုင်အောင် စည်းချထားသည်မှလွဲ အရာရာက ပုံမှန်အတိုင်းပင်။
YOU ARE READING
Becoming Empress but She isn't a Girl (Volume 2)
Historical FictionOC Own Creation. Own story, own plot and own cover