အပိုင္း ၁၆

3.7K 505 55
                                    


Unicode

" ဖုန်းမင် သီ နတ်ဘုရားက.."

ဖုန်းမင်က သူ့ကို ဂရုမစိုက်တော့ဘဲ ခပ်ဖြေးဖြေးထသည်။ မျက်နှာက အေးစက်ခက်ထန်နေတာမို့ ကျူးယင် စိတ် မသက်မသာဖြစ်လာသည်။

ဖုန်းမင်က သီ့ကို ဘာလုပ်ချင်နေတာလဲ။

မသိလိုက်မသိဘာသာနဲ့ တည်ငြိမ်သွားပြီဖြစ်တဲ့ စွမ်းအင်တွေကို စုစည်းလိုက်မိသည်။ သူ့ဝိဉာဉ်သိစိတ်က သူ့ကိုယ်တွင်းက ထိုစွမ်းအင်တွေကို ထိတွေ့လိုက်သည့်အခါ ထိုစွမ်းအင်တွေအကြောင်းကို သိသိသာသာပင် နားလည်သွားရသည်။

သူ့ရှေ့က ဒေါသထွက်နေတဲ့ ဖုန်းမင်ကိုကြည့်ကာ သူ ဘာလုပ်ရမယ်မှန်းမသိသလို ဖြစ်လာရသည်။ ဒီထိုးထွင်းသိမြင်မှုက ကြုံရခဲသည်မို့ အခုပင် ချက်ချင်းတရားထိုင်ကာ နားလည်သဘောပေါက်အောင် လုပ်သင့်တာဖြစ်သည်။ သို့ပေသိ ဖုန်းမင်က သူမသိခင် သီ့ကိုသာ တစ်ခုခု သွားလုပ်ခဲ့သည်ရှိသော်...

သီဆိုတာဟာ သုံးလောကရဲ့ အစွမ်းထက်ဆုံးနတ်တစ်ပါးလို့ ဘယ်သူမှ ငြင်းမရအောင် ထင်ရှားနေပေမယ့် သူဘာကို စိုးရိမ်နေမိမှန်းလည်း မသိတော့ပေ။ ဒါကို မသိစိတ်ရဲ့ သိမြင်ခြင်းလို့ ခေါ်ဆိုသင့်လား။

သူ အစိုးရိမ်လွန်သွားတာဖြစ်လောက်သည်ပေ .... မှိန်ဖျော့နေတဲ့ ဖုန်းမင်ဝိဉာဉ်က အားနည်းလွန်းရကား ပြန်လည် လဲကျသွားလေသည်။

" မင်း အနားယူသင့်တာ ။ မင်းကို ကူညီနိုင်အောင် ငါကြိုးစားပေးမယ် သီကို မထိခိုက်ရင်ပေါ့"

" ဘာ မဖြစ်နိုင်ဘူး။ သူက ငါနဲ့လီချန်းကို သေကွဲခွဲခဲ့တာ ။ ငါ့မှာ လီချန်းမရှိတော့ဘူးလေ ကျူးယင် ငါ့မှာ လီချန်းမရှိတော့ဘူးကွ။ မင်း ငါ့ကို ဘယ်လိုကူညီနိုင်မှာမို့လို့လဲ မင်းက အခုထိ ဘာမှသေချာနားမလည်သေးတဲ့ နတ်လေးပဲဆိုတာ မေ့သွားတာလား"

ကျူးယင်လည်း ခေါင်းသာ ရမ်းဖြစ်သည်။

မတတ်နိုင် သူမှ မတတ်နိုင်ဘဲ။ ထိုအတွေးက ကြာကြာမခံလိုက် သူ့ရဲ့ထိုးထွင်းသိမြင်မှုက ချက်ချင်း နားလည်သဘောမှုသို့ ကူးသွားသည်။

Becoming Empress but She isn't a Girl (Volume 2) Where stories live. Discover now