ခမည်းတော်ရဲ့ အမိန့်နဲ့ ကျူးမျိုးနွယ် ရေနန်းတော်က စားသောက်ပွဲကို တက်ရောက်ဖို့သွားရတယ်။ လမ်းမှာ ထူးခြားတဲ့တည်ရှိမှုတစ်ခုကို အာရုံခံမိလို့ တောင်စိမ်းတောင်ကို ၀င်ဖြစ်ခဲ့တယ်။ ဦးရီးတော်နဲ့ တူတူသွားဖို့ပေါ့။ ဒါပေမယ့် အခုတလောမှာ ဦးရီးတော်လို့ တွေးမိတိုင်း ငါ့ရင်ထဲ ဒေါသတွေ လျှံထွက်လာတာက ဘာကြောင့်ရယ်မှန်း ငါမသိဘူး။ ဦးရီးတော်ကို သေချာမေးပြီး စကားပြောကြည့်ဖို့ ငါတွေးထားတယ်။
ငါ့ကိုမမွေးခင်ကတည်းက ငါ့အတွက်ကြင်ဖက်ကို ကောင်းကင်က သတ်မှတ်ပြီးသားဖြစ်တယ်။ ဒါပေမယ့် ငါ့အသက်ကျောက်တိုင်မှာ စာသားတစ်ကြောင်း ပျောက်သွားတယ်။ ဒါကို ပိုင်ရှင်ဖြစ်တဲ့ငါကသာ သတိထားမိခဲ့လို့ ခမည်းတော်မသိခင် ဖုံးကွယ်ထားရတယ်။
အရင်က ငါ့အသက်ကျောက်တိုင်မှာ သုံးလောကရဲ့အလှဆုံးသောယင်နတ်ဘုရားနဲ့ အကြောင်းပါမယ်ဆိုပြိး အောက်ဆုံးမှာပါရှိခဲ့တယ်။ ဒါပေမယ့် အခုတော့ ဒီစာကြောင်းက ပျောက်နေခဲ့ပြီဖြစ်တယ်။
ဆိုလိုတာက သူ့အတွက် ကောင်းကင်ကသတ်မှတ်ပေးထားတဲ့ ကြင်ယာတော်မရှိတော့ဘူး။ သူ့ကံကြမ္မာကို သူကိုယ်တိုင်ဖန်တီးနိုင်ခွင့်ရှိသွားပြီ။ သူချစ်တဲ့သူကို လတ်ဆတ်နိုင်သွားပြီ။ ဒါပေမယ့် သူဘာလို့ ပျော်မနေရတာလဲ။ သူအရင်က ဘာမှမသိခင်ကတည်းက ဒီကောင်းကင်က သတ်မှတ်ပေးတဲ့ကြင်ယာတော်ကို စိတ်ပျက်နေခဲ့တာလေ... ဒါပေမယ့် အခုတော့ တွေးမိတိုင်း သူ့ရင်တွေ အောင့်တက်လာ၇တယ်။ သူ တစ်ခုခုကိုများ လွဲချောခဲ့မိလား၊ သူ အမှား တစ်ခုခုများ လုပ်မိခဲ့လား။
ဦးရီးတော်နဲ့ တွေ့တော့ သူအရင်ဆုံး သတိထားမိတာက လှပလွန်းတဲ့ နတ်ဝိဇ္ဇာတစ်ပါးကိုပဲ။ ငါ သူ့ကို မကြည့်ခဲ့သင့်တာ။ သူ့ကိုကြည့်မိတာနဲ့ ငါအလိုလို အပြစ်မကင်းသလို ခံစားနေရတယ်။ သူ့ကိုသာ မကြည့်မိခဲ့ရင် ငါသူ့ကို စွဲလန်းသွားမှာ မဟုတ်ဘူး။
ယင်နတ်စွမ်းအားတွေပြည့်ဝနေတဲ့ ဒီနတ်ဝိဇ္ဇာလေးက ငါ့ကြင်ယာတော်လား။ အသက်ကျောက်တိုင်မှာကျ ဘာလို့စာပျောက်သွားရတာလဲ။ ဆိုလိုတာက ဒီယင်နတ်ငယ်က ငါ့ကြင်ယာတော်မဖြစ်နိုင်တော့ဘူးပေါ့။
YOU ARE READING
Becoming Empress but She isn't a Girl (Volume 2)
Historical FictionOC Own Creation. Own story, own plot and own cover